cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

🛑ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသော လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ🛑

. Cultural Practices
သီးနှံပျက်စီးဆုံးရှုံးမှုများတွင် စပါးသီးနှံသည်ပျက်စီးဆုံးရှုံးမှုဧက အများဆုံးဖြစ်သဖြင့် တောင်သူ လယ်သမားများ အကျိုးစီးပွားအလို့ငှာ မျိုးစပါးများ၊ ဓါတ်မြေ ဩဇာများ၊ စိုက်ပျိုးနည်းစနစ်များနှင့် ထွန်ယက်ရေး အတွက် ထောက်ပံ့ကူညီပေးလျက်ရှိပါသည်။
  • ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြသော မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ နှစ်စဉ် သဘာဝဘေး အမျိုးမျိုး တွေ့ကြုံခံစားနေကြရာတွင် ရေကြီးနစ်မြုပ်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ အပါအဝင် စိုက်ပျိုးထားသော သီးနှံ များစွာ ပျက်စီးဆုံးရှုံးကြရပါသည်။ သီးနှံပျက်စီးဆုံးရှုံးမှုများတွင် စပါးသီးနှံသည်ပျက်စီးဆုံးရှုံးမှုဧက အများဆုံးဖြစ်သဖြင့် တောင်သူ လယ်သမားများ အကျိုးစီးပွားအလို့ငှာ မျိုးစပါးများ၊ ဓါတ်မြေ ဩဇာများ၊ စိုက်ပျိုးနည်းစနစ်များနှင့် ထွန်ယက်ရေး အတွက် ထောက်ပံ့ကူညီပေးလျက်ရှိပါသည်။ ရေကြီးနစ်မြုပ်ပျက်စီးခဲ့ကြသော စပါးစိုက်ဧကများ အချိန်မီအပြည့်အဝ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပူးတွဲဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက် ရန်နှိုးဆော်အပ်ပါသည်။

    (က) အရန်မျိုးစပါး/အရန်ပျိုးရရှိရန် ဆောင်ရွက်ခြင်း

    ၁။ နှစ်စဉ်ရေကြီးနစ်မြုပ်တတ်သည့် နေရာများတွင် သက်တမ်းတို အရန်မျိုးများ ကြိုတင်စုဆောင်းခြင်း၊ ကုန်းမြင့်ပိုင်းများတွင် အရန် ပျိုးများစုပေါင်းကြိုတင်ပျိုးထောင်ထားခြင်းတို့ကို လုပ်ဆောင်ပါ။

    သက်လတ်သက်တမ်းတို အထွက်ကောင်းစပါးမျိုးများ(မနောသုခ၊ ဆင်းသုခ၊ ဆင်းသွယ်လတ်၊ သီးထပ်ရင်၊ ရွှေသွယ်ရင်၊ IR-747၊ ရက်(၉၀)၊ ဆင်းနွယ်ရင်၊ ပြည်မြန်မာစိန်၊ ရတနာတိုး၊ နှံကောက်၊ သုခရင်)

    ၂။ ရေကြီးကာလ (၁၀-၁၄)ရက်ခန့် နစ်မြုပ်ပျက်စီးသည့် လယ်များ အတွက် သက်တမ်းတိုမျိုးများဖြင့် တိုက်ရိုက်အစေ့ချစပါးစိုက်နည်း (သို့) ကြဲပက်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးနိုင်ပါသည်။ တစ်ဧက မျိုးသန့် (၁) တင်းသာ အသုံးပြုစိုက်ပျိုးရပါမည်။

    ၃။ ရေကြီးကာလ(၁၄-၃၀)ရက်အထက် ကြာရှည်သောဒေသများ ဖြစ်ပါက ရေမကျသေး သည့်အချိန် ရေလွတ်သည့်ကုန်းမြေများတွင် သက်တမ်းတိုအရန်ပျိုးများကြိုတင်ပျိုးထောင်ထားရန် လိုပါသည်။

    အရန်ပျိုးထောင်နိုင်သည့်နည်းစနစ်များ

    • ပျိုးဖျာလိတ်(သို့)ခေတ်သစ်ပျိုးထောင်နည်း(Dapog)
    • ဘောင်ပျိုးနည်း (Raised Bed)
    • အခြောက်ပျိုးထောင်နည်း(SRI, Tray)

    ၄။ ရေကြီးနစ်မြုပ်ခြင်းမရှိသည့် ကြဲခင်းများကို ခင်းပြတ်နှုတ်၍ ပြန်လည်စိုက်ပျိုးခြင်းဖြင့် စိုက်ချိန်နောက်ကျခြင်းကို အစားထိုး ကုစားနိုင်သည်။ သို့မဟုတ် ကြဲခင်းများမှ ထူထပ်စွာပေါက်နေသော ကောက်ပင်များကို (၆)လက်မခြား ချန်ပြီး ကျန်အပင်များကို စနစ်တကျ သားခွဲ၍လည်း စိုက်ပျိုးနိုင်ပါသည်။

