cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မိုးကြီးရေလျှံခြင်း နှင့် အတူ သတိထားရမည့် ရွှေခရု

. Pests Management
ခရုလေးတွေက ရေသွင်း ရေထုတ်မြောင်းကနေ တဆင့် ကိုယ့်အခင်းထဲကို ဝင်ရောက်လာတာပါ။မိုးကြီးလေကြီးတဲ့ အချိန် စိုက်ခင်းရေမြှုပ်တဲ့ အချိန် အခင်းထဲ ဝင်ရောက်နိုင်ပါတယ်။
  • မိုးကြီးရေလျှံသော အချိန်၊ စိုက်ခင်းရေမြှုပ်တဲ့ အချိန် မှာ အခြားအခင်းထဲက ရွှေခရုတွေက မိမိအခင်းထဲ ဝင်ရောက်နိုင်တဲ့ အတွက် အသိပြုကြဖို့ ထွက်တိုးက ရွှေခရုအကြောင်း ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။

    ခရုမျိုးပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် စပါးကို တော်တော်ဆိုးဆိုးဝါးဝါးဖြစ်စေတဲ့ ခရုအမျိုးအစား (၂) မျိုးရှိပါတယ်။ သိပ္ဗံနာမည်တွေကတော့ Pomacea canaliculata ရယ် Pomacea maculate ဖြစ်ပါတယ်။ မြန်မာလို အခေါ်ကတော့ ရွှေခရုပါပဲ။

    သူတို့က နုတဲ့ပျိုးပင်တွေ ထွက်ခါစ ပျိုးပင်တွေကို ကြိုက်နှစ်သက်တယ်။ ပြီးတော့ ပင်စည်တွေ ကိုက်ဖြတ်ပါတော့တယ်။

    ခရုလေးတွေက ရေသွင်း ရေထုတ်မြောင်းကနေ တဆင့် ကိုယ့်အခင်းထဲကို ဝင်ရောက်လာတာပါ။မိုးကြီးလေကြီးတဲ့ အချိန် စိုက်ခင်းရေမြှုပ်တဲ့ အချိန် အခင်းထဲ ဝင်ရောက်နိုင်ပါတယ်။

    အကယ်၍ ရေမရှိဘူး ဆိုရင်တောင်မှ ရွှံ့ထဲ ခိုအောင်းနိုင်ပါတယ်။ ခိုအောင်းတဲ့ကာလက ၆ လ ကျော်လောက်ဖြစ်ပါတယ်။ အခင်းထဲကို ရေ ရောက်လာတာနဲ့ ခရုလေးတွေ ခိုအောင်းတဲ့နေရာက ထွက်လာပါလေရော။

    တိုက်ရိုက်စိုက်တဲ့ စပါးပဲ ဖြစ်ဖြစ် ရွှေ့စိုက်တာပဲဖြစ်ဖြစ် စပါးပင်သက်တမ်း ၃၀ ရက်သားအထိ အပင်က ခံနိုင်ရည်မရှိပါဘူး။ ၃၀ ရက်သား ကျော် ၄၀ ရက်သား ဆိုရင်တော့ အပင်က ခံနိုင်ရည်ရှိလာပါတယ်။

    ခရုလေးတွေက စပါးခင်းရဲ့ ၁ မီတာပတ်လည် (၁၅၅၀ လက်မပတ်လည်) ကို တညတည်း နဲ့စားပစ်နိုင်ပါတယ်။ အထွက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကိုထိခိုက်နိုင်ပါတယ်။

    ခရုကိုနိုင်နင်းရန်အတွက် မြေစပြင်ကတည်းက မြေအောင်းဆေးထည့်တာတွေ ပြုလုပ်ပေးရပါမယ်။

    ရေသွင်းရေထုတ်မြောင်းတွေမှာလဲ စကာတပ်ပေးတာပဲဖြစ်ဖြစ်လုပ်ထားသင့်ပါတယ်။ ခရုတွေက ရေ ၂ စင်တီမီတာနဲ့ အောက်ဆိုရင် ခရုလေးတွေက သွားရခက်လို့ မသွားတတ်တော့ပါဘူး။

    အဓိက အပင်ငယ်စဉ်အချိန်သေချာဂရုစိုက်ရပါမယ် (တိုက်ရိုက်အစေ့ချစိုက်တယ်ဆိုရင် ၂၁ရက်သားအထိ၊ ရွှေ့စိုက်တယ်ဆိုရင် စိုက်ပြီး ၁၀ ရက်သားအထိ သေချာဂရုစိုက်ရပါမယ်)။

    စပါးပင်က ခံနိုင်ရည်ရှိသွားပြီဆိုရင် ခရုက စပါး အစား ပေါင်းမြက်လေးတွေကိုစားပါတယ်။

    ခရုကိုကာကွယ်ရန်အတွက် စပါးခင်းတွေထဲမှာ တုတ်၊တိုင်လေးတွေကိုစိုက်ထားပေးပါ သူတို့လာဥပါတယ် အဲ့ဒီအခါကျရင် အလွယ်တကူ ကောက်ပြီး ဖျက်ဆီးပစ်လို့ရပါတယ်။

    မနက်စောစော နဲ့ ညနေပိုင်းလောက်မှာခရုတွေထွက်လေ့ရှိပါတယ်။ အဲ့ ဒီအချိန် ခရုတွေလက်ဖြင့်ကောက်ပြီး ဖျက်ဆီးလို့ရပါတယ်။

    လုံးဝလက်ဖြင့်လည်း မထိန်းချုပ်နိုင် ရေသွင်းရေထုတ်ဖြင့်လည်းမနိုင်နင်းနိုင်ပါက ခရုသတ်ဆေးဖျန်းပြီးနိုင်နင်းနိုင်ပါတယ်။

    Source: http://www.knowledgebank.irri.org/.../golden-apple-snails

    -----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
13
comments
3
views
4058