cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဆီထွက်သီးနှံ (မြေပဲ) တွင်အဓိကျရောက်သောဖျက်ပိုးများနှင့်ကာကွယ်နှိမ်နင်းနည်းများ

. Pests Management
အသေးစိတ် လေ့လာရန် နှိပ်ပါ။
  • article
  • ၁။ မြေပဲရွက်လိပ်ရွက်ကပ်ပိုး (Groundnut leaf miner and binder) 

    (၁) ပဲမျိုးရင်းဝင်မဟုတ်သောအပင်များဖြင့် သီးလှည့်စိုက်ပျိုးပါ။ 

    (၂)စိုက်ချိန်စောစိုက်ပါ။ 

    (၃)ပဲလွန်းအားထောင်ချောက်သီးနှံအဖြစ်တွဲဖက်စိုက်ပျိုးပါ။ (၄)မီးထောင်ချောက်၊ဖီရိုမုန်းထောင်ချောက်၊အဝါရောင်ပိုးဖမ်းထောင်ချောက် များ အသုံးပြုပါ။ 

    (၅) ပေါင်းပင်များ၊ ပင်ကြွင်းပင်ကျန်များအားမီးရှို့ဖျက်ဆီးပါ။ (၆) ပင်လုံးပြန့်အာနိသင်ရှိသောပိုးသတ်ဆေး တစ်မျိုးမျိုးကို ဆေးညွှန်း အတိုင်း နှံ့နှံ့ စပ် စပ် အလှည့်ကျပက်ဖျန်းပါ။ 

    • ဒိုင်မီသိုအိတ် (Dimethoate) 
    • အက်စီတာမီပရစ် (Acetamiprid) အဆီဖိတ် (Acephate) 
    • သိုင်ရာမီသိုဇမ် (Thiamethoxam) 

  • article
  • ၂။ ဖိုးလမင်းကျိုင်း (White grub) 

    (၁) စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နှင်းခြင်း 

    • * နှံစားပြောင်း၊ ပြောင်း၊ ကြက်သွန်နီ စတဲ့ ထောင်ချောက်ပင်များကို စိုက်ပျိုးခြင်းဖြင့် ဖိုးလမင်းကျိုင်း ကျရောက်မှုကို လျှော့ကျစေနိုင်ပါတယ်။ 
    • * မြေပြင်ချိန်တွင် တမာကြိတ်ဖက်ထည့်သွင်းနိုင်ပါတယ်။

    (၂) ဇီဝနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း 

    • ကပ်ပါး နဂျီကောင်၊ ကပ်ပါး ယင်ကောင်၊ ကပ်ပါး မှိုစတဲ့ သဘာဝ မိတ်ဆွေပိုးများနဲ့ ဖိုးလမင်းကျိုင်းများကို နှိမ်နင်းနိုင်ပါတယ်။ စိုက်ပျိုးရေးဝန်ထမ်းများကို ဆက်သွယ်ပြီး သင့်တော်သည့် ဇီဝကပ်ပါးကောင်များကို ရွေးချယ်ကာ စိုက်ခင်းအတွင်း လွှတ်ပေးခြင်းဖြင့်လည်း ဖိုးလမင်းကျိုင်းများကို နှိမ်နင်းနိုင်ပါတယ်။ 

    (၃) ဘက်စုံကာကွယ်နှိမ်နှင်းခြင်း နည်းစနစ်များ 

    • * အပင်များကို လှုပ်ခါယမ်းပြီး မြေပေါ်ကျလာတဲ့ အရွယ်ရောက် ကျိုင်းကောင်များကို ကောက်ယူဖျက်ဆီးပေးပါ။ 
    • * ညအချိန်မှာ မီးထောင်ချောက်များနဲ့ အရွယ်ရောက် ကျိုင်းကောင်များကို မျှားခေါ်ပြီး ဖယ်ရှားနှိမ်နင်းနိုင်ပါတယ်။ 
    • * စိုက်ခင်းကို ပေါင်းကင်းရှင်းအောင် ထားပါ။ 
    • * သီးလှည့်စိုက်စနစ်ကို အသုံးပြုပေးပါ။ 
    • * စိုက်ခင်းကို ထယ်ရေးနက်နက်နှင့် ထွန်းရေးညက်အောင် မြေပြုပြင်ပါ။ မိုးရာသီလယ်မြေများတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။ 
    • ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း 
    • စိုက်ပျိုးမြေပြုပြင်ချိန်ကတည်းက Thiamethoxam, Dinotefuran, Fipronil ထည့်ပြီးမြေပြုပြင်ပါ။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပေးပါ) 

  • article
  • ၃။ ငမြောင်တောင် ( Armyworm) 

    (၁)မီးထောင်ချောက်များတစ်ကွင်းတစပ်တည်းထွန်းပါ။ 

    (၂)စိုက်ခင်းတစ်ကွက်မှ တစ်ကွက်မကူးနိုင်ရန် (၁-၂)ပေအကျယ်မြောင်းတူး၍ မြောင်းအတွင်း ကျနေသော ပိုးလောက်ကောင်များ ရှာဖွေဖျက်ဆီး ပါ။ 

    (၃) အရွက်အောက်တွင်ရှိသော ဥအစုများ၊ အကောင်ငယ်များကို ဖျက်ဆီး ပစ်ပါ။ 

    (၄) ထိသေ၊ စားသေပိုးသတ်ဆေးများ အားညနေပိုင်းတွင်ပက်ဖျန်းပါ။  

    ဖလူဗန်ဒိုင်ရာမိုက် (Flubendiamide) 

    အီမာမက်တင်ဘန်ဇိုရိတ်+ လန်မ်ဒါဆိုင်ဟေလိုသရင်(EmamectinBenzoate + Lambda-cyhalothrin) 

    ဆိုက်ပါမီသရင် (Cypermethrin) 

     

    ကိုးကား- စိုက်ပျိုးနည်းပညာ၊ www.doa.gov.mm 


  • article
  • ၄။ လှေးပိုး (Thrips) 

    (၁)အပြာရောင်ပိုးဖမ်းထောင်ချောက်အားတစ်ဧကလျှင်(၃)ခုအသုံးပြုဖမ်းယူပါ။ 

    (၂) မီးခိုးမှိုင်းတိုက်ပါ။ 

    (၃)ပင်လုံးပြန့်ပိုးသတ်ဆေးများအား ဆေးညွှန်းအတိုင်းနှံ့နှံ့စပ်စပ်အလှည့်ကျပက်ဖျန်းပါ။ 

    ဒိုင်မီသိုအိတ် (Dimethoate)၊  

    အက်စီတာမီပရစ် (Acetamiprid)  

    ဒိုင်နိုတီဖျူရမ် (Dinotefuran)  

    စပီရိုတက်ထရာမက်(Spirotetramat) 

    ကလိုဖီနပြာ (Chlofenapyr) 


likes8comments2
views3618