cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

နောက် ၂ ရက် မှ ၃ ရက်အတွင်း စိုးရိမ်ရမှတ်သို့ ရောက်ရှိနိုင်ကြောင်း

. Weather News
မိုးဇလ၏ ဇူလိုင်လ (၁၂) ရက်နေ့ ၁၂:၃၀နာရီ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေမှတ်သည် ဟင်္သာတစခန်း မှာ ၁၂၇၃ စင်တီမီတာ (စိုးရိမ်ရေမှတ် ၁၃၄၂ စင်တီမီတာ) ရှိနေပြီး ဇလွန်စခန်း မှာ ၁၀၆၈ စင်တီမီတာ(စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာ) ရှိနေပါသည်။ ဇူလိုင်လ ၁၅ ရက် မှ ၁၉ ရက် တွေမှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမြို့နယ်အများစုမှာ မိုးရွာရန်ရာခိုင်နှုန်း (၉၀) နှင့် အထက် ရှိနိုင်ပါတယ်။
  • ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိတဲ့အတွက် မိုးဆက်လက် ရွာသွန်းနိုင်မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။


    ၁။ ဟင်္သာတမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၄) ရာခိုင်နှုန်းအထိရှိပါသည်။ ဇူလိုင်လ ၁၅၊ ၁၇၊ ၁၈ ရက်နေ့မှာတော့ မိုးရွာရန် ၉၀ ရာခိုင်နှုန်းနှင့် အထက်မှာရှိနိုင်ပြီး ဇူလိုင်လ (၂၀) ရက်နေ့မှာတော့ မိုးရွာရန် ၆၄ ရာခိုင်နှုန်း ပဲရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၆၆) မှ (၇၉) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။


    ၂။ ညောင်တုန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၁.၁C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၅C ရှိနိုင်ပါတယ်။


    ၃။ မအူပင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ မအူပင်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇူလိုင်လ (၁၅) မှ (၁၉) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၉၀ အထက် မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာ မိုးရွာရန် ၇၈ ရာခိုင်နှုန်းအောက်မှာ ရှိနိုင်ပါတယ်ခင်ဗျ။


    ၄။ မြောင်းမြမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ရက်တွေ မှာ ရွာရန် ရွာနှုန်း ၉၀ နှင့် အထက် ဖြစ်ပြီး ဇူလိုင်လ ၁၂၊၁၉၊ ၂၀၊ ၂၁ ရက်မှာ မိုးရွာရန် ၇၀ ရာခိုင်နှုန်းအထက်တွင် ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၆၇ ရာခိုင်နှုန်း အောက်မှာပဲ ရှိနိုင်ပါတယ်ခင်ဗျာ။


    ၅။ ဓနုဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပြီး အပူချိန်တွေကတော့ ၁၈ ရက်မှာ အမြင့်ဆုံး အပူချိန် ၃၁.၁C မှ အနိမ့်ဆုံးအပူချိန် ၂၅C ရှိနိုင်ပါတယ် ခင်ဗျာ။


    ၆။ ပန်းတနော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆) ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇူလိုင်လ (၁၅) ရက်နေ့မှာ ရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်လ (၁၆၊၁၇၊၁၈၊၁၉)ရက်နေ့မှာ မိုးရွာရန် ၉၀ ရာခိုင်နှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်။

    ဇူလိုင်လ ၄၊၅၊၆၊၇ ရက်များတွင် မိုးရွာရန် (၆၅) ရာနှုန်းနှင့် အောက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၇။ ကျိုက်လတ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၅၊၁၆၊၁၇၊၁၈၊၁၉ ရက်နေ့မှာ မိုးရွာရန် ရွာနှုန်း ၉၀ နှင့် အထက်တွင် ရှိနိုင်ပြီး ကျန် ရက်များတွင် မိုးရွာရန် (၆၅) ရာခိုင်နှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။


    ၈။ ဝါးခယ်မမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၅၊၁၆၊၁၈၊၁၉ ရက်နေ့မှာ ရွာရန် ရာခိုင်နှုန်း ၉၁ အထက်တွင် ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၁.၃ C မှ အနိမ့်ဆုံးအပူချိန် ၂၄.၆ C ရှိနိုင်ပါတယ်ခင်ဗျာ။


    ၉။ ကျုံပျော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၅၊၁၆၊၁၇၊၁၈ ရက်နေ့မှာ ရက်နေ့မှာ ရွာရန်ရာနှုန်း ၉၄ အထက်တွင်ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် (၆၈) မှ (၈၀) ရာခိုင်နှုန်း အတွင်းမှာရှိနိုင်ပါတယ်။


    ၁ဝ။ ဇလွန်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၉၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၁။ လပွတ္တာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၅၊၁၆၊၁၇၊၁၈၊၁၉ ရက်နေ့မှာ ရက်နေ့မှာ ရွာရန်ရာနှုန်း ၉၁ အထက်တွင်ရှိနိုင်ပါတယ်ခင်ဗျာ။


    ၁၂။ ပုသိမ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၁C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၆C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။


    ၁၃။ ဖျာပုံမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါတယ်။ ဇူလိုင်လ ၁၅၊၁၆၊၁၇၊၁၈၊၁၉ ရက်နေ့မှာ ရက်နေ့မှာ ရွာရန်ရာနှုန်း ၉၀ နှင့် အထက်တွင်ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၂C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၉C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။


