cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၂၂.၇.၂၀၂၄ မှ ၂၆.၇.၂၀၂၄)

. Market Analysis
ပဲပုပ်ဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်ပါတယ်။ ဆီအတွက် စက်ပိုင်တွေ ဝယ်ယူတာ များတဲ့ အတွက် ဈေးမြင့်တက်လာတာလို့ သိရပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ဘဏ်တွေကနေ ပုံမှန်ငွေသွင်းငွေထုတ် ပြုလုပ် နိုင်ပြီ ဖြစ်ပေမယ့် ပြည်ပပို့ကုန် ပဲတွေ ဖြစ်တဲ့အတွက် ငွေပေးချေမှုမှာတော့ အခက်အခဲ ရှိသေးတယ်လို့ သိရပါတယ်။ ပြည်တွင်းမှာတော့ ငွေလဲလှယ်နှုန်းဈေးမြင့်တက်နေတာတွေကြောင့် အရောင်းအဝယ်က အေးနေတယ်လို့ ကုန်သည် အချို့က ဆိုပါတယ်။

    မတ်ပဲက အိန္ဒိယနိုင်ငံတွင်းမှာပါ ကျဆင်းနေတာ ဖြစ်ပေမယ့် အကျဈေးကို စောင့်ပြီး ဝယ်ယူတာ တွေ ရှိတဲ့အတွက် မတ်ပဲက အများကြီး ကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက ခန့်မှန်းထားကြပါ တယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ မုတ်သုံမိုးရွာသွန်းမှုဟာ ပုံမှန်ထက် ကျော်လွန်နေတာ ဖြစ်လို့ မိုးများပါက မိုးစိုက်မတ်ပဲတွေ အပျက်အစီးဆုံးရှုံးမှုတွေ ရှိလာနိုင်လို့ လက်ရှိ အခြေအနေဈေးကွက် ကတော့ ခန့်မှန်းရခက်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ လက်ရှိမှတော့ အရေးယူ စောင့်ကြည့်တာတွေ ရှိလို့ ဈေးကွက်အတွင်း ဈေးအေးဈေးကျဆင်းနေပါတယ်။

    အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQက တစ်တန်ကို ရူပီး ၈၈၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၀၀ ရူပီး ‌ဈေးကျဆင်းပါတယ်။

    ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၆၂၀၀၀ ရှိခဲ့ပါတယ်။ တနင်္လာနေ့ မှာတော့ တစ်တန်ကို ၃၃၄၅၀၀၀၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၃၃၄၅၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၃၃၃၀၀၀၀၊ ကြာသပတေးနေမှာတော့ တစ်တန်ကို ၃၃၅၀၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁၂၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

    (SQ/RC) ကတော့ တစ်တန်ကို ၃၆၆၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၂၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၅၁၅ မှ ၅၅၅၀ ပေါက် ဈေးရှိပြီး တစ်ပိဿာကို ၁၀ ကျပ်ဈေးကျဆင်းပါတယ်။

    မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၉၅၅ မှ ၉၆၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၁၀ ဒေါ်လာ ဈေးကျဆင်းပါတယ်။ လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေး ငွေကျပ် ၅၀၀၀ ကျော်ထိ ရောက်ရှိနေတယ်လို့ ဈေးကွက်အတွင်း စုံစမ်းသိရှိရပါတယ်။

    ငွေလဲလှယ်နှုန်းဈေးမြင့်တက်နေတဲ့အတွက်ကြောင့်သာ မတ်ပဲက တစ်တန်ကို သိန်း ၃၀ ကျော် ပတ်ချာ လည် ရှိနေတာ ဖြစ်ပါတယ်။

    ကုလားပဲ

    ကုလားပဲကတော့ ၂ ပတ်ဆက်တိုက် ဈေးမြင့်တက်လာပါတယ်။ ငွေကြေးလဲလှယ်‌စျေးကြောင့် ဈေးမြင့်တက်လာတာ ဖြစ်ပြီး ဈေးကွက်အတွင်းမှာတော့ အရောင်းအဝယ်အေးတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ကုလားပဲလုံးဈေးကွက်က မဖွင့်ပါဘူး။ ကုလားပဲ ခြမ်းကတော့ တစ်ပိဿာကို ၅၅၇၅ မှ ၅၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးတက်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ကုလားပဲလုံးv2 က တစ်အိတ်ကို ၂၄၇၀၀၀ မှ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကုလားပဲ 929 က တစ်အိတ်ကို ၂၄၀၀၀၀ မှ ၂၄၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ကုလားပဲ(v7) က တစ်အိတ်ကို ၂၅၃၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ်က ကတော့ ၂၃၇၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

    နယ်ဈေးကွက်တွေမှာလည်း ကုလားပဲ တစ်တင်းကို ၁၀၀၀ ကနေ ၂၀၀၀ ကြား ဈေးမြင့်တက်လာ ပါတယ်။

    ပဲပုပ်

    ပဲပုပ်ဈေးကတော့ ဆက်တိုက်ဈေးမြင့်တက်ပါတယ်။ ဆီအတွက် စက်ပိုင်တွေ ဝယ်ယူတာ များတဲ့ အတွက် ဈေးမြင့်တက်လာတာလို့ သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ ပဲပုပ်(ဆီတိုး)က တစ်ပိဿာကို ၄၀၈၀ မှ ၄၄၂၀ ရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ်ဈေးတက်လာပါတယ်။ အထွက်တိုးကတော့ တစ်ပိဿာကို ၄၁၆၅ မှ ၄၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲပုပ်(ဗမာ)က တစ်အိတ်ကို ၂၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ပဲပုပ်(ရှမ်း)ကတော့ တစ်အိတ်ကို ၂၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

    ကြက်သွန်ဖြူ

    အမြင့်ဈေးနဲ့ရှိနေတဲ့ ကြက်သွန်ဖြူက ‌စျေးပြန်ကျဆင်းလာပါတယ်။ ဈေးကွက်ထဲ အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်တဲ့အတွက် အဝယ်လျော့သွားပြီး ဈေးကျဆင်းသွားတာလို့ သိရပါတယ်။ ဈေးမြင့်တက်တဲ့အတွက် ရောင်းချမှုကလည်း များလာပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၂၀၀ မှ ၁၀၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျဆင်းပါတယ်။

    ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၂၀၀၀ မှ ၁၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။

    AMIA

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes7comments0
views2580