cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲခူးတိုင်းဒေသကြီး အတွက် ၁၀ ရက်စာ မိုးလေဝသခန့်မှန်းချက်နှင့် ရွှေခရုအန္တရာယ်အကြံပြုချက်

. Weather News
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့
  • ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှ ဇူလိုင်လ (၄) ရက် နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

    မိုးညိုမြို့နယ်မှာ ဇွန်လ (၂၅) ရက်နေ့မှာ မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။ ဇွန်လ ၂၆၊ ၂၉ ရက်နေ့များတွင် မိုးရွာရန် ၉၁_၉၂ ရာခိုင်နှုန်းရှိပြီး ကျန်သောရက်များမှာ ၄၀ မှ ၈၈ ရာခိုင်နှုန်း ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၂.၆°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၃°C ရှိနိုင်ပါသည်။

    လက်ပံတန်းမြို့နယ်မှာဇွန်လ (၂၅) ရက်နေ့မှာ မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။ ဇွန်လ ၂၆၊၂၇၊၂၈၊၂၉ ရက်များတွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်း အထက် မှာရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၃၈-၈၃ အထိ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၇ °C မှ အမြင့်ဆုံးအပူချိန် ၃၂.၃°C ထိရှိနိုင်ပါတယ်။

    သာယာဝတီမြို့နယ်မှာ ဇွန်လ (၂၅) ရက်နေ့မှာ မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပါသည်။ ဇွန်လ ၂၆၊၂၇၊၂၈၊၂၉ ရက်များတွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်း အထက် မှာရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၃၉-၈၂ အထိ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၇°C မှ အမြင့်ဆုံးအပူချိန် ၃၂.၃°C ထိရှိနိုင်ပါတယ်။

    စပါးစိုက်တောင်သူများသို့ အကြံပြုချက်

    ရာသီဥတုပြောင်းလဲလာခြင်းကြောင့် မိုးစပါးသီးနှံစိုက်ခင်းများ၌ စပါးဖျက်ရွှေခရုများ အချိန် မရွေးကျရောက်လာနိုင်ပါသည်။ မိုးစပါးသီးနှံစိုက်ပျိုးမှုတွင် အရေးကြီးသော ရွှေခရုကြိုတင် ကာကွယ်နိုင်ရန် သတိအမြဲ ရှိနေရန်လိုအပ်ပါသည်။ ခရုလေးတွေက ရေသွင်း ရေထုတ်မြောင်းကနေ တဆင့် ကိုယ့်အခင်းထဲကို ဝင်ရောက်လာတာပါ။မိုးကြီးလေကြီးတဲ့ အချိန် စိုက်ခင်းရေမြှုပ်တဲ့ အချိန် အခင်းထဲ ဝင်ရောက်နိုင်ပါတယ်။ အခင်းထဲကို ရေ ရောက်လာတာနဲ့ ခရုလေးတွေ ခိုအောင်းတဲ့နေရာက ထွက်လာပါတယ်။ တိုက်ရိုက်စိုက်တဲ့ စပါးပဲ ဖြစ်ဖြစ် ရွှေ့စိုက်တာပဲဖြစ်ဖြစ် စပါးပင်သက်တမ်း ၃၀ ရက်သားအထိ အပင်က ခံနိုင်ရည်မရှိပါဘူး။ ခရုကိုနိုင်နင်းရန်အတွက် မြေစပြင်ကတည်းက မြေအောင်းဆေးထည့်တာတွေ ပြုလုပ်ပေးရပါမယ်။ ရေသွင်းရေထုတ်မြောင်းတွေမှာလဲ စကာတပ်ပေးတာပဲဖြစ်ဖြစ်လုပ်ထားသင့်ပါတယ်။

    ရွှေခရုကာကွယ်နှိမ်နင်းနည်း အသေးစိတ်ကြည့်ရှုရန် https://htwettoe.com/post/49478

    မိုးများတဲ့ အချိန်မှာ မှိုသတ်ဆေး၊ အားဆေးတွေ ဖျန်းမယ်ဆိုရင်တော့ မိုးအခြေအနေကြည့်ပြီးဖျန်းပေးသင့်ပါတယ်။ မဖြစ်မနေဖျန်းဖို့လိုအပ်ပါက တွယ်ကပ်ပြန့်နှံ့ဆေး ကိုထည့်ပြီး အသုံးပြုပေးဖို့လိုအပ်ပါတယ်။

    ပေါင်း နှိမ်းနင်းခြင်းများကိုလဲ စနစ်တကျပြုလုပ်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ပေါက်ရောက်သော ပေါင်းပင်အမျိုးအစားနှင့် ကိုက်ညီသည့် ပေါင်းသတ်ဆေးကို စနစ်တကျ ရွေးချယ်သုံးစွဲရန်လိုအပ်ပါသည်။ ပေါင်းသတ်ဆေးများကို သတ်မှတ်ထားသော တစ်ဧက ဆေးနှုန်းထား၊ ဆေးတစ်ပုံးနှုန်းထားများကိုသာ အသုံးပြုပေးသင့်သည်။ ပေါင်းသတ်ဆေးဗူးပေါ်တွင် ဖော်ပြထားသော အညွှန်းစာသားများကို သေချာ ဖတ်ရှု့လေ့လာပြီးအသုံးပြုရန်မှာ အထူးအရေးပါသည်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပါသဖြင့် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု တိုက်တွန်း လိုပါတယ် ခင်ဗျာ။

    - ကန်ဘောင်ထိပ်မှ အောက်ဘက် ၆ လက်မ အကွာတွင် ရေထုတ်မြောင်းထားရှိရန်

    - ရေချဉ်ဖန်နှုန်းတိုင်းပေးရန်၊

    - ရေချဉ်ဖန်နှုန်း ကျနေပါက ထုံးထည့်ပေးရန်၊

    - မျိုးငါးများ ကန်အတွင်း မထည့်မီ ကန်ရေဖြင့် ခဏထားရှိပြီးမှသာ ကန်အတွင်းသို့ ထည့်ရန်

    - မျိုးငါးအိတ်များသယ်ယူရာတွင် အောက်ဆီဂျင်အလုံအလောက်ရရှိရေးဆောင်ရွက်ရန်

    ----

    စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။

    Weather Source: CIAT


  • article
likes
13
comments
2
views
3536