cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

“နှမ်း”တွင် ကျရောက်တတ်သောရောဂါများနှင့် ကာကွယ်နှိမ်နည်းနည်းများ (၂)

. Diseases
ပုံများနှင့်တကွ အသေးစိတ်ဖော်ပြေပေးလိုက်ပါသည်။
  • article
  • (၄) ဖားဥမှိုရောဂါ (Powdery mildew) 

    ရောဂါဖြစ်စေသောသက်ရှိ - Erysiphe cichoracearum 

    ရောဂါလက္ခဏာ 

    အရွက်ပေါ်တွင်အဖြူရောင်အကွက်များစတင်ဖြစ်ပေါ်သည်။ 

    နောက်ပိုင်းတွင်အရွက်မျက်နှာ ပြင်တစ်ခုလုံးပေါ်၌ ပေါင်ဒါမှုန့်များ ပက်ဖြူးထားသကဲ့သို့ဖြူဖွေးနေသည်။ ရောဂါပြင်းထန်ပါက အရွက်တစ်ခုလုံးခြောက်၍ တွန့်သွားသည်။ အရွက်၊ ပင်စည်၊ ပန်းပွင့်နှင့် အသီးများအားလုံးပေါ်တွင် ကျရောက်သည်။  

    ကျရောက်တတ်သောအချိန် 

    ခြောက်သွေ့စိုစွတ်သောရာသီဥတုတွင် ညအပူချိန်နိမ့်သော အခြေအနေတွင် ရောဂါကျရောက်နိုင်ပါသည်။ 

    အသုံးပြုနိုင်သောမှိုသတ်ဆေးများ 

    ရောဂါစတင်တွေ့ရှိပါက Sulfur (ဆာလ်ဖါ)၊ Hexaconazole (ဟက်ဇာကိုနာဇိုး)၊ Methyl (ကရီဆိုဇင်မ်-မီသိုင်း)၊ Chlorothalonil. (ကလိုရိုသာလိုနေးလ်)၊ Tebuconazole (တက်ဗျူကိုနာဇိုး)၊ Difenoconazole (ဒီဖီနိုကိုနာဇိုး)၊ Myclobutanil(မိုက်ကလိုဗျူသာနေးလ်) စသောမှိုသတ်ဆေး များဖြင့် ထိရောက်စွာ ကာကွယ် နှိမ်နင်း နိုင်ပါ သည်။ 


  • article
  • (၅) နှမ်းဖိုရောဂါ (Sesamum Phyllody) 

    ရောဂါဖြစ်စေသောသက်ရှိ - Phloem-Limiting Phytoplasmas 

    ရောဂါလက္ခဏာ 

    အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာထွက်ခြင်း၊အပွင့်အင်္ဂါအစိတ်အပိုင်းများအစိမ်းရောင်ဖြစ်ခြင်းတို့ဖြစ်ပေါ်သည်။ 

    ကျရောက်တတ်သောအချိန် 

    နှမ်းပင်ငယ်စဉ်တွင် ရောဂါကူးစက်ပျံ့နှံ့စေသောဖြုတ်ပိုး (Leafhopper) ကြောင့် ရောဂါကူးစက်စေ သဖြင့် အပင်ငယ်စဉ်တွင် ပင်လုံးပြန့်ပိုး သတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းပါ။ 

    Source: PPD 


likes10comments2
views3267