cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေး ပဲဈေးကွက်တွင် စားတော်ပဲများ ဈေးကောင်းရရှိ အရောင်းအဝယ် သွက်လျက်ရှိ

. Market News
ပြည်တွင်းစားသုံးမှု များလာလို့ လက်ရှိမှာ စားတော်ပဲဈေးမြင့် တက်လာတာပါ။ ယခင်နှစ် ကာလတူမှာ ကျွန်းစားတော်ပဲ တစ်အိတ်ကို ငွေကျပ် ၂၄၀၀၀၀ ပဲပေါက်ဈေးရှိခဲ့တာပါ။
  • မန္တလေးပဲဈေးကွက်အတွင်း ပြည်တွင်းစားသုံးမှုများပြားလာ တာကြောင့် စားတော်ပဲများ ဈေးကောင်းရှိနေကြောင်း ပဲကုန် သည်များထံက သိရသည်။

    မန္တလေး ပဲဈေးကွက်တွင် ကျွန်းစားတော်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး အရောင်း အဝယ်သွက်နေကြောင်း စိုးဝင်း မြင့် ပွဲရုံပိုင်ရှင် က ပြောသည်။

    `` မန္တလေးပဲဈေးကွက်မှာ ကျွန်းစားတော်ပဲ တစ်အိတ်ကို ငွေကျပ် ၃၀၀၀၀၀ ၊ ဗမာစားတော် လုံးကြီးက တစ်အိတ်ကို ငွေကျပ် ၂၉၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပြည်တွင်းစားသုံးမှု များလာလို့ လက်ရှိမှာ စားတော်ပဲဈေးမြင့် တက်လာတာပါ။ ယခင်နှစ် ကာလတူမှာ ကျွန်းစားတော်ပဲ တစ်အိတ်ကို ငွေကျပ် ၂၄၀၀၀၀ ပဲပေါက်ဈေးရှိခဲ့တာပါ။ လက်ရှိ မှာ စားတော်ပဲကို နံနက်စာအဖြစ် အားထားစားသုံးမှုများတာလည်း ဖြစ်ပါတယ်။ စားတော်ပဲကို ရှေးဘုရင်များ လက်ထက်ကတည်း က စိုက်ပျိုးစားသုံးခဲ့တာပါ။ပြည် တွင်းမှာ ကျွန်းလှစားတော်ပဲ မျိုးက အကောင်းဆုံးမျိုးဖြစ်ပါ တယ် ´´ ဟု ၎င်းကပြောသည်။

    စားတော်ပဲမှာ စပါးနှင့်အခြား သီးနှံတွေလို သီးထပ်စိုက်ပျိုးနိုင် ခြင်းမရှိဘဲ တစ်နှစ်လျှင် တစ်ကြိမ် သာ ဆောင်းသီးနှံအဖြစ် အောက် တိုလဘာမှာ စတင်စိုက်ပျိုးပြီး မတ်လမှ ရိတ်သိမ်းခြင်းဖြစ်သည်။

    ပြည်တွင်းစားသုံးမှု အနေဖြင့် စားတော်ပဲကို နံနက်စာအဖြစ် အထူးပြုစားသုံးသည့် ပဲတစ်မျိုး ဖြစ်ကာ တစ်နှစ်ပတ်လုံး အရောင်း အဝယ်ကောင်းသည့် ပဲတစ်မျိုးဖြစ် သည်။

    ပြည်တွင်းစိုက်ပျိုးမှု အနေ ဖြင့် ပုံမှန်စိုက်ပျိုးထွက်ရှိနေသော် လည်း လက်ရှိအချိန်တွင် ပြည် တွင်း စားသုံးမှုမြင့်မားတာကြောင့် ဈေးကောင်းရရှိနေခြင်းဖြစ်ရာ ဇူလိုင် ၃၁ရက်တွင် ၅၉ပိဿာ ၂၅ကျပ်သား တစ်အိတ်လျှင် ငွေကျပ် ၂၈၀၀၀၀၊ ၂၉၅၀၀၀ ၊ ၃၀၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြအပ်ပါသည်။

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes
5
comments
0
views
2052