cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးရံ့မျိုးကွဲများအကြောင်း

. Fish Articles
ငါးရံ့များအကြောင်း
  • ဒီတစ်ပတ်မှာတော့ ငါးရံ့မျိုးကွဲများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါတွေကတော့

    ၁။ Northern Snakehead (Channa argus)

    ကိုယ်လုံးမှာ နောက်ခံ ကြေးနီရောင်ပေါ်မှာ ညိုမဲရောင် အစက်အပြောက်အကွက်များတွေ့ရတတ်ပါတယ်။ အမေရိကန်နိုင်ငံ၊ တရုတ်၊ ကိုရီးယားနဲ့ ရုရှားနိုင်ငံတွေမှာလည်း တွေ့ရတတ်ပါတယ်။ အကောင်ကြီး မျိုးဖြစ်ပြီး ၄ ပေအရှည်အထိရှိတတ်ပါတယ်။ အာရှနိုင်ငံတွေမှာလည်း တွေ့ရတတ်ပါတယယ်။

    ၂။ Giant Snakehead (Channa micropeltes)

    ဒီမျိုးစိတ်ကတော့ ငါးရံ့မျိုးစိတ်တွေထဲမှာ အကြီးဆုံးမျိုးစိတ်ဖြစ်ပါတယ်။ လက်မ ၄၀ မှ ၅၀ အထိရှိ တတ်ပြီးး မလေးရှားကဲ့သို့သော နိုင်ငံတွေမှာ တွေ့ရတတ်ပါတယယ်။

    ၃။ Great Snakehead (Channa marulius)

    အကောင်ကြီးမျိုးဖြစ်ပါတယ်။ အရှည် ၂၀ လက်မမှ ၂၄ အထိရှိတတ်ပါတယ်။ ထူးခြားချက်ကတော့ ဝမ်းဗိုက်ဟာ မီးခိုးရောင် ရှိနေတာပါဘဲ။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ တောင်တရုတ်မှာလည်းတွေ့ရနိုင်ပါတယ်။

    ၄။ Splendid Snakehead (Channa lucius)

    ဒီငါးရံ့ရဲ့ထူးခြားချက်ကတော့ သစ်တောတွေထဲမှာရှိတဲ့ စမ်းချောင်း၊ ကန် အစရှိတဲ့ နေရာတွေမှသာ တွေ့ရတတ်ပါတယ်။ တစ်ကိုယ်လုံးမှာ ကြေးနီရောင်အခံပေါ်မှာ ညိုမဲရောင်အကွက်တွေ တွေ့နိုင်ပါတယ်။ ၁၄ လက်မမှ ၁၆ လက်မအရှည်အထိ ရှိနိုင်ပါတယ်။ အင်းဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ကဗ္ဘောဒီးယားနိုင်ငံတွေမှာ အတွေ့ရများပါတယ်။

    ၅။ Emperor Snakehead (Channa marulioides)

    အကောင်ကြီးမျိုးဖြစ်ပါတယ်။ အရှည် ၂၂ လက်မမှ ၂၆ လက်မအထိရှိနိုင်ပါတယ်။ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်းတွေ့နိုင်ပါတယ်။ ညိုမဲရောင်ဒေါင်လိုက်အကွက်တွေနဲ့ ကြေးနီရောင်အကွက် တွေကို တွေ့နိုင်ပါတယ်။

    ၆။ Blotched Snakehead (Channa maculata)

    ဒီငါးရံ့မှာတော့ ညိုမဲရောင်အကွက်တွေကို ခန္တာကိုယ်အနှံ့တွေ့နိုင်ပါတယ်။ တရုတ်နဲ့ ဗီယက်နမ်က အရင်းခံလာပြီး မက်ဒါဂက်စကာနိုင်ငံနဲ့ ဂျပန်နိုင်ငံတွေမှာ လည်းတွေ့ရပါတယ်။ ၁၂ လက်မမှ ၁၄ လက်မ အထိအရှည်ရှိတတ်ပါတယ်။ အခြားငါးရံ့တွေနဲ့ မတူတာက မိဘနှစ်ပါးက သူတို့ရဲ့ ဥတွေ၊ အကောင်ပေါက် လေးတွေကို ကာကွယ်စောင့်ရှောင့်တက်တဲ့ အလေ့ရှိတာကို တွေ့ရပါတယ်။

    ၇။ Chevron Snakehead (Channa striata)

    ဒီမျိုးစိတ်ရဲ့ ထူးခြားချက်ကတော့ ဒေါင်လိုက်အစင်းကြောင်းတွေတွေ့ရတတ်ပါတယ်။ အကောင်ကြီး မျိုးဖြစ်ပြီး ၂ ပေခွဲအထိရှိတတ်ပါတယ်။ သီရီလင်္ကာနိုင်ငံ၊ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ နီပေါနိုင်ငံ တွေမှာလည်း တွေ့ရတတ်ပါတယယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒီငါးရံ့ကို ရွံ့/နွံ ငါးလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။

    ထွက်တိုး

    https://a-z-animals.com/blog/types-of-snakehead-fish/

    ----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
9
comments
0
views
2751