cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်းဒေသကြီး အတွက် ၁၀ ရက်စာ မိုးလေဝသခန့်မှန်းချက်နှင့် လှေးပိုးအန္တရာယ်အကြံပြုချက်

. Weather News
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့
  • ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှ ဇူလိုင်လ (၂၅) ရက် နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

    မိုးညိုမြို့နယ်မှာ ဇူလိုင်လ ၁၆၊၁၉၊၂၃၊၂၅ ရက်နေ့မှာ မိုးရွာရန် ရွာနှုန်း ၉၀ မှ ၉၉ အထိ ရှိနိုင်ပါတယ်။ ဇူလိုင်လ ၂၄၊ ရက်တွင် မိုးရွာရန် ၈၆ ရာခိုင်နှုန်းရှိပြီး ကျန်သောရက်များမှာ ၆၅ ရာခိုင်နှုန်း အထက်မှာ ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၃C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၁C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်မှာ ဇူလိုင်လ ၁၇၊၂၃၊၂၄၊၂၅ ရက်နေ့မှာ မိုးရွာရန် ရွာနှုန်း၉၀ နှင့် အထက်မှာ ရှိနိုင်ပါတယ်။ ဇူလိုင်လ ၁၆ ရက်တွင် မိုးရွာရန် ၈၉ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၇၇ ရာခိုင်နှုန်း အောက်မှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၃.၇ C မှ အမြင့်ဆုံးအပူချိန် ၃၀.၉C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်မှာ ဇူလိုင်လ ၁၈၊၂၃၊၂၄၊၂၅ ရက်နေ့မှာ မိုးရွာရန် ရာနှုန်း ၉၀ နှင့် အထက်မှာ ရှိနိုင်ပါတယ်။ ဇူလိုင်လ ၁၇ ရက်များတွင် မိုးရွာရန် ၈၉ ရာခိုင်နှုန်း မှာရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၇၇ ‌အောက်မှာရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၃.၇ C မှ အမြင့်ဆုံးအပူချိန် ၃၀.၉C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    စပါးစိုက်တောင်သူများသို့ အကြံပြုချက်

    မိုးရွာသွန်းခြင်း၊ တိမ်ထူ၊ မိုးအုံ့ခြင်းတို့ ဖြစ်ပေါ်နေပြီး စပါးပင်သက်တမ်း အတန်သင့်ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် လှေပိုး သတိပြုဖို့နဲ့ နှိမ်နင်းနည်းကို ပြုစုရေးသားလိုက်ပါတယ် ခင်ဗျာ။

    မိုးစပါးမှာ လှေးပိုးဖျက်ဆီးမှု ဂရုပြု

    စပါးရွက်များ လိပ်နေလျှင် လှေးပိုးကျရောက်မှုလက္ခဏာ ဖြစ်နိုင်ပါတယ်၊ လှေးပိုးကျရောက်မှုကို သိရှိနိုင်ရန် လိပ်နေသော အရွက်များအတွင်း လှေးပိုးရှိမရှိ စစ်ဆေးပါ။

    နို့နှစ်ရောင် ဥများကို စပါးရွက် မျက်နှာပြင်ပေါ်တွင် ရှိ မရှိစစ်ဆေးပါ။ လှေးပိုးဖျက်ဆီးမှုဒဏ် ခံရပါက ရိုးတံများသည် ဖြူဖျော့လာကာ ရွက်ပြားများမှာ အဝါရောင်ဖြစ်လာတတ်ပါတယ်။

    မိုးစပါးတွင် ကျရောက်တတ်သော လှေးပိုး ကာကွယ်နှိမ်နှင်းနည်းများ

    လှေးပိုးအား နှိမ်နှင်းရန် စပါးခင်းအား ၂ရက်ခန့် ရေလွှမ်းပေးပါ။

    လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူ၊ ရေနေကြမ်းပိုး၊ နဂျီ စသည်တို့သည် လှေးပိုးများအား တိုက်ဖျက်စားသုံးသော မိတ်ဆွေပိုးများဖြစ်ပါတယ်။

    ရွေ့ပြောင်း စိုက်ပျိုးပြီး ရက် ၃ဝအတွင်း တစ်ပတ်လျှင် ၃ကြိမ် ပုံမှန် စစ်ဆေးပါ။

    လှေးပိုးကျရောက်ဖျက်ဆီးမှုကို ခန့်မှန်းနိုင်ရန်အတွက် ရေစိုလက်ဖြင့် စပါးပင်၏ ထိပ်ဖျားတွေကို ထိကြည့်သည့်အခါ လက်မှာ လှေးပိုးများတွေ့ရှိရပါက နှိမ်နင်းဖို့ လိုအပ်ပါမည်။

    ပိုးသတ်ဆေးများကတော့

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဖီပရိုနေးလ် ၅% အက်စ်စီ၊ စားပွဲတင်ဇွန်း (၂-၈) ဇွန်း

    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အာဘာမက်တင်း ၁.၈% အီးစီ၊ စားပွဲတင်ဇွန်း (ဇွန်းဝက်-၁ဇွန်းခွဲ)

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဆီတာမီပရစ် + လမ်ဒါဆိုင်ဟေလိုသရင် (၅%) ဒဗလျူပီ၊ စားပွဲတင်ဇွန်း (၄-၅) ဇွန်း

    ၄။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကာတက်ဟိုက်ဒရို ကလိုရိုက် (၉၅%)အက်စ်စီ စားပွဲတင်ဇွန်း ( ၂-၄) ဇွန်း

    ဒီနည်းတွေထဲက အဆင်ပြေရာ တစ်မျိုးကို အသုံးပြုနိုင်ပါတယ်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ယခုအပတ်အတွင်း မိုးရွာခြင်း၊ တိမ်ထူ၊ မိုးအုံ့ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် ငါး/ပုဇွန် တောင်သူ ဦးကြီးများအနေဖြင့် သတ်မှတ်အစာကျွေးနှုန်းအောက် လျော့ကျွေးပါရန်နှင့် ရေကြီးရေလျှံခြင်း မှတစ်ဆင့် ငါးရိုင်းများ ဝင်လာနိုင်တဲ့အတွက် မိမိ၏ကန်အား ဂရုစိုက်ရန် သတိပေးလိုပါတယ် ခင်ဗျာ။ ရေစီး ရေလာကောင်းအောင် ဆောင်ရွက်ထားပြီး ရေထုတ်ပေါက်များလည်း တင်ဆင်ထားရန် ထပ်လောင်း အကြံပြု လိုက်ပါတယ် ခင်ဗျာ။

    Weather Source: CIAT

    ----

    စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
likes6comments0
views2816