ငါးအမိုင်နိုအက်စစ်(အပင်အားတိုးဆေးရည်)
- (Fish Amino Acid)ပြုလုပ်နည်း - ၁။ငါးမှရရှိသောစွန့်ပစ်ပစ္စည်းများ(သို့)ငါးသေငါးမွှားများ(သို့)ငါးကြီး(၁၀)ပိဿာ - ၂။ထန်းလျက်ညို(သို့)သကြားညို (၁၀)ပိဿာ - ပြုလုပ်ပုံ(Production Method) - - ငါးမှရရှိသောစွန့်ပစ်ပစ္စည်းများ(သို့)ငါးသေငါးမွှားများ(သို့)ငါးကြီး(၁၀)ပိဿာကိုပိုင်း ဖြတ်၍စဉ့်အိုးတွင်ထည့်ပါ။ - - ထန်းလျက်ညို (သို့) သကြားညို(၁)ပိဿာလျှင်ရေ(၁)လီတာနှုန်းဖြင့် (၁၀)ပိဿာ အားကျိုချက်ပါ။ပြီးလျှင်အအေးခံပါ။ - - အေးပြီးနောက်စဉ့်အိုး၏ သုံးပုံနှစ်ပုံထိလောင်းထည့်ပါ။ ထပ်မံ၍(ရရှိနိုင်ပါကဘိုကာရှီ)ကိုဖြူးထည့်ပါ။ - - ထို့နောက်အိုးကိုပိတ်ပါးစဖြင့်သေချာစွာဖုံးအုပ်ချည်နှောင်ပါ။အိုးကိုနေရောင်တိုက်ရိုက်မကျသောအေးမြခြောက်သွေ့သောအရိပ်အောက်တွင်ထားရှိပါ။ - - (၇-၁၀)ရက်ကြာပါကအချဉ်ဖောက်ခြင်းဖြစ်ပေါ်လာမည်။မျက်နှာပြင်ပေါ်ရှိအဆီများပျော်ဝင်စေရန်IMO3(၂-၃)ဇွန်းထည့်ပေးပါ။ - - (၁)လအကြာ(သို့)အနံ့ဆိုးပျောက်ပါကအနည်အနှစ်များကိုစစ်ထုတ်ပြီးအရည်ကိုရွက်ဖြန်းအဖြစ်အသုံးပြုပါ။ - ဆေးဖျန်းရန်နှုန်းထား(Ratio) - - ဆေးရည်(၁)ဆ နှင့် ရေ(၁၀၀၀)ဆ - အသုံးပြုခြင်း - - ငါးအမိုင်နိုတွင်နိုက်ထရိုဂျင်ကြွယ်ဝစွာပါဝင်သည်။ - - မြေဆီလွှာနှင့် ပင်ပိုင်းကြီးထွားမှုကိုအားပေးသည်။ - - မျိုးစေ့/ပျိုးပင် မသန်စွမ်းလျှင်…….. - - ပဲ ၊ မုန့်ညှင်းထုပ်မျိုးစေ့အတွက်(၂)နာရီခွဲခန့်စိမ်နိုင်သည်။ - - သခွား ၊ ဖရဲ မျိုးစေ့ အတွက်(၄)နာရီ စိမ်နိုင်သည်။ - - အရွက်စား ဟင်းသီးဟင်းရွက်များ၏ အနံ့ ၊ အရသာနှင့်အထွက်နှုန်းကို တိုးတက် စေသည်။ - - ၎င်းငါးအမိုင်နို စွန့်ပစ်ပစ္စည်းများကိုဘိုကာရှီမြေဩဇာပြုလုပ်ရာတွင်အသုံးပြုနိုင်သည်။သက်ရှိအဏုဇီဝများ၏လှုပ်ရှားမှုကိုကူညီပေးသည်၊၊ - - ငါးအမိုင်နိုမှကျန်ရှိသည့် အရိုးများကိုဆန်လုံးညိုရှာလကာရည် (BRV)(၁၀)ဆ ဖြင့်ရောစပ်ပြီးအရိုးများဆွေးမြေ့သွားပါကကောင်းမွန်သောရေပျော်ကယ်လစီယံဖော့စဖိတ်များ ရရှိနိုင်သည်။ - သတိပြုရန် - - သီးပွင့်ချိန်မသုံးရန် - - ငါးအမိုင်နိုအသုံးပြုရာတွင်ရေဆမှန်ရန်လိုအပ်ပါသည်။ - - ရေအဆနည်းက အပြင်အရွက်ဝါမည်၊၊ - - ငါးအမိုင်နို အိုးဆေးရည်တိုက်ရိုက်ဖျန်းကအပင်ညှိုးခြောက်သွားမည်။ - - ငါးအမိုင်နို စွန့်ပစ်ပစ္စည်းများအပင်ခြေတွင်ပုံပါကအပင်ညှိုးခြောက်သွားမည်၊၊ - - အပူချိန် (၂၃-၂၅)ဒီဂရီစင်တီဂရိတ်ရှိရမည်။ - - နေရောင်တိုက်ရိုက်မကျသောအေးမြခြောက်သွေ့သောအရိပ်အောက်တွင်ထားရှိပါ။ - Source: DOA 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
