cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သဘာဝအတိုင်း ကကတစ်ငါးမွေးမြူခြင်းအကြောင်း

. Fish Articles
ကကတစ်ငါးသည် အသားစားငါးမျိုးစိတ်ဖြစ်ပါသည်။ ထို့ကြောင့် ကကတစ်ငါးကို မွေးမြူပါက အောက်ပါ နည်းစနစ်များအတိုင်းမွေးမြူနိုင်ပါသည်။ မိမိတို့ဒေသတွင် သဘာဝမှ စုဆောင်းရရှိသော ကက တစ်ငါးငယ်များကို ကန်ကျယ်စနစ်၊ ရေပြင်ကျယ်တွင် မွေးမြူနိုင်ပါသည်။ အဆိုပါဒေသသည် ရေချိုရေငန်စပ် နှင့် ကမ်းရိုးတန်း‌ဒေသ ၊ ရေချို ဒေသများတွင် မွေးမြူနိုင်ပါသည်။
  • ကကတစ်ငါးသည် ပုံမှန်အားဖြင့် အထီးများသည် အမများထက်သေးငယ်ကြသည်။ ဘဝဖြစ်စဉ်အရ ရေငန်တွင် ဥချသားပေါက်ပြီး ရေချိုနှင့် ရေချိုရေငန်စပ်တွင် ကြီးထွားကြပါသည်။ သားပေါက်နိုင်သော ရာသီသည် တစ်နှစ်ပတ်လုံးဟုဆိုသော်လည်း မြန်မာနိုင်ငံကမ်းရိုးတန်းတွင် တပေါင်းလတွင်သားပေါက် များတွေ့ရှိနိုင်ပါသည်။ အဆိုပါ သားပေါက်များသည် ရေငန်ဒေသမှ ရေချို ရေငန်စပ်သို့တဖြည်းဖြည်း ရွေ့ပြောင်းကြီးထွားလာပြီး မိုးဦးကျ အချိန် နယုန်လတွင် ရေချိုရေငန်စပ်ရှိ အိုင်များ၊ ကျင်းများ နှင့် ရေချို ဒေသတွင် လယ်ကွင်းများတွင် တွေ့ရှိနိုင်ပါသည်။ အဆိုပါ ကကတစ်ငါးငယ်များသည် သဘာဝမှ ရရှိသော ငါးများဖြစ်ပါသည်။ ထို့အတူ ကကတစ်ငါးကို ဆေးထိုးသားဖောက်ပြီးမှ ငါးသားပေါက်များလည်း ယခုချိန် တွင် ထိုင်းနိုင်ငံမှ တင်သွင်းရောင်းချသည်ကို တွေ့ရှိရပါသည်။

                           ကကတစ်ငါးသည် အသားစားငါးမျိုးစိတ်ဖြစ်ပါသည်။ ထို့ကြောင့် ကကတစ်ငါးကို မွေးမြူပါက အောက်ပါ နည်းစနစ်များအတိုင်းမွေးမြူနိုင်ပါသည်။ မိမိတို့ဒေသတွင် သဘာဝမှ စုဆောင်းရရှိသော ကက တစ်ငါးငယ်များကို ကန်ကျယ်စနစ်၊ ရေပြင်ကျယ်တွင် မွေးမြူနိုင်ပါသည်။ အဆိုပါဒေသသည် ရေချိုရေငန်စပ် နှင့် ကမ်းရိုးတန်း‌ဒေသ ၊ ရေချို ဒေသများတွင် မွေးမြူနိုင်ပါသည်။ မိရိုးဖလာ သဘာဝအ‌‌‌‌‌‌လျောက်မွေးမြူမည့်‌ နေရာသည် ‌ရေချိုရေငန်စပ်‌ဒေသဖြစ်စေ၊ ရေချိုဒေသဖြစ်စေ မွေးမြူနိုင်ပါသည်။ မိုးတွင်းကာလ ရေလွှမ်းမိုးသောဒေသ ဖြစ်ရပါမည်။ ရေသွင်း ရေထုတ်ရှိသောနေရာဖြစ်ရပါမည်။ သဘာဝအလျောက် မွေးမြူမည့်နေရာတွင် ရေငန်နှုန်းသည် (၅ မှ ၁၀)ပီပီတီ အတွင်းရှိနိုင်ပါသည်။ ရေချိုလည်း ရှိနိုင်ပါသည်။ တပေါင်း တန်ခူး ကဆုန် နယုန် လများတွင် ကကတစ် ၁လက်မမှ ၃လက်မအရွယ်များ စုဆောင်းပြီး ကန်အတွင်း ထည့်သွင်းမွေးမြူနိုင်ပါသည်။ ထည့်သွင်းမွေးမြူသော ကကတစ်အရွယ်အစား မတူညီနိုင်ပါလည်း ထည့်သွင်းမွေးမြူနိုင်ပါသည်။ မွေးမြူ ထားသော ကကတစ်ငါးများ ကြိုက်နှစ်သက်သော အစာမှာ ငါးငယ်ကလေးများ ပုစွန်ဆိတ်များ နှင့် တီလားပီးယားငါးငယ်များဖြစ်ပါသည်။