    ၁၄။ အင်္ဂပူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။


    ၁၅။ ကြံခင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၅ ရက်တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၁၂၊၁၇၊၂၀၊၂၁ ရက်များတွင် (၈၀)ရာခိုင်နှုန်းနှင့် အထက်တွင်ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၆၅) မှ (၇၉) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။


    ၁၆။ လေးမျက်နှာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ ၁၅၊၁၆၊၁၇၊၁၈ ရက်များတွင် (၉၄)ရာခိုင်နှုန်းနှင့် အထက်တွင်ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၈၀)ရာခိုင်နှုန်း နှင့် အောက် တွင်ရှိနိုင်ပါတယ်။


    ၁၇။ ဒေးဒရဲမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။


    ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါတယ်။ ဇူလိုင်လ ၁၅၊၁၆၊၁၈၊၁၉ ရက်များတွင် (၉၁)ရာခိုင်နှုန်းနှင့် ကျန်ရက်များတွင် (၈၇)ရာခိုင်နှုန်း နှင့် အောက်တွင် ရှိနိုင်ပါတယ်ခင်ဗျာ။


    ၁၉။ ကန်ကြီးထောင့်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၃)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။

    ၂ဝ။ ငပုတောမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂၁)ရက်နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ ဇူလိုင်လ ၁၅၊၁၇၊၁၈၊၁၉ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၀ နှင့် အထက် တွင် ရှိနိုင်ပြီး ကျန်ရက်တွေမှာတော့မိုးရွာရန် (၇၇) ရာခိုင်နှုန်းနှင့် အောက်တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။


    စိုက်ပျိုးရေးအကြံပြုချက်


    မိုးရာသီဖြစ်ခြင်း၊ မိုးများသော ဒေသဖြစ်ခြင်းတို့ကြောင့် စပါးခင်းများ ရေဝပ်နိုင်သဖြင့် ရေထုတ် မြောင်းများ စနစ်တကျဖော်ဆောင်ထားရန် တိုက်တွန်းလိုက်ပါတယ်။ အကယ်၍ စပါးခင်းများ အချိန်ကာလ ကြာမြင့်စွာ ရေဝပ်ပြီး ရေမထုတ်နိုင်ပါက စပါးနီတိုရောဂါ ကျရောက်နိုင်ပါတယ်။ ဒါကြောင့် စပါးနီတို(သို့) သံဆိပ်သင့် ပြဿနာ ကြိုတင်ကာကွယ်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

    နီတိုလက္ခဏာ

    အချဉ်ဓါတ်လွန်ကဲသောမြေ၊ ရေဝပ်မြေ၊ ရေအမြဲလှောင်ထားသောမြေများမှာ အဖြစ်များ။

    စပါးရွက်ကြေးနီရောင်ပြောင်း။

    ရောဂါဆိုးပါက စပါးရွက်က ခရမ်းရင့်ရောင်ပြောင်း၊ အပင်ပု၊ ပင်ပွားနည်း၊ အမြစ်ပွားမှုနည်း၊ အမြစ်များ ညိုမဲပုပ်၍ အပင်သေ။

    ကာကွယ်ခြင်း

    ပုလဲမြေဩဇာတစ်မျိုးတည်းကျွေးခြင်းရှောင်ပါ

    ပိုတက်နဲ့ဂျစ်ပ်ဆမ် မြေဩဇာများကျွေးပါ

    ရေသွင်းရေထုတ်လုပ်ပေးပါ

    ဖော့စ်ပရပ် ၊ မဂ္ဂနီစီယမ်မြေဩဇာများ လုံလောက်စွာကျွေးပါ

    Source:Htwet Toe


    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ယခုအပတ်အတွင်း တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် ငါး/ပုဇွန် တောင်သူ ဦးကြီးများအနေဖြင့် အစာလျော့ကျွေးဖို့ အထူးတိုက်တွန်းလိုပါတယ်။ ပျော်ဝင်အောက်ဆီဂျင်လျော့နည်း နိုင်တဲ့အတွက် ရေဒလတ်တပ်ဆင်ခြင်း ကဲ့သို့သော အောက်ဆီဂျင်ရရှိနိုင်မည့် နည်းလမ်းများကိုလည်း ဆောင်ရွက် ပေးဖို့ တိုက်တွန်းလိုပါတယ်။ မိုးကာလဖြစ်တဲ့အတွက် ရေကြီး ရေလျှံခြင်းမှ ပြင်ပရေများ ကန်အတွင်း ဝင်ရောက် လာနိုင်တဲ့အတွက် ကာကွယ်ရေးနည်းလမ်းများနဲ့ ငါးကန် ရေထုတ်ပေါက်များကို ဆောင်ရွက်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

    Weather Source: CIAT

    ----

    VPN မလိုဘဲ စိုက်/မွေးအချက်အလက်များ ရယူရန်

    ထွက်တိုးဝက်ဆိုက်သို့ သွားရန် - https://htwettoe.com/

    ထွက်တိုးဆော့ဝဲလ် ဒေါင်းလုတ်ရယူရန် - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    Tik Tok သို့ သွားရန် - https://www.tiktok.com/@htwettoe?is_from_webapp=1...


  • article
likes8comments0
views3313