cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေကြီးရေလျှံမှု အန္တရာယ် ‼️‼️

. Weather News
ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းစတဲ့ နေရာဒေသတော်တော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေတာကြောင့် ဒေသခံပြည်သူအများစုလမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေသလို စိုက်ခင်းများလည်း ရေနစ်မြုပ်ခံစား‌နေရကြောင်း သိရပါတယ်။
  • မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး (6) ခုထက်မနည်း ဒီရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။

    ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းစတဲ့ နေရာဒေသတော်တော်များများမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေတာကြောင့် ဒေသခံပြည်သူအများစုလမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေသလို စိုက်ခင်းများလည်း ရေနစ်မြုပ်ခံစား‌နေရကြောင်း သိရပါတယ်။  

    ဇူလိုင်လ ၂၉ရက်နေ့အထိ မိုးဆက်လက်ရွာနိုင်သေးကြောင်း သိရသဖြင့် အားလုံးဘဲ ဂရုစိုက်ကြပါ။

    ဇူလိုင်လကုန်မှာတော့  မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဆီသို့ မိုးလှည့်သွားနိုင်ကြောင်း မိုးလေဝသပညာရှင်များ ခန့်မှန်းထားသဖြင့် မိုးအား လျော့ကျသွားစေနိုင်ပါတယ်။

    ရေဘေးဒုက္ခကြုံတွေ့နေကြရသူတွေ ရေအမြန်လျော့ကျ သွားပါစေ။ အန္တရာယ်ကင်းကြပါစေ။

    ရေဘေးကယ်ဆယ်ကူညီနေကြသူများအားလုံးလည်း ကျေးဇူးတင်မိပါတယ်။ ရိက္ခာ လှူဒါန်းသူများလည်း ပိုမိုလှူဒါန်းနိုင်ကြပါစေ။

    မြန်မာပြည်သူအပေါင်း ကပ်ကြီး ၃ပါးမှ အမြန်ကျော်လွှားနိုင်ပါစေ။

    (မူရင်းဓာတ်ပုံပိုင်ရှင်များအား crdပေးအပ်ပါသည်။)

    --

    မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
  • article
  • article
  • article
  • article
likes23comments1
views3561