               လူတို့အသုံးမလိုသောငါးငယ်များ ပုစွန်ဆိတ်ကလေးများကို ကန်းအတွင်းထည့်သွင်းပေးခြင်းဖြင့် ကကတစ်အစာကို ရရှိစေပါသည်။ သဘာဝအလျောက် ကန်ကျယ်တွင် မွေးမြူထားသော ကကတစ်အတွက် ၁၅ရက်တစ်ကြိမ်ရေထုတ်ပြီး ရေပြန်သွင်းပါက သဘာဝမြစ်ချောင်းများမှ ငါးငယ်၊ ပုစွန်ငယ်များသည် သွင်း‌ ‌သောရေတွင် ပါဝင်လာသဖြင့် ကကတစ်အတွက် အစာရရှိနိုင်ပါသည်။

               အဆိုပါသဘာဝသား‌‌ပေါက်များကို ထည့်သွင်း‌မွေးမြူပါက မွေးမြူ‌ရေးကာလ (၆)လမှ (၈) လအကြာတွင် ပြန်လည်ဖမ်းဆီးနိုင်ပါသည်။ ပြန်လည်ဖမ်းဆီး‌သော ကကတစ်အရွယ်အစားမှာ မတူညီနိုင်ကြ ပါ။ အ‌သေးဆုံးအရွယ်မှာ (၀၅)ကီလို (၃၀ကျပ်သား) နှင့်အကြီးဆုံးအရွယ်မှာ (၅)ကီလို (၃ပိဿာ) အထိရရှိ နိုင်ပါသည်။ အစာစားရသည့် ကကတစ်ငါးသည် ကြီးထွားနှုန်း ကောင်းသည်ကို‌တွေ့ရှိရပါသည်။

               သဘာဝအတိုင်း‌မွေးမြူမည်ဆိုပါက ကကတစ်ငါးမထည့်မီ ကန်အတွင်းသို့ တီလားပီးယားငါးကို (၂)လ (၃)လခန့်ကြိုတင်ထည့်သွင်း‌ မွေးမြူပါ။ ထို့‌နောက် သဘာဝမှရရှိ‌သော ကကတစ်ငါးများကိုထည့် သွင်း‌မွေးမြူပါ။ အရွယ်တူ အ‌ကောင်ငယ်များ ရရှိပါက ပိုမို‌ကောင်းမွန်ပါသည်။ တစ်ဧကလျှင် အ‌ကောင်ရေ ၂၀၀၀ မှ ၂၅၀၀ အထိသာ မွေးမြူသင့်ပါသည်။

    #ကန်နှင့်မွေးမြူခြင်း၊လှောင်အိမ်ဖြင့်မွေးမြူခြင်း(cageculture)၊ခြံခတ်မွေးမြူခြင်း၊pen cultureတို့အကြောင်းကိုဆက်လက်ဖော်ပြပေးသွားပါမည်။ 

    ဦးဆန်းအောင်

    ထွက်တိုး


  • article
likes
10
comments
0
views
2776