cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကာကူမင်( curcumin) ကျန်းမာရေး အကျိုးကျေးဇူးများ

. Health Articles
နနွင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ရှေးအခါက နနွင်းကို ဆေးအဖြစ် သုံးစွဲခဲ့သည်မှာ နှစ်ပေါင်း 4000 နီးပါးရှိပြီဖြစ်သည်။
  • ကာကူမင် Curcumin သည် နနွင်းတွင် အဓိက ပါဝင်ပစ္စည်းဖြစ်သည်။ နနွင်းသည် အရှေ့တောင် အာရှ တွင် ဇာတိဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်းလုံးတွင် အသုံးပြုကြသည်။ ဟင်းခတ်မှုန့်များတွင် အဓိက ဟင်းခတ်အမွှေးအကြိုင်များထဲမှ တစ်ခုဖြစ်ပြီး အိန္ဒိယတွင် လူကြိုက်အများဆုံးဟင်းခတ်မှုန့် ဖြစ်သည်။ ကာကူမင် ၏အရသာသည် ပူနွေး ခါးသက်သည့် အရသာရှိပြီး တောက်ပသော အဝါရောင်ရှိ သည်။ 

     

    နနွင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။ ရှေးအခါက နနွင်းကို ဆေးအဖြစ် သုံးစွဲခဲ့သည်မှာ နှစ်ပေါင်း 4000 နီးပါးရှိပြီဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ် အနည်းငယ်အတွင်း ခေတ်မီဆေးပညာနယ်ပယ်တွင် နနွင်း၏အနာကျက်ခြင်းအာနိသင်အတွက် သုတေသနဆောင်ရွက်ချက်များတိုးလာခဲ့သည်။ Curcumin ဓာတ်ပါဝင်သော နနွင်းတွင် ကျန်းမာရေးနှင့်ညီညွတ်သော အစွမ်းသတ္တိအရင်းအမြစ်များစွာ ပါဝင်သော သောကြောင့် သုတေသန  ပြုလုပ်ခြင်း ၏ အဓိကရည်ရွယ်ချက်ဖြစ်သည်။ 

    နနွင်း၏ တောက်ပသောအဝါ အရောင် သည် Curcumin ပါဝင်သော   (Discreet Bioactive Compound) ဇီဝဗေဒဆိုင်ရာဒြပ်ပေါင်းပါဝင်သောကြောင့် ဖြစ်ပြီး ၎င်းဒြပ်ပေါင်းကို ၂၀ ရာစု နှောင်းပိုင်းတွင် သိပ္ပံပညာရှင်များက ပထမဆုံး သီးခြားခွဲထုတ်ခဲ့ပြီး ၎င်း၏ ဘက်တီးရီးယားပိုးမွှား ဆိုင်ရာ ဆန့်ကျင်သည့်ဂုဏ်သတ္တိ များကို 1949 ခုနှစ်တွင် ပထမဆုံးပြသခဲ့သည်။ နောက်ဆက်တွဲ သုတေသနပြုချက်အရ ၎င်းတွင် ရောင်ရမ်းမှုဆန့်ကျင်ဂုဏ်သတ္တိများ၊ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ နှင့် အခြားမှတ်သားဖွယ်အကျိုး ကျေးဇူးများ စွာရှိကြောင်း သုတေသနရလာဒ်များ ထုတ်ဖော်ခဲ့သည်။ 

     

    ကျန်းမာရေးအကျိုးကျေးဇူးများ 

    Curcumin ၏ကျန်းမာရေးအကျိုးကျေးဇူးများနှင့် ပတ်သက်၍ တိတိကျကျပြောဆိုမှုများလည်း ရှိပါ သည်။ ရှေးအခါ တိုင်းရင်းဆေးအားဖြင့် အရေပြားရောဂါများ၊ အသက်အသက်ရှူလမ်းကြောင်းဆိုင်ရာ ပုံမမှန်မှုများ၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အခြားအရာ များကို ကုသရန် အသုံးပြုကြသည်။ ခေတ်မီသုတေသနပြုချက်များသည် ဤကာလရှည်လျားစွာ နားလည်ထားသော ကျန်းမာရေးအကျိုးကျေးဇူးအချို့ကို အတည်ပြုခဲ့ပြီး Curcumin ကျန်းမာရေး အကျိုးကျေးဇူးနောက်ကွယ်ရှိ ဇီဝဗေဒဆိုင်ရာ လုပ်ဆောင်ချက်များကို ဖော်ပြနိုင်ရန် အကျိုးပြုခဲ့သည်။ 

    Curcumin ပါဝင်သည့်ကျန်းမာရေးအကျိုးကျေးဇူးများ  

    အဆစ်အမြစ်ရောင်ရောဂါလက္ခဏာ သက်သာခြင်း။ 

    Osteoarthritis နှင့် Rheumatoid arthritis ကဲ့သို့ နာကျင်စေသည့်ရောဂါလက္ခဏာများကို Curcumin တွင်ပါဝင်သော ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဓာတ်သတ္တိများ ကြောင့်သက်သာစေသည်။ အဆစ်များ နီခြင်း၊ ရောင်ရမ်းခြင်း၊ ပူနွေးလာခြင်း၊ အဆစ်နာကျင်ခြင်းနှင့် အဆစ်များ တင်းမာခြင်းကဲ့သို့ ရောင်ရမ်းခြင်း ဖြစ်နိုင်ပြီး လေ့လာမှုများစွာအရ curcumin သည် ဤရောင်ရမ်းမှုလက္ခဏာများကို လျှော့ချရန် ထိရောက်ကြောင်းပြသခဲ့သည်။ 

