cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကန်ဖြင့် ကကတစ်ငါးမွေးမြူခြင်း

. Fish Articles
ကကတစ်သား ပေါက် အငယ် (၁၅)ရက်မှ စတင်မွေးမြူလျှင် ရေငန်နှုန်း (၅)မှ (၁၀)ပီပီတီ အတွင်း ထားရှိပါက ပိုမိုကောင်းမွန်ပါ သည်။ ကကတစ်သားပေါက် (၃-၄)လအရွယ်ရောက်လျှင် ရေငန်းနှုန်းကို လျှော့ချပြီးမွေးမြူပါ။
  • ကန်ဖြင့် မွေးမြူခြင်းလုပ်ငန်းတွင် အရွယ်တူ/ အသက်တူ ကကတစ်သားပေါက်များလိုအပ်ပါသည်။ ကန်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ကန်ရေ အရည်အသွေးထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရ ပါမည်။ ဆေးထိုးသားဖောက်လုပ်ငန်းမှ ရရှိသော ကကတစ်သားပေါက်များကို ကန်အတွင်းသို့မထည့်မှီ ကန် ပြင်ဆင်ခြင်းလုပ်ငန်းကို အောက်ပါအတိုင်းဆောင်ရွက်ရပါမည်။ မွေးမြူမည့်ကန်ကို အခြောက်လှန်းပေးရပါ မည်။ တစ်ဧကလျှင် နွားချေး ပိဿာ ၂၅၀ ခန့်ထည့်သွင်းပေးရပါမည်။ ထုံးပိဿာ ၃၀မှ ၁၂၀ပိဿာ လိုအပ်ပါသည်။ ယူရီးယားပုလဲ (၆၃)ပိဿာ နှင့် တီစူပါ မြေဩဇာ (၃၂)ပိဿာခန့်လိုအပ်ပါသည်။ ကကတစ်မွေးမြူမည့်ကန်သည် အနည်းဆုံး ဧက တမတ် (၀.၂၅)ဧက ရှိဖို့လိုအပ်ပါသည်။ ကန်ရေအနက် (၆)ပေ ရှိရပါမည်။ ကကတစ်သား ပေါက် အငယ် (၁၅)ရက်မှ စတင်မွေးမြူလျှင် ရေငန်နှုန်း (၅)မှ (၁၀)ပီပီတီ အတွင်း ထားရှိပါက ပိုမိုကောင်းမွန်ပါ သည်။ ကကတစ်သားပေါက် (၃-၄)လအရွယ်ရောက်လျှင် ရေငန်းနှုန်းကို လျှော့ချပြီးမွေးမြူပါ။ သက်ကြီးကောင် ဘဝရောက်လျှင် ရေချိုတွင် ပိုမိုကြီးထွားနှုန်းကောင်းသဖြင့် ရေငန်နှုန်းကို လျှော့ချပါ။ ကကတစ်မွေးပါက တစ်မျိုး တည်းမွေးမြူခြင်းထက် ရောနှောမွေးမြူခြင်းစနစ်သည် ပိုမိုကောင်းမွန်ပါသည်။

    ကန်ကိုအခြောက်ခံပြီး ထုံးပက်ပေးပါ။ ၃-၄ရက်ကြာချိန်တွင် သဘာဝမြေဩဇာဖြစ်စေ၊ ဓါတုမြေဩဇာ ဖြစ်စေ အထက်တွင်ဖော်ပြထားသည့်အတိုင်း ထည့်သွင်းပါ။ ထို့နောက် ရေကို (၂)ပေခွဲ သွင်းပေးပါ။ မိုးရေထက် သဘာဝ မြစ် ချောင်းရေကိုသာ သွင်းပေးပါ။ (၃)ရက်မှ (၇)ရက်အကြာတွင် ရေအရောင်သည် အစိမ်းနုရောင်ဖြစ် လာပါလိမ့်မည်။ ထို့နောက်ရေကို (၂)ပေခွဲမှ နေ (၄-၅)ပေအထိ ထပ်မံသွင်းပေးပါ။ ထိုအချိန်တွင် သားပေါက်များ ထည့်သွင်းနိုင်ပါသည်။ တစ်ဧကလျှင် ငါးသားပေါက်အရွယ် ၅ ဂရမ်မှ ၁၀ဂရမ်အထိရှိသောအရွယ် ၁၂၀၀ မှ ၂၀၀၀ အထိထည့်သွင်းမွေးမြူပါ။ ကကတစ်သားပေါက် မထည့်မှီ သက်ရှိအစာရရှိစေရန်အတွက် (၂)လခန့်ကြိုတင်ပြီး မွေးမြူထားသော တီးလားပီးယား အထီးနှင့် အမကို (၁း၃) ဖြင့် ရောနှောမွေးမြူပေးပါ။

    ကကတစ်သားပေါက်များအတွက် အစာကို တစ်နေ့လျှင် နှစ်ကြိမ်ကြွေးပါ။ မနက်ပိုင်း(၈)နာရီ တစ်ကြိမ် နှင့် ညနေပိုင်း (၅)နာရီတွင် ကြွေးပါ။ ကကတစ်သားပေါက် ငယ်စဉ်တွင် ငါးအလေးချိန် စုစုပေါင်း ၏ (၁၀)ရာခိုင်နှုန်းကို ငါးငယ်များ လူအသုံးမလိုသောအသားစများကို ခုတ်ထစ်ပြီးကျွေးပေးပါ။ ကကတစ်သားပေါက် အကောင်ကြီး လာပါက ငါးအလေးချိန်စုစုပေါင်း၏ (၅)ရာခိုင်နှုန်းအထိ လျှော့ချကျွေးပေးပါ။

    ကန်အတွင်းသက်ရှိအစာများ ပေါက်ဖွားစေရန်အတွက် (၁၅)ရက်တစ်ကြိမ် ကန်အတွင်းမြေဩဇာဖြည့် သွင်းပေးပါ။ ထည့်သွင်းရမည့်မြေဩဇာ အချိုးအစားမှာ မူလ ကန်ပြင်ဆင်ချိန်တွင် ထည့်သွင်းခဲ့သော ပမာဏ ၏ တစ်ဝက် အချိုးအစားအတိုင်းသာထည့်သွင်းပေးပါ။ ကကတစ်မွေးသောကန်တွင် (၁၅)ရက်တစ်ကြိမ် ကန်ရေ၏ ၂၀ ရာခိုင်နှုန်းကို ရေလှယ်ပေးခြင်းသည် ကကတစ်ကြီးထွားခြင်းကိုကောင်းစေပါသည်။ မွေးမြူရေးကာလသည် အနည်းဆုံး (၇)-(၈)လအထိ မွေးမြူပါက ရောင်းတမ်းဝင်/စျေးကွက်ဝင် ငါးအရွယ်အစားကို ရရှိနိုင်ပါမည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
0
views
2543