cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

အိမ်မှာ ငါးခူတစ်နိုင်တစ်ပိုင် မွေးမြူမယ်ဆိုရင် စဉ်းစားရမယ့်အချက်များ

. Fish Articles
ငါးခူကို ကျွေးတဲ့ ငါးစာတွေမှာ ပရိုတင်းပမာဏ ၂၈ မှ ၃၂ ရာခိုင်နှုန်း ပါတဲ့ အစာဖြစ်ဖို့လိုပါ တယ်။ ငါးစာကျွေးရာမှာလည်း စနစ်တကျကျွေးဖို့လိုပါတယ်။
  • ဒီတစ်ပတ်မှာတော့ ငါးခူမွေးမြူခြင်းနဲ့ ဆက်စပ်လို့ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။ ဒါကြောင့် အိမ်မှာ တစ်နိုင်တစ်ပိုင် ငါးခူမွေးမယ်ဆိုရင်တော့ အောက်ပါ အချက် (၉)ချက် ကို ထည့်သွင်းစဉ်းစားဖို့လိုပါကြောင်း အကြံပြုတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ 

    ၁။ ကန်နေရာရွေးချယ်ခြင်း 

    ၂။ ကန်တည်ဆောက်ခြင်း 

    ၃။ ရေရရှိအောင်ဆောင်ရွက်ပေးခြင်း 

    ၄။ အရည်အသွေးကောင်း သားပေါက်များကို ဝယ်ယူခြင်း 

    ၅။ လိုက်လျောညီတွေတဲ့ ငါးစာကျွေးခြင်း 

    ၆။ ရေအရည်အသွေးစစ်ပေးခြင်း 

    ၇။ မကြာခဏစစ်ဆေးပေးခြင်း 

    ၈။ ကန်ဖော်ခြင်း 

    ၉။ ဈေးကွက် ရှာဖွေခြင်း တို့ဖြစ်ပါတယ် ခင်ဗျာ။ 

     

    ၁။ ကန်နေရာရွေးချယ်ခြင်း 

    နေရာရွေးရာမှာ အရေးကြီးဆုံး အချက်ကတော့ ငါးခူ ကြီးထွားနှုန်းနဲ့ ကျန်းမာ သန်စွမ်း နိုင်မယ့် နေရာရွေးပေးဖို့ လိုပါတယ်။ မြေပြင်ညီညာခြင်း၊ ရွှံ့မြေဖြစ်ခြင်း၊ သန့်ရှင်းတဲ့ရေရှိတဲ့ နေရာ ဖြစ်ခြင်း၊ နေရောင်ရရှိရမည့်နေရာဖြစ်ခြင်း၊ စီမံခန့်ခွဲရန် လွယ်ကူတဲ့နေရာဖြစ်ခြင်း၊ စတဲ့ အချက် တွေနဲ့ ကိုက်ညီရင် ပိုကောင်းပါတယ်။  

    ၂။ ကန်တည်ဆောက်ခြင်း 

    အိမ်မှာ တစ်နိုင် တစ်ပိုင် မွေးမယ်ဆိုရင်တော့ ကန်တည်ဆောက်ရာမှာ ၃ ပေနဲ့ ၆ ပေ အနက်ရှိဖို့လို ပါတယ်။ ရေချိုရရှိရန်လွယ်ကူပြီး ရေပိုထုတ်ရန် လွယ်ကူနေဖို့လိုပါတယ်။ တစ်ဆက်ထဲမှာဘဲ ရေလှည့်ပေးတဲ့ ကိရိယာတပ်ပေးဖို့လိုပါတယ်။ ဒါမှသာ အောက်ဆီဂျင် ရရှိရေးမှာ အထောက် အကူ ပြုမှာပါ။ ကန်ပတ်ပတ်လည်မှာလည်း အခြားငါးတွေ ဝင်မလာဖို့နဲ့ ကန်အတွင်းငါးတွေ ထွက်မသွား နိုင်အောင် ပိုက် သို့မဟုတ် အကာအကွယ် ထားရှိဖို့လိုပါတယ်။  

