cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကန်တွေမှာ ရေကိုသန့်ပေးတဲ့ဆေး (Water Treatments) တွေကို စနစ်တကျသုံးစွဲနည်း

. Fish Articles
ငါးကန်ရဲ့ ရေချဉ်ဖန်နှုန်း ထိန်းညှိနိုင်ရန်၊ ရေသန့်နေစေရန်နဲ့ ခရမ်းလွန်ရောင် ကန်ထဲကို ရောက်ရှိမှု သက်သာ စေဖို့အတွက် Pond Tint သို့မဟုတ် Caree Met ကဲ့သို့သော ရေသန့်ဆေးရည်ကို သုံးပေးဖို့ တိုက်တွန်းလိုက် ပါတယ်။
  • ငါးကန်တွေမှာ ရေကိုသန့်ပေးပြီး အမြဲတမ်းစိမ်းနေအောင် လုပ်ပေးနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ ဒီဆေးတွေကို သုံးရာမှာ ငါးတွေကို အန္တရာယ်ရှိမရှိဆိုတာ တွေးစရာဖြစ်လာပါတယ်။ တကယ်တော့ ဒါတွေဟာ ဆေးရဲ့ ဗူးခွံမှာ ပါလေ့ရှိတဲ့ အညွှန်းအတိုင်း သတ်မှတ်နှုန်းတားအတိုင်း ထည့်ပေးရင် အဆင်ပြေပါတယ်။ တစ်ဆက်တည်းမှာဘဲ မိမိရဲ့ ငါးကန်ထဲမှာရှိတဲ့ ခန့်မှန်းရေပမာဏကို သိဖို့လိုပါတယ်။ ဒါမှသာ သုံးရမယ့်နှုန်းထားကို သိရမှာပါ။  

    နောက်တစ်ခုက သတ်မှတ်နှုန်းတားထက်ပိုထည့်ပေးတာဟာ မိမိတို့ငါးကန်ကို အလျင်အမြန် ရက်တိုအတွင်း ပိုစိမ်းလာမယ်ဆိုတဲ့ အယူအဆဟာ မှားပါတယ်။ တစ်ချို့ ရေသန့်ဆေးတွေဟာ ဆေးဖြန်းပုံးနဲ့ ဖြန်းပေးရပါတယ်။ နေရောင် ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မခံနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ရေသန့်ဆေးမှာပါတဲ့ အကျိုးပြု ဘတ်တီးရီးယား လေးတွေကို ထိခိုက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။  

    ဒါကြောင့် ငါးကန်ရဲ့ ရေချဉ်ဖန်နှုန်း ထိန်းညှိနိုင်ရန်၊ ရေသန့်နေစေရန်နဲ့ ခရမ်းလွန်ရောင် ကန်ထဲကို ရောက်ရှိမှု သက်သာ စေဖို့အတွက် Pond Tint သို့မဟုတ် Caree Met ကဲ့သို့သော ရေသန့်ဆေးရည်ကို သုံးပေးဖို့ တိုက်တွန်းလိုက် ပါတယ်။ ဒီဆေးတွေကို သုံးတဲ့အချိန်မှာ ကန်ထဲမှာ ရေညှိတွေရှိနေတယ်ဆိုရင်တော့ မသုံးခင် ရှင်းထားဖို့လိုပါတယ်။ ပြီးတော့ ကလိုရင်း သန့်တဲ့ ဆေး (chlorine remover)တွေကိုလည်း သုံးပေးဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ် ခင်ဗျာ။ 

     ထွက်တိုး

    Source: https://thepondboss.net/blogs/pond-care/how-to-safely-use-water-treatments-in-a-fish-pond#:~:text=Pond%20tint%20helps%20to%20block%20UV%20rays%20from,way%20that%20will%20not%20disrupt%20your%20fish’s%20routine. 


  • article
likes10comments0
views3826