cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကန်တွေမှာ စိုက်ပျိုးသင့်တဲ့ မြက်မျိုးများအကြောင်း

. Fish Articles
ဒီတစ်ပတ်မှာတော့ ငါးကန်တွေမှာ စိုက်ပျိုးသင့်တဲ့ မြက်မျိုးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်-
  • ၁။ Cattails (Typha spp.) (ကပ်တေးလ်) 

    ၂။ Manna grasses (Glyceria spp.)  (မန်န) 

    ၃။ Horsetail (Equisetum hyemale) (ဟော့တေးလ်) 

    ၄။ Papyrus (Cyperus spp.)  (ပါးပရပ်) 

    ၅။ Sweet flag (Acorus spp.)  (ဆွိဖလက်) 

    ၆။ Carex sedges (Carex spp.)  (ကဲဆက်) 

    ၇။ Woodoats (Chasmanthium spp.) (ဝုအုတ်) 

    ၈။ Common rush (Juncus effusus) (ကွန်မွန်းရပ်) 

    သွင်ပြင်လက္ခဏာများ 

    ၁။ Cattails (ကပ်တေးလ်) 

    သဘာဝမှာ တွေ့ရများတဲ့ မြက်မျိုးဖြစ်ပါတယ်။ အရွက်ကပြားပြီး အစေ့ သို့မဟုတ် ပန်ခိုင်ထွက်နေတာဟာ သူ့ရဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာဖြစ်ပါတယ်။ ဒီမြက်နဲ့ ပတ်သက်ပြီး သတိထားရမှာကတော့ ကန်ထဲမှာ သူ့ရဲ့ပေါက်ပွားနှုန်းကို ထိန်းချုပ်ရန်အတွက် ထွက်လာတဲ့ အစေ့ခိုင်ကို ကြွေမကျခင် ဖယ်ထုတ်ပေးဖို့လိုပါတယ်။ 

    ၂။ Manna (မန်န) 

    နှစ်ရှည်စိုက်ပျိုးနိုင်တဲ့ အပင်ဖြစ်ပါတယ်။ အချို့မျိုးတွေက အမြင့် ၄ ပေလောက်ထိရှိကြပါတယ်။ အလျှင်အမြန် ကြီးထွား ပြန့်ပွားလွယ်တဲ့မျိုးဖြစ်တဲ့အတွက် ကန်ငယ်လေးတွေထက် ကန်ကြီးတွေမှာ ပိုပြီမွေးမြူသင့်ပါတယ်။ 

    ၃။ Horsetail (ဟော့တေးလ်) 

    ဒီမြက်ဟာ မြင်းရဲ့အမြီး သို့မဟုတ် မြွေနဲ့ဆင်ပါတယ်။ ပြီးတော့ ဝါးပင်နဲ့လည်း တူပါတယ်။ ဒီမြက်ရဲ့ အမြစ်နဲ့ ထူးခြားပင်စည်ဟာ ရေလွှမ်းတဲ့ဒဏ်ကိုခံနိုင်ပြီး ရေသေမှာလည်း ရှင်သန်နိုင်ပါတယ်။  

    ၄။ Papyrus (ပါးပရပ်) 

    အပင်အမြင့် ၅ ပေမှ ၈ ပေအထိ ရှိပါတယ်။ အညွန့် သုံးခွထွက်လေ့ရှိပြီး ထိပ်မှာ ငှက်မွေးပုံ ပန်းပွင့်ခိုင်လေးတွေ ရှိတက်ပါတယ်။ ရုတ်တရက်ကြည့်ရင် ရေမွှာ ရေပန်းပုံပေါက်နေတက်ပါတယ်။  

    ၅။ Sweet flag (ဆွိဖလက်) 

    ဒီမြက်ရဲ့ ထူးခြားချက်က အရွက်ဒဏ်ရာကနေ အနံ့မွေးထုတ်လွှတ်တက်ပါတယ်။ အပင်နိမ့်အမျိုးအစားဖြစ်ပြီး မြေဖုံးပင်အနေနဲ့ စိုက်ရင်အဆင်ပြေပါတယ်။ 

    ၆။ Carex sedges (ကဲဆက်) 

    နှစ်ရှည်ပင်ဖြစ်ပါတယ်။ တစ်ချို့ဆို အလှစိုက်ရော၊ ဆေးဘက်ဝင်အပင်အနေနဲ့ပါ စိုက်ပျိုးကြပါတယ်။  

    ၇။ Woodoats (ဝုအုတ်) 

    ဒီမြက်ရဲ့ ထူးခြားချက်ကတော့ သူရဲ့ ပြားနေတဲ့ အစေ့နှံကြောင့်ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် အုတ်ဂျုံနဲ့ ဆင်ပါတယ်။  

    ၈။ Common rush (ကွန်မွန်းရပ်) 

    ပြန့်ပွားလွယ်တဲ့ မျိုးဖြစ်တဲ့အတွက် အကန့်အသတ်နဲ့သာစိုက်သင့်ပါတယ်။ ဒီမြက်ဟာ အင်းဆက်တွေကို သူတို့ရဲ့ အသိုက်လုပ်ဖို့ ဆွဲဆောင်နိုင်ပါတယ်။  

    Source: https://pondinformer.com/grasses-to-plant-around-ponds/မှ ထုတ်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ 

    ပြည့်ဖြိုးအောင် 


  • article
likes13comments0
views3157