    မျက်လုံးကျန်းမာရေး 

    လေ့လာမှုများစွာအရ curcumin သည် ရောင်ရမ်းမှုနှင့် ယိုယွင်းပျက်စီးနေသော မျက်လုံးရောဂါများကို ကုသရာတွင် အကျိုးပြုကြောင်း  ဖော်ပြကြသည်။ လေ့လာတွေ့ရှိမှု့ များစွာမရှိသော်လည်း တွေ့ရှိချက် အနည်းငယ်အရ curcumin သည် မျက်စိကျန်းမာစေရန်နှင့် အချို့သော မျက်စိရောဂါများကို ကုသရာ တွင် ကောင်းမွန်နိုင်ကြောင်း တွေ့ရှိရသည်။ 

     

    ကျောက်ကပ်ကျန်းမာရေး 

    လေ့လာမှုအရ curcumin သည် ကျောက်ကပ်ကျန်းမာရေးအတွက် အကျိုးပြုနိုင်သည် ။ အထူးသဖြင့်၊ curcumin သည် ဆိုးဝါးပြင်းထန်သောကျောက်ကပ်ဒဏ်ရာများကို သက်သာပျောက်ကင်းစေပြီး ဓာတ်တိုးဆန့်ကျင် (antioxidants) ပစ္စည်း များတိုးပွားစေပါသည်။ 

     

    ရာသီတုတ်ကွေး သို့ မဟုတ် Hay Fever သက်သာခြင်း။ 

    ရာသီတုတ်ကွေး သို့မဟုတ် အခြားသော ရာ့သီအလိုက် ဓာတ်မတည့်မှု လက္ခဏာများအပြင် နှာချေခြင်း၊ ယားယံခြင်း၊ နှာရည်ယိုခြင်းနှင့် နှာပိတ်ခြင်းတို့ သည် curcumin ကို စားသုံးခြင်းဖြင့် လျှော့ချနိုင်သည်။  

     

    ကင်ဆာကုသမှု အလားအလာ 

    Curcumin သည် ကင်ဆာကို ကာကွယ်ရန် သို့မဟုတ် ကုသပေးနိုင်ကြောင်း သက်သေပြရန် လုံလောက် သော အထောက်အထားမရှိပါ။ သို့သော်လည်း curcumin ၏ကင်ဆာရောဂါ ကုသနိုင် မှု့အလား အလာ ကိုပိုမိုနားလည် သဘောပေါက်ရန်ရည်ရွယ်သည့် လက်ရှိလေ့လာမှုများစွာရှိသည်။ အချို့သော သုတေသန ပြုချက်များအရ ၎င်းသည် ကင်ဆာဆဲလ်များပွားများနိုင်မှုကို လျှော့ချပေးနိုင်သည်။ 

    ကျန်းမာရေးအန္တရာယ်များ 

    curcumin နှင့်ဆက်စပ်သည်ဟုသိရသော ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် ကျန်းမာရေးအန္တရာယ်များ အလွန်နည်းပါးပါသည်။ သို့သော် curcumin ကို အလွန်အမင်း စားသုံးသောသူများ ပါဝင်သည့် လေ့လာမှုတစ်ခုတွင် အချို့သော ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အဝါရောင် ဝမ်းသွားခြင်းတို့ကို curcumin ဘေးထွက်ဆိုးကျိုးများ အဖြစ် ဖော်ပြခဲ့သည်။ 

     

    ပမာဏများနှင့် ဆေးပမာဏ 

    ယနေ့အချိန် အထိ Curcumin ကို ကုသမှုအတွက် သိပ္ပံနည်းကျဆေးဝါးတစ်ခုဟု မယူဆနိုင်သေးသည် အတွက် curcumin သောက်သုံးသောစံနှုန်းများကို မရရှိနိုင်ပါ။ Curcumin ကို နနွင်းနဲ့ ရောစပ်ထားတဲ့ အစားအစာတွေကနေတဆင့် ဖြည့်စွက်စာအဖြစ်စားသုံးနိုင်ပါတယ်။ သို့သော်လည်း အာဟာရ ဖြည့်စွက်စာများ မသောက်သုံးမီ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဆရာဝန် နှင့် ဆွေးနွေးရန် အရေး ကြီးပါသည် 

    ခွင့်ပြုနိုင်သောနေ့စဉ်စားသုံးမှု (ADI) တန်ဖိုးကို ဥရောပအစားအစာဘေးကင်းရေးအာဏာပိုင်အဖွဲ့က ခန္ဓာကိုယ်အလေးချိန်တစ်ကီလိုဂရမ်လျှင် 0-3 မီလီဂရမ် သို့မဟုတ် အကြမ်းဖျင်းအားဖြင့် 0-1.4 မီလီဂရမ်ဟု သတ်မှတ်ခဲ့သည်။ 

    နေ့စဉ် အစားအစာတွင် curcumin များများထည့်ရန် စိတ်ဝင်စားပါက၊ အလွယ်ဆုံးနည်းလမ်းမှာ နနွင်းကို ပိုစားရန်ဖြစ်သည်။ အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဟင်းလျာအများအပြားသည် ၎င်းတို့၏ ချက်ပြုတ်နည်းများတွင် နနွင်းကို ပုံမှန်ထည့်သွင်းကြသည်။  

    Source: Curcumin: Health Benefits, Safety Information, Dosage, and More (webmd.com) 


  • article
  • article
  • article
  • article
likes
7
comments
0
views
2372