    ၃။ ရေရရှိအောင်ဆောင်ရွက်ပေးခြင်း 

    ကန်အတွင်း အသုံးပြုမယ့် ရေရဲ့ အရည်အသွေးကို စမ်းသပ်ဖို့လိုပါတယ်။ ရေချဉ်ဖန်နှုန်း၊ အောက်ဆီဂျင်ပမာဏ၊ အပူချိန်နဲ့ ရေမှာ ပျော်ဝင်ဓာတ်တွေကို စစ်ပေးရမှာပါ။ နောက်တစ်ခုကတော့ ရေစစ်ပိုက်နဲ့ ရေကို စစ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ လိုအပ်ရင်ကို ရေကို သန့်ပေးတဲ့ ဆေးတွေ သုံးပေးဖို့လိုပါတယ်။ 

    ၄။ အရည်အသွေးကောင်း သားပေါက်များကို ဝယ်ယူခြင်း 

    ကန်ထဲကို ငါးသားပေါက် ထည့်ချိန်မှာ ကျန်းမာသန်စွမ်းတဲ့ ငါးသားပေါက်ဖြစ်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင်တော့ မျိုးရိုးဗီဇကောင်းတဲ့ မျိုးတွေရနိုင်ရင် ပိုကောင်းပါတယ်။ 

    ၅။ လိုက်လျောညီတွေတဲ့ ငါးစာကျွေးခြင်း 

    ငါးခူကို ကျွေးတဲ့ ငါးစာတွေမှာ ပရိုတင်းပမာဏ ၂၈ မှ ၃၂ ရာခိုင်နှုန်း ပါတဲ့ အစာဖြစ်ဖို့လိုပါ တယ်။ ငါးစာကျွေးရာမှာလည်း စနစ်တကျကျွေးဖို့လိုပါတယ်။ အစာအလွန်အကျွံကျွေးတာဟာ အစာကို အလေအလွင့်ဖြစ်စေသလို ရေအရည်သွေးကိုလည်း ညစ်ညမ်းစေပါတယ်။ ငါးခူတွေကို ကျွေးသင့်တဲ့ အစာတောင့်ဟာ ရေပေါ် ပေါလောပေါ်ပြီး မျှောလွင့်နေတဲ့ အစာဖြစ်ဖို့လိုပါတယ်။  

    ၆။ ရေအရည်အသွေးစစ်ပေးခြင်း 

    ရေအရည်အသွေးကို စစ်ပေးဖို့လိုပါတယ်။ ရေလှည့်ပေးဖို့လိုသလို ရေညှိ သို့မဟုတ် အပင်များ ထူထဲစွာ ပေါက်ရောက်နေပါက ဖယ်ရှားပေးဖို့ လိုပါတယ်။ 

    ၇။ မကြာခဏစစ်ဆေးပေးခြင်း 

    ကန်အတွင်းမှာရှိတဲ့ ငါးများ ပုံမှန်အခြေအနေထက်ထူးခြားတဲ့အခြေအနေ၊ အနာများ၊ အပြောက်များရှိ မရှိ စတဲ့ အခြေအနေတွေကို စစ်ပေးဖို့လိုပြီး မှတ်တမ်းထားနိုင်ရင်တော့ ပိုကောင်း ပါတယ်။ 

    ၈။ ကန်ဖော်ခြင်း 

    ကန်ဖော်တာပတ်သက်လို့ ကိုယ့်ကန်အတွင်း မွေးထားတဲ့ ငါးခူကို လိုချင်တဲ့ အရွယ်အစား၊ အလေးချိန်နဲ့ ကိုက်ညီမယ့် အချိန်ကာလကို တွက်ချက်လုပ်ဆောင်သင့်ပါတယ်။ ကန်ဖော်ရာမှာလည်း သင့်တော်တဲ့ ငါးဖမ်းကိရိယာနဲ့ နည်းစနစ်တွေ သုံးဖို့လိုပါတယ်။ ကန်ဖော်ပြီးရင်လည်း စနစ်တကျ သယ်ယူဖို့နဲ့ ထုပ်ပိုးဖို့လည်းလိုပါတယ်။ 

     

    ၉။ ဈေးကွက် ရှာဖွေခြင်း 

    ဈေးကွက်နဲ့ စပ်လျဉ်းပြီးတော့လည်း စားသုံးသူလိုအပ်ချက်ကို သိဖို့လည်း လိုအပ်ပါတယ်။ ပိုကောင်းတာကတော့ ဒေသတွင်း စားသောက်ဆိုင်တွေနဲ့ ချိတ်ဆက်နိုင်ရင် ပိုကောင်းပါကြောင်း အကြံပြု တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။

    ထွက်တိုး 

    Source: https://fourfish.org/how-to-start-catfish-farming/ 


  • article
likes
14
comments
1
views
3611