cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)   

. Weather News
၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၆) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာ မြို့နယ်များတွင် ဇူလိုင်လ (၃၁)ရက်နေ့တွင် မိုးရွာနိုင်ချေရှိပြီး ရွာရန် ၉၂ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းအထိရှိပါတယ်။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၆) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာ မြို့နယ်များတွင် ဇူလိုင်လ (၃၁)ရက်နေ့တွင် မိုးရွာနိုင်ချေရှိပြီး ရွာရန် ၉၂ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်းအထိရှိပါတယ်။ ကျန်ရက်များမှာတော့ ရွာနိုင်ချေနည်းပြီး ရံဖန်ရံခါ မိုးအုံ့နိုင် ပါတယ်။ လာမယ့် ဩဂုတ်လမှာတော့ မိုးရွာမည့် အကြိမ်ရေများမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၂.၇ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃.၂ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ပွင့်ဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၆) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဇူလိုင်လ (၃၁)ရက်နေ့နဲ့ ဩဂုတ်လ (၁)ရက်နေ့တို့တွင် မိုးရွာမည်ဖြစ်ပါကြောင်း ရွာရန် ရာခိုင်နှုန်းမှာ ၉၄ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအထိဖြစ်ပါကြောင်း၊ ကျန်ရက်များတွင် ရွာနိုင်ချေနည်းပါကြောင်း ခန့်မှန်းတင်ပြလိုက် ပါတယ် ခင်ဗျာ။

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၂.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    မင်းဘူးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၆) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဇူလိုင်လ (၃၁)ရက်နေ့တွင် မိုးရွာမည်ဖြစ်ပါကြောင်း ရွာရန် ရာခိုင်နှုန်းမှာ ၉၆ ရာခိုင်နှုန်းအထိဖြစ်ပါ ကြောင်း၊ ကျန်ရက်များတွင် ရွာနိုင်ချေနည်းပါကြောင်း ခန့်မှန်းတင်ပြလိုက်ပါတယ်ခင်ဗျာ။

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၂.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၅ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စလင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၆) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဇူလိုင်လ (၃၁)ရက်နေ့တွင် မိုးရွာမည်ဖြစ်ပါကြောင်း ရွာရန် ရာခိုင်နှုန်းမှာ ၉၂ ရာခိုင်နှုန်းအထိဖြစ်ပါ ကြောင်း၊ ကျန်ရက်များတွင် ရွာနိုင်ချေနည်းပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃၂.၇ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၂ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၆) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဇူလိုင်လ (၃၁)ရက်နေ့တွင် မိုးရွာမည်ဖြစ်ပါကြောင်း ရွာရန် ရာခိုင်နှုန်းမှာ ၉၆ ရာခိုင်နှုန်းမှ ၉၇ ရာခိုင်နှုန်း အထိဖြစ်ပါကြောင်း၊ ကျန်ရက်များတွင် ရွာနိုင်ချေနည်းပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    တစ်ပတ်တာ ပျှမ်းမျှ အမြင့်ဆုံးအပူချိန်အနေဖြင့် ၃ဝ.၂ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၃.၂ အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    အညာမှာ မိုးတွေလာတော့မှာ ဖြစ်တဲ့အတွက် မှိုရောဂါကျရောက်တက်တာမို့ ကြိုတင်ပြင်ဆင်နိုင်ရေး အကြံပြုတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

    ပဲတီ/မတ်ပဲတွေမှာ မိုးများပြီး အစိုဓါတ်များရင် မှိုရောဂါများဝင်လာတတ်ပါတယ်။ သံချေး၊ရွက်ပြောက်၊ ဖားဥမှို၊ အပင်ခြေမှိုစွဲပုပ် စသည်ဖြင့် ဝင်လာတတ်ပါတယ်။ မိုးရွာပြီးပြီးချင်း ခြေနင်းခံတာနဲ့ မန်ကိုမဂ်၊ မက်တယ်လဇီ၊ ထရိုင်ရာဇိုး အုပ်စုဝင် မှိုဆေးများကြိုတင်ပက်ဖျန်းကာကွယ်ပါ။

    ပုလဲ မြေဩဇာ သီးသန့်အလွန်အကျွံ သုံးခြင်းမျိုးရှောင်ကြဉ်ပါ။

    မိုးရွာပြီး နေပွင့်လာရင် စိုထိုင်းဆနဲ့အပူချိန်မြင့်လာပြီး ဖားဥမှိုရောဂါ ဝင်ရောက်မှု ပိုမိုဆိုးရွားတတ်ပါ တယ်။ မတ်ပဲမှာဆာကိုစပိုးရားရွက်ပြောက်အထူးဂရုပြုပါ။ အထက်ဖော်ပြပါမှိုဆေးများ ကြိုတင်ပက် ဖျန်းပါ

    ရေသွင်းစိုက်ဧရိယာများ ရေထုတ်ကတွတ်ကြိုဖွင့်ပေးထားပါ။

    အချို့စိုက်ခင်းတွေမှာ ပဲဂျပိုးစိမ်းကျတတ်ပါတယ်။ မိုးတွေရွာတယ်ဆိုပြီး ပိုးကျရောက်မှုကို မပေါ့ဆ ပါနှင့်၊ကွင်းအမြဲဆင်း စစ်ဆေးပေးပါ။

    NPK+အနည်းလိုအာဟာရဓါတ်များ ပါဝင်တဲ့ ကွန်ပလပ်စ် မြေဩဇာများ ကျွေးပေးနိုင်ရင် အကောင်း ဆုံးပါ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရေကြီးရေလျှံတာတွေ ဖြစ်နေတဲ့အတွက် ငါး/ပုဇွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ-

    မိမိငါးကန်ဘောင်ကို သဲအိတ်များဖြင့် ကာရံပြီး ဘောင်မြင့်တင်ထားရန်၊

    အနိမ့်ပိုင်း ရေဝင်နိုင်သောနေရာများတွင် သင့်တော်သော ပိုက်များကာရံထားရန်၊

    အစာကို သတ်မှတ်နှုန်းတားထက်လျော့ကျွေးရန်၊

    ရေလွှမ်းထားသောကန်များ ရေပြန်ကျချိန်တွင် ကန်သန့်ရှင်းရေးဆောင်ရွက်ရန်၊

    ရေပြန်ကျချိန်တွင် ငါးရိုင်းဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်ရန်၊

    Weather Source: CIAT

    -----

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes10comments0
views2625