cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲတီစိမ်း အရောင်းအဝယ်အေးပြီး စျေးအနည်းငယ် ကျဆင်း

. Market News
မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ ဇူလိုင်လ ၂၇ ရက်က ပဲတီစိမ်း (ညာ)၅၆.၂၅ပိဿာ တစ်အိတ်လျှင် ၁၇၅၀၀၀ မှ ၂၂၃၀၀၀အထိ ရှိခဲ့ပြီး လက်ရှိ ပဲတီစိမ်း (ညာ) ၅၆.၂၅ပိဿာ တစ်အိတ်လျှင် ၁၇၅၀၀၀ မှ ၂၁၉၀၀၀ အထိ ကျဆင်းသွားကြောင်း တွေ့ ရသည်။
  • ပြည်ပ ဝယ်လိုအား နည်း၍ ပဲတီစိမ်း စျေးကွက် အေးပြီး စျေးအနည်းငယ် ကျဆင်းနေကြောင်း ပဲကုန်သည် တချို့ထံမှ သိရသည်။

    တရုတ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေး အပြင် အခြားသော အခက်အခဲများရှိနေသော ကြောင့် စျေးကွက်အေးနေခြင်း ဖြစ်ကြောင်းသိရသည်။

    ထို့ကြောင့် ဇူလိုင် နောက်ဆုံးပတ်အတွင်း ပဲတီစိမ်းအပြင် ပဲမျိုးစုံစျေးပါ အရောင်းဝယ်အေးပြီး စျေး အေးနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

    မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ ဇူလိုင်လ ၂၇ ရက်က ပဲတီစိမ်း (ညာ)၅၆.၂၅ပိဿာ တစ်အိတ်လျှင် ၁၇၅၀၀၀ မှ ၂၂၃၀၀၀အထိ ရှိခဲ့ပြီး လက်ရှိ ပဲတီစိမ်း (ညာ) ၅၆.၂၅ပိဿာ တစ်အိတ်လျှင် ၁၇၅၀၀၀ မှ ၂၁၉၀၀၀ အထိ ကျဆင်းသွားကြောင်း တွေ့ ရသည်။

    ထို့အပြင် အောင်လံ ကုန်စည်ဒိုင်တွင် ဇူလိုင်လ ၂၅ရက်နေ့က ပဲတီစိမ်း ပိဿာ ၂၀ တစ်တင်းလျှင် ၆၉၀၀၀ ကျပ် အထိ ရှိ ခဲ့ပြီး လက်ရှိ ပဲတီစိမ်း ပိဿ ၂၀ တစ်တင်းလျှင် ၆၀၀၀၀ မှ ၆၂၀၀၀ကျပ် အထိ ကျဆင်းသွားကြောင်း သိရသည်။

    “ ပဲတီစိမ်းစျေးက အရောင်းဝယ်အေးပြီး စျေးကျဆင်း သွားတယ်။ FOBစျေး နှုန်းလဲ ကျနေတယ်။ လက်ရှိ စျေးကွက် အနေအထား အရကတော့ အောင်လံ နဲ့ မန္တလေး ကုန်စည်ဒိုင် မှာ စျေး ကျပြီး ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင် မှာတော့ ပဲတီစိမ် စျေးက စျေးငြိမ်နေတယ်။” ဟုမန္တလေး မြို့ မှ ပဲကုန်သည်တဦး ကပြောသည်။

    ဘုရင့် နောင် ကုန်စည်ဒိုင်တွင် ပဲတီစိမ်း (ပခုက္ကူ) တစ်ပိဿာလျှင် ၃၀၀၀ မှ ၃၃၃၅ ကျပ် ၊ပဲတီစိမ်း (ခရမ်း ရွေဝါ)တစ်ပိဿာလျှင်၄၂၅၀ ကျပ် ၊ပဲခူး ရွှေဝါ တစ်ပိဿာလျှင်၄၀၀၀ ကျပ် ဖြင့်

    ဇူလိုင်လ နောက်ဆုံး ပတ် အတွင်း စျေး ငြိမ် လျက်ရှိ ကြောင်း သိရသည်။

    မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ဧပြီလ ၁၉ရက်နေ့ မှ ဇူလိုင် ၁၉ရက်နေ့ အထိ ပင်လယ်ရေကြောင်းမှ (၇၄၈၆၄၃.၁၅၅)တန် နှင့် နယ်စပ်မှ တဆင့်( ၂၆၆၅၂.၀၅၃)တန် စုစုပေါင်း (၇၇၅၂၉၅.၂၀၈) တန် အထိ တင်ပို့ထားကြောင်း သိရသည်။

    အဆိုပါ ပဲမျိုး စုံ အနက် ပဲတီစိမ်း အနေဖြင့် ပြည်ပသို့ ၂၅၃၃၆၈.၀၂၇ တန်ချိန်အထိ တင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။

    သို့သော် FOB ရန်ကုန်ပေါက်စျေး အနေဖြင့် စျေး ကျဆင်းသွားပြီး FAQ အညာ လျှင် ၇၀၀မှ ၇၁၀ ဒေါ်လာ၊ ရွှေဝါအကြီး လျှင်၈၅၀ မှ ၈၆၀ ၊ရွှေဝါအသေး ၇၄၀ မှ ၇၅၀ ပေါက်စျေး ထိ ကျဆင်းလျက်ရှိ ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရသည်။

    “ တရုတ် ဘက်ကို အဓိက ကုန်သွယ် နေတဲ့ မူဆယ်၊လား ရှိုး ၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ မှာ ပြည်တွင်းစစ်တွေ ဖြစ်နေတော့ လမ်းပန်း ဆက်သွယ်ရေး အဆင်မပြေတာတွေကြောင့် အရောင်းအဝယ်အေးနေတာလို့ ပဲ ပြောရမယ်။ အရောင်းအဝယ်မသွက်ဘဲ ဈေးနှုန်းကျဆင်းတဲ့ သဘောပါ။ အဓိက တရုတ်ကဘဲ ပဲတီစိမ်းကို ဝယ် တာဆိုတော့ တခြားအခက်ခဲတွေကြောင့် တရုတ်ဘက်က အဝယ်နည်းသွားလို့ စျေးကျသွားတယ်လို့ပဲ ထင်တယ်။” ဟု အောင်လံ မှ ပဲကုန်သည်တစ်ဦး ပြောသည်။

    ပဲတီစိမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်းနှုန်းအထိ အဓိက ဝယ်ယူလျက်ရှိပြီး ၁၀ ရာခိုင်းနှုန်းမှာ ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ ဝယ်ယူလျှက်ရှိကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes5comments0
views2335