cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မတ်ပဲ၊ ပဲစင်းငုံနီ၊ အာလူး၊ ကြက်သွန်ဖြူတို့၏ တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၈.၇.၂၀၂၄ မှ ၁၂.၇.၂၀၂၄)

. Market Analysis
အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာမတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၉၂၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၇၅ ရူပီး ဈေးပြန်တက်လာပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် အနည်းငယ်ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်ထဲ ငွေကြေးလဲလှယ်နှုန်း ဈေးမြင့်တက်လာတဲ့အတွက် ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် ဘဏ်ကနေ ငွေကြေးအလုံအ‌လောက် ထုတ်လို့ မရတာ နဲ့ ငွေကြေးဈေးကွက် တည်ငြိမ်မှု မရှိတာတွေကြောင့် အရောင်းအဝယ်ကတော့ အေးနေတယ်လို့ကုန်သည်အချို့ထံကနေ သိရပါတယ်။

    အိန္ဒိယနိုင်ငံတွင်းမှာတော့ မိုးစိုက်ပဲ ဧက တိုးလာတဲ့အတွက် ပဲဈေးတွေက ကျဆင်းနေခဲ့ပေမယ့် အကျဈေး နဲ့ ဝယ်ယူတာတွေ ရှိလို့ မတ်ပဲဈေးက အများကြီး မကျဆင်းနိုင်ဘူးလို့ ခန့်မှန်းထားကြပါ တယ်။

    လက်ရှိမှာလည်း ဈေးကွက်အတွင်း အမြင့်ဈေးနဲ့ ဝယ်ယူသိုလှောင်ထားတာတွေကြောင့် သိန်း ၃၀ ကျော်အောက် မရောက်နိုင်ပဲ ၃၀ ကျော်ပတ်ချာလည်နဲ့ပဲ အရောင်းအဝယ်ရှိနိုင်လို့ အများကြီး ကျဆင်း နိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်တွေက သုံးသပ်ပါတယ်။

    အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာမတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၉၂၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၇၅ ရူပီး ဈေးပြန်တက်လာပါတယ်။

    ပြီးခဲ့တဲ့ အပတ်က သောကြာနေ့ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၂၉၂၀၀၀ ရှိခဲ့ပါတယ်။ တနင်္လာနေ့ နဲ့ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၃၃၀၉၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၃၃၄၀၀၀၀၊ ကြာသပတေးနေမှာတော့ တစ်တန်ကို ၃၃၄၅၀၀၀ ပေါက်ဈေးရှိ နေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနဲ့ ယှဉ်ရင် တစ်တန်ကို ၅၃၀၀၀ ကျပ်ဈေးမြင့် တက်လာပါတယ်။

    (SQ/RC) ကတော့ တစ်တန်ကို ၃၆၄၈၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၈၀၀၀ ကျပ် ဈေးတက်လာပါတယ် ။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၄၉၀ မှ ၅၆၉၅ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၂၆၀ ကျပ်ဈေးတက်လာပါတယ်။

    မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၉၆၅ မှ ၉၇၅ ဒေါ်လာ ပေါက်ဈေးရှိပြီး တစ်တန်ကို ၅ ဒေါ်လာလောက် ဈေးကျဆင်းသွားပါတယ်။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးတက်ပေမယ့် အနည်းသာ ဈေးမြင့်တက်တာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းမြင့်တာ၊ ပဲလက်ကျန်ရှားနေတာတွေကြောင့် အရောင်း အဝယ်လည်း မရှိ ဈေးလည်း‌ အေးနေတယ်လို့ ကုန်သည်အချို့ထံကနေ သိရပါတယ်။

    အိန္ဒိယနိုင်ငံမှာလည်း ပဲသိုလှောင်ခွင့် ကန့်သတ်ထားတဲ့အတွက်ကြောင့် ဈေးကွက်အတွင်း အလျင် အမြန် ထုတ်ရောင်းရတဲ့အတွက် ပဲဈေးတွေ အနည်းငယ် ဈေးပြန်အေးသွားပါတယ်။ ဒါပေမယ့် ပဲစင်းငုံနီရဲ့လိုအပ်ချက် မြင့်တက်နေတာ ဖြစ်တဲ့အတွက် ဈေးကတော့ အများကြီး ကျဆင်းသွားမျိုး မရှိတာကို အိန္ဒိယဈေးကွက်ပေါက်ဈေးတွေကနေတစ်ဆင့် သိရပါတယ်။

    အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၂၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၁၀၀ ရူပီဈေးတက်လာပါတယ်။

    ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၄၄၇၀၀၀ ကျပ်၊ တနင်္လာနေ့ မှာတော့ တစ်တန်ကို ၄၄၈၂၀၀၀၊အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၄၆၉၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၄၄၇၇၀၀၀ ကျပ်ရှိပြီး ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၄၅၇၀၀၀ ပေါက်ဈေးရှိပြီး ပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၁၀၀၀၀ ကျပ်ဈေးတက်လာ ပါတယ်။

    FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၂၉၀ မှ ၁၃၀၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ၃၀ ဒေါ်လာ လောက် ဈေးကျဆင်းသွားပါတယ်။

    မတ်ပဲရော ပဲစင်းငုံနီပါ FOB ဈေးနှုန်းတွေ ကျဆင်းနေခဲ့ပြီး ပြည်တွင်း ငွေကြေးဖောင်းပွမှုကြောင့်သာ ဈေးတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူ(ရှမ်း)ကတော့ ဈေးကွက်ထဲ အကျဈေးနဲ့ ငြိမ်နေပြီး ကြူကုတ်ကတော့ လမ်းခရီးအခြေအနေကြောင့် အဝင်လျော့နည်းကာ ဈေးမြင့်တက်နေပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ရှမ်း ကြက်သွန်က ပိဿာချိန် ၃နီးပါးအဝင်ရှိနေတယ်လို့ ‘သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၀၀၀ မှ ၁၀၅၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

    ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၁၄၀၀ မှ ၁၁၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၆၀၀ ကျပ်ဈေးတက်လာပါတယ်။

    အာလူး

    အာလူးကတော့ ဈေးကွက်ထဲ အဝင်နည်းပြီး ဆက်တိုက်ဈေးမြင့်တက်ပါတယ်။ မိုးအာလူးစိုက်တဲ့ ကာလ ဖြစ်တဲ့အတွက် လက်ကျန်လည်း လျော့နည်းပါတယ်။

    ရန်ကုန်ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၃၅၀၀ ကျပ်ပေါက်ဈေးရှိကာ ၄၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။၂ ပတ်အတွင်း အာလူးတစ်ပိဿာကို ၁၀၀၀ နီးပါးဈေးတက်လာပါတယ်။

    တရုတ်အာလူးကလည်း တစ်ပိဿာကို ၄၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၅၀၀ နီးပါး‌ ဈေးမြင့်တက်လာတာလည်း ဖြစ်ပါတယ်။၂ ပတ်တွင်းတစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးမြင့် တက်လာပါတယ်။

    AMIA

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes13comments0
views3108