cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် ငါးအကြံပြုချက် (မကွေးတိုင်းဒေသကြီး)

. Weather News
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ငါးမွေးကန်များအနေဖြင့် မြစ်ရေတက်နေချိန်ဖြစ်၍ ရေကြီး ရေလျှံဒဏ် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများဆောင်ရွက်ထားရန်နှင့် မိမိကန်ဘောင်ယိုစိမ့်မှုများရှိမရှိ စစ်ဆေးပေးရန်လိုအပ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ (၃ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာ မြို့နယ်များတွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၄ဝ ရာခိုင်နှုန်းမှ ၉၁ ရာခိုင်နှုန်း အထိဖြစ်ပြီး ၂၅၊ ၂၆၊ ၂၇ နဲ့ ၂၈ရက်နေ့များတွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်နိုင်ပါကြောင်း ခန့်မှန်း တင်ပြလိုက် ပါတယ်။ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကျေးရွာများအနေဖြင့် မြစ်ရေတက်ချိန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃.၈ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃.၃ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ပွင့်ဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ (၃ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၅၅)ရာခိုင်နှုန်းမှ (၉၁)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၄.၇ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    မင်းဘူးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ (၃ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၅၅)ရာခိုင်နှုန်းမှ (၉၁)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၂.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စလင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ (၃ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၄ဝ)ရာခိုင်နှုန်းမှ (၈၂)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၃.၈ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၃ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ (၃ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန်ရာခိုင်နှုန်းမှာ (၆၅)ရာခိုင်နှုန်းမှ (၈၉)ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၂.၆ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃.၃ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ငါးမွေးကန်များအနေဖြင့် မြစ်ရေတက်နေချိန်ဖြစ်၍ ရေကြီး ရေလျှံဒဏ် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများဆောင်ရွက်ထားရန်နှင့် မိမိကန်ဘောင်ယိုစိမ့်မှုများရှိမရှိ စစ်ဆေးပေးရန်လိုအပ်ပါကြောင်း အသိပေးတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။ မိုးရွာသွန်းမှုများလာတဲ့အတွက် ငါးကန်အတွင်း ရေဩဇာများလည်း တက်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ကန်ရေအပူချိန်ကျဆင်းလာ သဖြင့် ကန်အတွင်းရှိငါးများ အစာစားနှုန်းလျော့ကျ နိုင်ပါတယ်။ ဒါကြောင့်မို့ အစာကို လျော့ကျွေးဖို့ တိုက်တွန်း လိုပါတယ်။ နောက်တစ်ချက်ကတော့ မိုးရွာသွန်းသဖြင့် ကန်အောက်ရေ တိုးလာပြီး ကန်ရေလျှံခြင်း ဖြစ်ပေါ် နိုင်သဖြင့် ကာကွယ်ရေးနည်းလမ်းများဆောင်ရွက်ထားဖို့လိုပါတယ်။ ငါးသားဖောက်မွေးမြူတဲ့ ငါး တောင်သူများ အနေဖြင့် မိုးရွာချိန် ရေချဉ်ဖန်နှုန်းကျသွားတက်ပြီး ယင်း အခြေအနေဟာ အချို့ငါးသားပေါက် လေးများကို သေစေနိုင်ပါ တယ်။ အဲ့လိုအခါမျိုးမှာ မြစ်ချောင်း၊ အင်းအိုင်၊ အစရှိတဲ့ အနီးအနားရှိ သဘာဝရေ အရင်းအမြစ် များမှ ရေကို ထည့်ပေးသင့်ပါတယ်။

    Weather Source: CIAT

    ------------------

    မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
likes5comments0
views3074