cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အလိုအလျောက် ငါးအစာကျွေးစက် အသုံးပြုခြင်းနှင့် အစာတောင့်ကျွေးခြင်းရဲ့ ကောင်းကျိုးများ

. Fish Articles
အလိုအလျောက်ငါးစာကျွေးစက်တွေဟာ နေရောင်ခြည်စွမ်းအင်နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ အချိန် ခလုတ်ပါတာကြောင့် ဘယ်နေမှာမဆိုအဆင်ပြေပါတယ်။
  • ငါးကန်တွေမှာ အသင့်ထုတ်လုပ်ပြီး အစာတောင့်တွေကို ပုံမှန်ကျွေးရာမှာ ကောင်းကျိုးများစွာရှိပါတယ်။ အားလုံး သိကြတဲ့အတိုင်းပါဘဲ ကန်အများစုမှာ သဘာဝအစားအစာတစ်ခုထဲနဲ့ မလုံလောက်ပါဘူး။ ငါးစာကို ကန်ထဲမှာရှိတဲ့ ငါး အားလုံးစားတာ မဟုတ်ပေမယ့် အဲ့လိုဖြည့်စွက်စာကို ထည့်ပေးမယ်ဆိုရင်တော့ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။

    ၁။ လိုအပ်သလို ချိန်ညှိအသုံးပြုနိုင်ခြင်း

    အလိုအလျောက်ငါးစာကျွေးစက်တွေဟာ နေရောင်ခြည်စွမ်းအင်နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ အချိန် ခလုတ်ပါတာကြောင့် ဘယ်နေမှာမဆိုအဆင်ပြေပါတယ်။ ကုန်းပေါ်၊ လှေ၊ သင်္ဘောပေါ် စတဲ့ နေရာတွေမှာလဲ တပ်ဆင် အသုံးပြုနိုင်ပါတယ်။

    ၂။ ငါးဖမ်းရန်လွယ်ကူခြင်း

    အလိုအလျောက်အစာကျွေးတဲ့စက်ကို တပ်ထားခြင်းဖြင့် အစားကျွေးရမယ့်ရက်ကို ခန့်မှန်းနိုင်ခြင်း၊ ကျွေးမယ့် အချိန်ကို သတ်မှတ်ပေးနိုင်ခြင်း စတဲ့ကောင်းကျိုးတွေရှိပါတယ်။ တစ်ချိန်တည်းမှာဘဲ အစာကျွေးချိန် ကန်အတွင်း ငါးများရဲ့ အစာစားနေခြင်းကို အချိန်တိုင်းကြည့်လို့ရပါတယ်။

    ၃။ ငါးမျိုးစိတ်အများစု စားသုံးနိုင်ခြင်း

    ငါးအစာတောင့်ဟာ ငါးမျိုးစိတ်အတော်များများစားသုံးကြတာကို တွေ့ရပါတယ်။ သူ့ထဲမှာ အပင်အစိတ်အပိုင်းနဲ့ ပရိုတင်းပါတာကြောင့် ငါးမျိုးစိတ်အတော်များများ စားသုံးနိုင်ကြပါတယ်။

    ၄။ တွက်ချေကိုက်ခြင်း

    အရည်အသွေးပြည့် ငါးစာတောင့် နှစ်ပေါင်ကျွေးခြင်းဖြင့် ငါးတစ်ပေါင် ကြီးထွားနှုန်းကို ရစေပါတယ်။ တစ်ဆက် တည်းမှာဘဲ ကန်အတွင်း ဂေဟာစနစ်ကို အထောက်အကူပြုတာကြောင့် ကောင်းကျိုးများစွာရရှိပါတယ်။ ငါးမြန်မြန် ကြီးထွားလို့ အချိန်တိုအတွင်း ကန်ဖော်လို့ရတာမို့ စီးပွားရေးအရတွက်ချက်ကိုက်ပါတယ်။

    ၅။ အစာကွင်းဆက်ကို အထောက်အကူပြုခြင်း

    ကန်အများစုမှာ အပင်မျှောလေးတွေမရှိခဲ့ရင် ငါးသေးလေးတွေအတွက် အစာမလုံမလောက်ဖြစ်တာတွေ ကြုံရ တတ်ပါတယ်။ အဲ့အခါမှာ ငါးကြီးတွေက ငါးလေးတွေကို စားသုံးတဲ့အတွက် အစာကွင်းဆက်ကို ထိခိုက်စေပါတယ်။ ဒါတွေ မဖြစ်အောင် ငါးစာတောင့်ကျွေးခြင်းဖြင့် ဂေဟစနစ်ကိုကောင်းစေပါတယ်။

    ထွက်တိုး

    Source: https://optimalfishfood.com/five-benefits-of-feeding.../

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes7comments0
views4525