    ၅။ ရေကြီးနစ်မြုပ်ခြင်းမရှိသည့် (၃၀-၄၀)ရက်သားရှိ သားတက် (၄-၅)ပင်ပွားနေသော စပါးစိုက်ခင်းများကို စနစ်တကျ ချက်ချင်း နှုတ်ချက်ချင်းစိုက်နည်းဖြင့်လည်း ယင်းစိုက်ခင်းတစ်ဧက မှ (၅-၆) ဧက ပွားများစိုက်ပျိုးနိုင်ပါသည်။ (မှတ်ချက်- သက်လတ်မျိုး (၁၂၀-၁၄၅)ရက်ရှိ စိုက်ခင်းများကို ရွေးချယ်ပါ)

    ၆။ ထိခိုက်မှုအဆင့်တွင် စပါးခင်းအား ပြန်လည်ပြုစု ထိန်းသိမ်းပါ။ သားတက်ခွဲ၍ ကောက်ပင်ဖာခြင်းပြုလုပ်ပါ။ ပျက်စီးမှုအဆင့်တွင် ပြန်လည်စိုက်ပျိုးရန်ဖြစ်ပါသည်။

    (ခ) စိုက်ပျိုးမြေပြုပြင်ခြင်း

    ၁။ ပင်ကြွင်းပင်ကျန်များ ကောင်းစွာဆွေးမြေ့ရန် စက်ထွန် အသုံး ပြု၍ ကြမ်းရိုက်မြေညှိကာ စိုက်ခင်းမြေပြင်ထားရမည်။

    ၂။ ရေကြီးနစ်မြုပ်ပြီး ပြန်ပေါ်လာသည့်လယ်များတွင် မြေဆီလွှာ ကောင်းမွန်ရန် မြေခံတွင် ကျောက်မှုန့်၊ သဘာ၀မြေသြဇာ (သို့) စက်ဖွဲပြာ ထည့်သွင်းပေးရမည်။

    ၃။ စိုက်ခင်းမြေပြင်ရာတွင် စိမ့်မြောင်းပတ်မြောင်းများ ပြုလုပ်ထား ရမည်။ ကန်သင်းကောင်းမွန်စွာပြုပြင်ထားရန်လိုသည်။

    (ဂ) ကြဲပက်ခြင်း(သို့)စိုက်ပျိုးခြင်း

    ၁။ ကြဲပက်စိုက်ပျိုးရန်အတွက် စာပါးစပ်ပြူ အနေအထား မျိုးညှောက်ဖောက်ထားသော မျိုးစပါးကို အသုံးပြုကြဲပက်ပါ။

    ၂။ ကြဲပက်ပြီး (၃-၅) ရက်အတွင်း ကြက်၊ ငှက်နှင့် ကြွက် ဖျက်ဆီးမှုအား ကြိုတင်ကာကွယ်ထားရန်လိုပါသည်။

    ၃။ ပြောင်းရွှေ့စိုက်ပျိုးသည့်အခင်းများတွင် ကောက်စိုက်သမ အင်အားသုံး၍ အချိန်မီပြန်လည်စိုက်ပျိုးရမည်ဖြစ်သည်။

    ၄။ ပျိုးဗန်းများဖြင့် ပျိုးထောင်ထားပါက စိုက်ချိန်မီရန်အတွက် ကောက်စိုက်စက်အသုံးပြုစိုက်ပျိုးနိုင်ပါသည်။

    (ဃ) အပင်ပြုစုစောင့်ရှောက်ခြင်း

    ၁။ပေါင်းလိုက်တမန်းနှိုးကိရိယာ(သို့) လက်ပေါင်းလိုက်ခြင်းဖြင့် ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ထားရန်လိုပါသည်။

    ၂။ တစ်ဧကအတွက် ပုလဲဓါတ်မြေဩဇာ(၅၀ကီလို)(၁)အိတ် နှင့် နွားချေးဆွေး(သို့) မြေဆွေး(၃)အိတ်ကို ပင်ပွားထွက်ချိန်၊ ဖုံးတုံး လုံးတုံးအချိန် နှင့်ပန်းမပွင့်မီအချိန်တို့တွင် (၃)ကြိမ်ခွဲပြီး ကောင်း စွာရောစပ်၍ထည့်သွင်းပေးရမည်။ကျောက်မှုန့်မြေဩဇာကို မြေပြင် ချိန်တွင် ၁၁၂ပေါင်/ဧက နှုန်း ထည့်သွင်းပေးရန်လိုအပ်သည်။

    Source: စိုက်ပျိုးရေးဦးစီးဌာန

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
likes
7
comments
0
views
3954