cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက်  (ရန်ကုန်တိုင်းဒေသကြီး)   

. Weather News
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ မိုးရွာရန် ၄၁ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်း ရှိတဲ့အတွက် ယခုတစ်ပတ်အတွင်း တိမ်ထူခြင်း၊ မိုးအုံ့ခြင်းတွေ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။ ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂.၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၆ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ မိုးရွာရန် ၄၁ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်း ရှိတဲ့အတွက် ယခုတစ်ပတ်အတွင်း တိမ်ထူခြင်း၊ မိုးအုံ့ခြင်းတွေ ဆက်လက်ဖြစ်ပေါ်နိုင်ပါတယ်။ ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၂.၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၆ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ 

    တွံတေးမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် မိုးရွာရန် ၇ဝ ရာခိုင်နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိသာရှိနေတဲ့အတွက် ယခုအပတ်အတွင်း မိုးအုံ့တဲ့ အနေအထားဘဲ ရှိနိုင်ပါတယ်။  

    အမြင့်ဆုံး ပျှမ်းမျှအပူချိန်အနေနဲ့ ၃၂.၈ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အနိမ့်ဆုံး ပျှမ်းမျှအပူချိန်မှာ ၂၄.၇ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။ 

    သန်လျင်မြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် မိုးရွာရန် ၆၅ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ ရှိနေပြီး ယခုအပတ် အတွင်း တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဆက်လက်ဖြစ်နေမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံးပျှမ်းမျှအပူချိန်အနေနဲ့ ၃၂.၄ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အနိမ့်ဆုံး ပျှမ်းမျှအပူချိန်မှာ ၂၄.၆ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။ 

    ကျောက်တန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်များတွင် မိုးရွာရန် ၄၁ ရာခိုင်နှုန်းမှ ၉၂ ရာခိုင်နှုန်းအထိရှိနေတဲ့ အတွက် ယခုအပတ်အတွင်း တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံးပျှမ်းမျှအပူချိန်အနေနဲ့ ၃၁.၇ ဒီဂရီစင်တီဂရိတ်အထိရှိပြီး အနိမ့်ဆုံး ပျှမ်းမျှအပူချိန်မှာ ၂၄.၇ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။ 

    စိုက်ပျိုးရေးအကြံပြုချက်    

    မိုးရာသီဖြစ်ခြင်း၊ မိုးများသော ဒေသဖြစ်ခြင်းတို့ကြောင့် စပါးခင်းများ ရေဝပ်နိုင်သဖြင့် ရေထုတ်မြောင်းများ စနစ်တကျဖော်ဆောင်ထားရန် တိုက်တွန်းလိုက်ပါတယ်။ အကယ်၍ စပါးခင်းများ အချိန်ကာလ ကြာမြင့်စွာ ရေဝပ်ပြီး ရေမထုတ်နိုင်ပါက စပါးနီတိုရောဂါ ကျရောက်နိုင်ပါတယ်။ ဒါကြောင့် စပါးနီတို(သို့) သံဆိပ်သင့် ပြဿနာ ကြိုတင်ကာကွယ်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ 

    နီတိုလက္ခဏာ 

    • အချဉ်ဓါတ်လွန်ကဲသောမြေ၊ ရေဝပ်မြေ၊ ရေအမြဲလှောင်ထားသောမြေများမှာ အဖြစ်များ။ 
    • စပါးရွက်ကြေးနီရောင်ပြောင်း။ 
    • ရောဂါဆိုးပါက စပါးရွက်က ခရမ်းရင့်ရောင်ပြောင်း၊ အပင်ပု၊ ပင်ပွားနည်း၊ အမြစ်ပွားမှုနည်း၊ အမြစ်များ ညိုမဲပုပ်၍ အပင်သေ။ 

    ကာကွယ်ခြင်း 

    • ပုလဲမြေဩဇာတစ်မျိုးတည်းကျွေးခြင်းရှောင်ပါ 
    • ပိုတက်နဲ့ဂျစ်ပ်ဆမ် မြေဩဇာများကျွေးပါ 
    • ရေသွင်းရေထုတ်လုပ်ပေးပါ 
    • ဖော့စ်ပရပ် ၊ မဂ္ဂနီစီယမ်မြေဩဇာများ လုံလောက်စွာကျွေးပါ 

    Source:Htwet Toe  

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်    

    ယခုအပတ်အတွင်း တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် ငါး/ပုဇွန် တောင်သူ ဦးကြီးများအနေဖြင့် အစာလျော့ကျွေးဖို့ အထူးတိုက်တွန်းလိုပါတယ်။ ပျော်ဝင်အောက်ဆီဂျင်လျော့နည်း နိုင်တဲ့အတွက် ရေဒလတ်တပ်ဆင်ခြင်း ကဲ့သို့သော အောက်ဆီဂျင်ရရှိနိုင်မည့် နည်းလမ်းများကိုလည်း ဆောင်ရွက် ပေးဖို့ တိုက်တွန်းလိုပါတယ်။ မိုးကာလဖြစ်တဲ့အတွက် ရေကြီး ရေလျှံခြင်းမှ ပြင်ပရေများ ကန်အတွင်း ဝင်ရောက် လာနိုင်တဲ့အတွက် ကာကွယ်ရေးနည်းလမ်းများနဲ့ ငါးကန် ရေထုတ်ပေါက်များကို ဆောင်ရွက်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။  

    Weather Source: CIAT   

    ------------------   

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက     

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download   

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483    

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။   


  • article
likes7comments0
views4422