cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)

. Weather News
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်
  • ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့မှ (၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ အစောပိုင်းရက်တွေမှာ မိုးဆက်လက် ရွာသွန်းနိုင်ပြီး ပျှမ်းမျှ အမြင့်ဆုံးအပူချိန် ၃၁.၆ ဒီဂရီစင်တီဂရိတ်ရှိရာမှ ယခုတစ်ပတ်အတွင်း အပူချိန် လျော့ကျ နိုင်ပါတယ်ခင်ဗျာ။

    တွံတေးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့မှ (၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် မိုးရွာရန် ၇၅ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း ဆက်လက်မိုးရွာသွန်းနိုင်ပြီး အပူချိန်လည်း ကျဆင်းမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    သန်လျင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့မှ (၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် မိုးရွာရန် ၇၂ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုးဆက်လက်ရွာသွန်းနိုင်ပြီး အပူချိန်လည်း ကျဆင်းမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ကျောက်တန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့မှ (၈) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်များတွင် မိုးရွာရန် ၄၀ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအထိရှိနေတဲ့ အတွက် ယခုတစ်ပတ်အတွင်း အစောပိုင်းရက်များတွင် မိုးရွာသွန်းပြီး နောက်ပိုင်းရက်များတွင် မိုးအုံ့နိုင်ပါတယ်။ ယခုတစ်ပတ်အတွင်း အပူချိန် လျော့ကျနိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    မိုးကာလဖြစ်ခြင်း၊ မိုးဆက်လက်ရွာသွန်းခြင်းတို့ကြောင့် ပေါင်းပင်များ ပေါက်ပွားလာနိုင်တာကြောင့် ပေါင်းသတ်ဆေးဖြန်းပေးဖို့လိုပါတယ်။ ယခုကာလဟာ ပေါင်းသတ်ဆေးဖြန်းရတဲ့ ကာလဖြစ်တာကြောင့် စပါး စိုက်ခင်းတွေမှာ ပေါင်းမြက် ဘယ်လိုရှင်းမလဲဆိုတဲ့အကြောင်း ရေးသားလိုက်ရပါတယ်။

    စပါးခင်း ပေါင်းဘယ်လိုရှင်းမလဲ

    စိုက်ပျိုးပြီး ၁၅ -၂၅ ရက်သားအတွင်းပေါင်းနှိမ်နင်းပါ။

    မြေသြဇာမကျွေးခင် ပေါင်းသင်ပေးပါ။

    ပေါင်းအမျိုးအစားကို မှန်ကန်အောင် ခွဲခြားပြီး မြန်မာစာ အညွှန်းပါတဲ့ တရားဝင် ပေါင်းသတ်ဆေးကို သုံးပါ။

    ဥပမာ - စပါးစိုက်ခင်းရှိ မြက်မျိုးနွယ်ဝင်၊ မြက်မုန်ညှင်း မျိုးနွယ်ဝင်နှင့် ရွက်ပြန့်ပေါင်းများ အတွက် Fenoxaprop-p-ethyl 13%(ဖီနောက်ဇာပရော့ပီအီသိုင်း)+ Quinclorac 50%(ကွင်ကလိုရတ်) + Pyrazosulfuron ethyl 7%(ပိုင်ရာဇိုဆာဖျူရွန်အီသိုင်း) ရေ ၄ဂါလံတစ်ပုံးတွင် ၄၀ ဂရမ်ထည့်သွင်းပြီး တစ်ဧက လျှင် ၂၀၀ ဂရမ် အသုံးပြုပါ။

    -(သို့မဟုတ်) ကွင်ကလောရပ် + ဘန်ဆာဖျူရမ် မီသိုင်း Quinchlorac + Bensulfuron methyl 40% WP ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် စားပွဲတင်ဇွန်း ၆ဇွန်းနှုန်း လယ်တစ်ဧကလျှင် ဆေးဖျန်းပုံး ၅ပုံးနှုန်းဖျန်းပါ။

    မြက်မျိုးရင်းဝင်ပေါင်းများအတွက် ဆိုင်ဟေလိုဖော့ ဗျူတိုင်း Cyhalofop-butyl 10% EC ကို ရေ၄ဂါလန်ဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် စားပွဲတင်ဇွန်း ၇ ဇွန်းနှုန်း လယ်တစ်ဧကလျှင် ဆေးဖျန်းပုံး ၅ပုံးနှုန်းဖျန်းပါ။ ဆေးမဖြန်းခင် စပါးခင်းကို ရေထုတ်ပေးရပါ။ ပေါင်းသတ်ဆေး မဖြန်းခင်နဲ့ ဖြန်းပြီး ရက်အနည်းငယ်အကြာမှာ ပုလဲဓာတ်မြေသြဇာ မသုံးသင့်ပါဘူး။

    ရွက်ဝိုင်းပေါင်းများအတွက် စပါး ၂၀-၂၇ ရက်သားဝန်းကျင်မှာ တူးဖိုးဒီ သုံးပေးပါ။ တစ်ဧကကို ၃၀၀-၅၀၀စီစီနှုန်းသုံးပါ။

    Source:ထွက်တိုး

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    -မိုးရွာသွန်းမည်ဖြစ်ပါသဖြင့် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု တိုက်တွန်း လိုပါတယ် ခင်ဗျာ။

    - မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပါ၍ မိမိတို့၏ ကန်များ ရေမလျှံအောင်ဆောင်ရွက်ရန်၊

    - ကန်ဘောင်ထိပ်မှ အောက်ဘက် ၆ လက်မ အကွာတွင် ရေထုတ်မြောင်းထားရှိရန်၊

    - ပြင်ပမှ ရေစီးနှင့်အတူ ငါးရိုင်းများ မဝင်ရောက်နိုင်ရေး ဆောင်ရွက်ထားရှိရန်၊

    - ရေထုတ်မြောင်းများကို စနစ်တကျဆောင်ရွက်ထားရန်၊

    - ကန်ရေစစ်များတပ်ဆင်ထားရန် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

    Weather Source: CIAT

    ----

    စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
likes
5
comments
1
views
3083