cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အာလူးစျေး ပြန်လည် မြင့်တက်နေ

. Market News
ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဇွန်လှိုင် ၂ရက်နေ့က ဟဲဟိုး ok ၊ ဟဲဟိုး S1 အာလူး တစ်ပိဿာလျှင် ၂၆၀၀ ရှိ ရာ မှ လက်ရှိတွင် ၃၅၀၀ သို့ မြင့် တက်ခဲ့ပြီး တရုတ်အားလူး တစ်ပိဿာလျှင် ၃၀၀၀ မှ ၄၀၀၀ ကျပ်ထိ မြင့်တက်ခဲ့ကြောင်းသိရသည်။
  • မိုးစိုက်အာလူးစိုက်သည့် ကာလ စျေးကွက်သို့ ကုန်အဝင်နည်းနေသည့်အတွက် အာလူးစျေး ပြန်လည် မြင့်တက်နေကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။ 

    ယခုနှစ် ၄လပိုင်း သကြင်္န် အပြီးကာလတွင် နေအပူချိန်များခဲ့သည့်အတွက် အရည်အသွေးကျဆင်းကာ ပျက်စီးမှုများရှိခဲ့ပြီး  နွေအာလူးလက်ကျန်လည်း နည်းနေကြောင်း သိရသည်။

    ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဇွန်လှိုင် ၂ရက်နေ့က ဟဲဟိုး ok ၊ ဟဲဟိုး S1 အာလူး တစ်ပိဿာလျှင် ၂၆၀၀ ရှိ ရာ မှ လက်ရှိတွင် ၃၅၀၀ သို့ မြင့် တက်ခဲ့ပြီး တရုတ်အားလူး တစ်ပိဿာလျှင် ၃၀၀၀ မှ ၄၀၀၀ ကျပ်ထိ မြင့်တက်ခဲ့ကြောင်းသိရသည်။

    “ အခုစျေးကွက်မှာက နွေအာလူးက ကုန်တော့မယ်။ ကုန်တွေနည်းနေလို့ စျေးကောင်းလာတာ ဒီနှစ်က စျေးကောင်းရတာ နောက်ကျတယ်။ လှောင်သူတွေ ၊ ကုန်သည်တွေအတွက် စျေးကောင်းရတာပေါ့ ။တောင်သူတွေ လက်ထဲတော့ သိပ်ကျန်မယ် မထင်ဘူး။ အခုက မိုးအာလူးတွေ စစိုက်ကြပြီး မိုးအာလူး ပေါ်ရင်တော့ စျေးကွက်ကို ပြုံပြီး ဝင်လာနိုင်လို့ အာလူးစျေးက ပြန်ကျနိုင်တယ် ။ ” ဟု အာလူး ကုန်သည် တစ်ဦး ကပြောသည်။ 

    လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းတွင် မျက်နီ S1 တစ်ပိဿာ လျှင် ၃၀၀၀ ကျပ် အထိ ရှိ ပြီး မျက်နီ သီး ok တစ်ပိဿာလျှင် ၂၉၀၀ ကျပ် အထိ ရှိကြောင်းလည်း သိရသည်။

    “အခုက နယ်စပ်တွေမှာ အခြေအနေ အမျိုးမျိုးကြောင့် တရုတ်အားလူတွေလဲ အဝယ်နည်းသလို တရုတ်မျိုးတွေလဲ အဝင်နည်းတယ် ။ အရင်နှစ်တွေက တရုတ်အာလူးတွေ အဝင်များလို့ တောင်သူတွေ နှစ်စဉ် အရှုံးပေါ် ခဲ့တယ်။ ရှမ်းပြည်နယ်ဘက်က အားလူးစိုက်တောင်သူတွေလည်း လျော့သွားတယ် အခု တရုတ်အဝင်နည်းလို့ စျေး တက်လာတာ ပြောလို့ရတယ်“ဟု ရှမ်းပြည်နယ်မှ အာလူးစိုက်တောင်သူ တစ်ဦး ကပြောသည်။

    လက်ရှိတွင် အာလူးမျိုးများကို နယ်သာလန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့လ်နိုင်ငံများမှ ဝယ်ယူစိုက်ပျိုးကြရပြီး မျိုးအာမခံချက်နှင့် လမ်းခရီးအခက်အခဲများကိုလည်း ကြုံတွေ့နေရသည့်အတွက် မိုးအာလူး စိုက်ရန် နှင့် မျိုးအာလူး ရရှိရန် အခက်အခဲ ရှိနေကြောင်းလည်းသိရှိရသည်။ 

    လက်ရှိ အာလူးစိုက်တောင်သူများ အနေဖြင့် မျိုးအာလူး ရရှိရန် အခက်အခဲ များလျော့ကျရန် မြန်မာနိုင်ငံစိုက်ပျိုးရေးနှင့် သုတေသနဌာန(DAR)နှင့် နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းတို့ ပူးပေါင်း၍ ပြည်တွင်း ၌ တစ်သျှူးကာချား (tissue culture) နည်းဖြင့် မျိုးအာလူးများ ထုတ်လုပ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။ 

    လက်ရှိတွင် မိုးအာလူး အတွက် တရုတ်မျိုးနှင့် နယ်သာလန်မျိုးများကို အဓိကထား စိုက်ကြကြောင်း နောင်တရားဒေသမှ အာလူး စိုက်တောင်သူ တစ်ဦးကပြောသည်။

    ပြည်တွင်း၌ အာလူးကို ၅လပိုင်း မှ ၆လပိုင်း တစ်ကြိမ် ၊ ၈လပိုင်း မှ၉လပိုင်း တစ်ကြိမ် ၊ နှင့် ၁၂ လပိုင်း မှ ၁လပိုင်း တကြိမ် သုံးကြိမ်စိုက်ပျိုးလေ့ရှိ ကြောင်း သိရသည်။ 

    ဖိုးချဲ(AMIA)


  • article
likes6comments1
views1774