cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း‼️‼️

. Update and Announcement
ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။
  • ပြည်သူလူထုများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင် ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် အကြံပြုအပ်ပါသည်-

    (က) မိုးလေဝသသတင်းများကိုစဉ်ဆက်မပြတ်နားထောင်ပါ။ မိသားစုဝင်အချင်းချင်းသော်လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့် ဖုန်းများ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် များ အဆင်သင့်ရှိနေပါစေ။

    ( ခ) မိသားစုများ၊ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင် သတ်မှတ်ထားပါ။

    ( ဂ) ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။

    (ဃ) သောက်သုံးရေများ ကြိုတင်စုဆောင်းထားပါ။

    ( င) မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါကအန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။

    ( စ) အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာ ကျွတ် အစရှိသည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။

    (ဆ) တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုပါ။

    ( ဇ) မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ ဆက်သွယ်ရမည့်သူစသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင် ထားပါ။

    ( ဈ) သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ပြောင်း ရွှေ့ခိုလှုံပါ။

    (ည) ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။

    ( ဋ) ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်။

    ( ဌ) ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။

    ( ဍ) ယခုကာလတွင် အန္တရာယ်ရှိသည့်မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။ လျှပ်တပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ကို သတိ ပြုပါ။ လျှပ်တပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြု နေထိုင်ပါ။

    ( ဎ) မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။

    (ဏ) မြွေနှင့်အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

    Source: https://www.ddm.gov.mm/?p=16882

    ---


  • article
likes15comments0
views3346