cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေကျချိန် သတိထား အပင်ရောဂါ ပိုးမွှားများ

. Weather News
မိုးရာသီ၊ မိုးလယ်ကာလဖြစ်၍ စပါးခင်း များတွင် ရွက်ညိုပြောက်ရောဂါ၊ ဘက်တီးရီးယား ရွက်ခြောက် ရောဂါ၊ ပင်စည်ပုပ် ရောဂါ၊ ပင်ခြေပုပ်ရောဂါများ သတိထားကြ ရမည်။ ပဲမျိုးစုံနှင့်နှမ်းသီးနံှများတွင် ပင်ညှိုး ရောဂါ၊ သံချေးရောဂါ၊ ပင်ခြေပုပ် ရောဂါများ သတိပြုရမည်။
  • ရေကြီး ရေလွှမ်းချိန် ကြာမြင့်လျှင် သီးနှံ စိုက်ခင်းများ ပျက်စီးမှုများ နိုင်သည်။ ရက်တိုကာလ ရေကြီးခံရလျှင် ပြန်လည်ကုစား၍ရသည်။

    မည်သို့ပင်ဖြစ်စေ သီးနှံစိုက်ခင်း မှန်သမျှ ရေကြီးနစ်မြုပ်ခံရလျှင် အနည်းနှင့် အများ ပုံမှန်အခြေအနေရောက်ရန် ပြုပြင်ဆောင်ရွက်ပေးကြရသည်။ ဤတွင် မလွဲမသွေ ဖြစ်ပေါ်နိုင်သည်မှာ အပင်ရောဂါနှင့် ပိုးမွှားများ ကျရောက်နိုင်ခြင်း ဖြစ်သည်။

    မိုးရာသီ၊ မိုးလယ်ကာလဖြစ်၍ စပါးခင်း များတွင် ရွက်ညိုပြောက်ရောဂါ၊ ဘက်တီးရီးယား ရွက်ခြောက် ရောဂါ၊ ပင်စည်ပုပ် ရောဂါ၊ ပင်ခြေပုပ်ရောဂါများ သတိထားကြ ရမည်။ ပဲမျိုးစုံနှင့်နှမ်းသီးနံှများတွင် ပင်ညှိုး ရောဂါ၊ သံချေးရောဂါ၊ ပင်ခြေပုပ် ရောဂါများ သတိပြုရမည်။

    လေပါသောမိုးရွာခြင်းသည် ပဲမျိုးစုံ မှဲ့ပြောက်စွန်းရောဂါပျံ့နှံ့ပြီး ပြင်းပြင်းထန်ထန် ကူးစက်ပျံ့နှံ့နိုင်သည်။ မိုးရေနှင့် ပျံ့နှံ့နိုင်သည်မှာ ပဲရွက်ပြောက်ရောဂါဖြစ်သည်။ မိုးရေ၊ လေစိုစွတ်မှုကြောင့် ဖားဥ မှိုရောဂါဖြစ်နိုင်သည်။

    ရေဝပ်သော နှမ်းခင်းတွင် ရိုးမည်းရောဂါကျရောက်တတ်သည်။ ပိုးမွှားများသည်လည်း ရေကျသွား ချိန်တွင် ရေနှင့်အတူပါရှိလာသောဥ၊ ရုပ်ဖုံး၊ ပိုးကောင်များသည် တင်ကျန်ခဲ့ပြီး ကျရောက်ဖျက်ဆီးနိုင်သည်။

    အထူးသဖြင့် စပါးပိုးလောင်မီးသည် ရေကျချိန် ရေဝပ်ကျန်ခဲ့သော ရေအိုင်များတွင် ပေါက်ပွားတတ်သည်။ အလားတူ ရွက်လိပ် အိမ်ပိုးသည် ရေကျချိန်၌ ဖြစ်ပွားမှုများပြားသည်။ ကြက်သွန်မြိတ်ပိုးသည် ပိုးများရေကြီးသော နှစ်များတွင် ကျရောက်မှုနည်းသော်လည်း ရေကျပြီး စပါးပြန်လည်စိုက်ပျိုးသော စိုက်ခင်း၌ ကျနိုင်သောပိုး ဖြစ်သည်။

    မိုးအုံ့ တိမ်ထူလျှင် ကျရောက်တတ်သည်။ ရာသီဥတု ပြောင်းလဲမှု များလျှင် သရစ်ပိုး ကျတတ်သည်။ ဖျက်ပိုးများတွင် ရာသီဥတုနှင့် ဆက်စပ်မှု အရှိဆုံး ဖျက်ပိုးမှာ ဖြုတ်ပိုးဖြစ်သည်။ ဖြုတ်စိမ်း၊ ဖြုတ်ညို၊ ဖြုတ်ကျောဖြူ တို့တွင် ဖြုတ်ညိုကို ပို၍ဂရုပြုသင့်သည်။ စွတ်စိုမှု များလျှင် စပါးခင်း၌ ဖြုတ်ညို ဂရုပြု သင့်သည်။ ရေမပြတ် စိုက်ခင်း၌ ရှိနေလျှင် ရွက်စားယင် ဂရုပြုပါ။ သီးနှံမျိုးစုံကို ဖျက်ဆီး နိုင်သည်မှာ ငမြှောင်တောင်ဖျက်ပိုး ဖြစ်သည်။

    ရေလွှမ်းခံရသော မြစ်ကမ်းဘေး ဝဲယာ စိုက်ခင်းများ၌ ဖျက်ဆီးတတ်သည်။ စပါး၊ ပဲမျိုးစုံ၊ နှမ်းစိုက်ခင်းမှန်သမျှ ကျရောက်နိုင်သည်။ ဥများကို အရွက်အောက် ခြေ၌ ဥတတ်သည်။ ဥတွေ့သည်နှင့် ပိုးသတ် ဆေးဖျန်းခြင်း၊ ဖျက်ဆီးခြင်းပြုမှသာ ပျက်စီးမှုနည်းသည်။ ဖျက်ဆီးမှုများသော ဖျက်ပိုးဖြစ်သည်။ အထူးဂရုပြုကြသင့်ပါသည်။

    ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးများတွင် ပို၍ သတိပြုကာကွယ်နှိမ်နင်းသင့်ပါသည်။ ရေကြီး ရေလျှံ၍ ပြန်လည်စိုက်ပျိုးကြသော စပါးခင်းတွင် စိုက်ပြီးခါစအချိန်၌ ကျရောက်နိုင်သည်။ ပျိုးထောင်စိုက်ခင်းထက် တိုက်ရိုက်မျိုးစေ့ချစိုက်ခင်း၊ ကြဲခင်းများတွင် ပေါင်းမြက်ကလည်း ထူမည်ဆိုပါက ကျရောက်မှု ပိုမိုများပြားနိုင်သဖြင့် ငမြှောင်တောင်ဖျက်ပိုးသည် ရေကြီးရေလွှမ်း၊ ရေပြန် ကျချိန် သီးနှံစိုက်ခင်းမှန်သမျှ ဂရုပြုကာကွယ်နှိမ်နင်းရမည့် ဖျက်ပိုးဖြစ်ပါသည်။

    - ကိုရဲ (စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes12comments0
views3063