cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းအတွက် မိုးလေဝသခန့်မှန်းချက်နှင့် စပါးခင်းရေကျချိန်ကျရောက်တတ်သောပိုးများ ကြိုတင်ကာကွယ်နိုင်ရန် အကြံပြုချက်

. Weather News
မိုးဇလ၏ သြဂုတ်လ (၂) ရက်နေ့ ၁၂:၃၀နာရီ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေမှတ်သည် ဟင်္သာတစခန်း မှာ ၁၃၂၀ စင်တီမီတာ (စိုးရိမ်ရေမှတ် ၁၃၄၂ စင်တီမီတာ) ရှိနေပြီး ဇလွန်စခန်း မှာ ၁၁၃၂ စင်တီမီတာ(စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာ) ရှိနေပါသည်။ စိုးရိမ်ရေအမှတ်အောက်အနည်းကျဆင်း သွားပါတယ်။
  •  သြဂုတ်လ ၂ ရက် မှ ၁၁ ရက် တွေမှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမြို့နယ်အများစုမှာ မိုးရွာရန် ရာနှုန်းပြည့်နီးပါး ဆက်လက်ရှိနိုင်ပါတယ်ခင်ဗျာ။ မိုးဇလ၏ သြဂုတ်လ (၂) ရက်နေ့ ၁၂:၃၀နာရီ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေမှတ်သည် ဟင်္သာတစခန်း မှာ ၁၃၂၀ စင်တီမီတာ (စိုးရိမ်ရေမှတ် ၁၃၄၂ စင်တီမီတာ) ရှိနေပြီး ဇလွန်စခန်း မှာ ၁၁၃၂ စင်တီမီတာ(စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာ) ရှိနေပါသည်။ စိုးရိမ်ရေအမှတ်အောက်အနည်းကျဆင်း သွားပါတယ်။


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက် မှ ၁၁ ရက် အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၃၈)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိတဲ့အတွက် မိုးဆက်လက် ရွာသွန်းနိုင်မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။


    ၁။ ဟင်္သာတမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂) ရက် မှ (၁၁) ရက်နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါသည်။ သြဂုတ်လ(၂) ရက်နေ့ မှ (၆) နေ့အထိ မိုးရွာရန် ၉၃ ရာခိုင်နှုန်း အထက်မှာရှိနိုင်ပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ မိုးရွာရန် ၃၈ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၇၃ မှ ၅၇ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။


    ၂။ ညောင်တုန်းမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၁.၈°C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၅°C ရှိနိုင်ပါတယ်။


    ၃။ မအူပင်မြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၇)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၃၊ ၄၊ ၅၊ ၆ ရက်များမှာ မိုးရွာရန် ရာနှုန်း ၉၆ အထက် မှာ ရှိနိုင်ပြီး ကျန်ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ ၆၈ မှ ၈၈ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျ။


    ၄။ မြောင်းမြမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ သြဂုတ်လ (၃) ရက်နေ့တွင် မိုးရွာရန်ရာနှုန်းပြည့်ဖြစ်ပြီး သြဂုတ်လ ၂၊ ၄၊ ၅၊ ၆ ရက်နေ့များမှာ မိုးရွာရန် ရာနှုန်း ၉၄ နှင့် အထက်ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၄၀ မှ ၈၀ ရာခိုင်နှုန်း အတွင်းမှာပဲရှိနိုင်ပါတယ်ခင်ဗျာ။


    ၅။ ဓနုဖြူမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ ၂ ရက်မှာ အမြင့်ဆုံး အပူချိန် ၃၁.၈ °C မှ အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။


    ၆။ ပန်းတနော်မြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၃၉) ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၃ မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး သြဂုတ်လ ၂၊၄၊ ၅၊ ၆ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၁ နှင့် အထက်မှာရှိနိုင်ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ မိုးရွာရန် ၃၉ ရာခိုင်နှုန်း သာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၆၈ မှ ၈၀) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။


    ၇။ ကျိုက်လတ်မြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂ မှ ၆ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၄ နှင့် အထက်တွင် ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် (၆၈ မှ ၇၄) ရာနှုန်းနှင့် အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။


    ၈။ ဝါးခယ်မမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂ မှ ၄ ရက်အထိ မိုးရွာရွန်ရာနှုန်း ၉၁ အထက်တွင် ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၁.၉ °C မှ အနိမ့်ဆုံးအပူချိန် ၂၄.၇ °C ရှိနိုင်ပါတယ်ခင်ဗျာ။


    ၉။ ကျုံပျော်မြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂ နေ့တွက် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၃၊ ၅၊ ၆ ရက်နေ့မှာ ရက်နေ့မှာ ရွာရန်ရာနှုန်း ၉၄ အထက်တွင်ရှိနိုင်ပြီး သြဂုတ်လ ၁၀ ရက်နေ့တွင် မိုးရွာရန် ၄၀ ရာနှုန်းသာရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၆၁) ရာနှုန်း အထက် မှာရှိနိုင်ပါတယ်။


    ၁ဝ။ ဇလွန်မြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။


    ၁၁။ လပွတ္တာမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂ မှ ၆ ရက်နေ့ထိ မိုးရွာရွန်ရာနှုန်း ၉၄_၉၉ အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။


    ၁၂။ ပုသိမ်မြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၈°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၆°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။


    ၁၃။ ဖျာပုံမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါတယ်။ သြဂုတ်လ ၂၊ ၃၊ ၄၊ ၅၊ ၆ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၈_၉၄ အတွင်း မှာ ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၉°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။


    ၁၄။ အင်္ဂပူမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။


    ၁၅။ ကြံခင်းမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၃၊ ၄၊ ၆ ရက်များ တွင် မိုးရွာရန် ရာနှုန်း ၉၄ နှင့် အထက်တွင် ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၇၄ မှ ၅၅) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။


    ၁၆။ လေးမျက်နှာမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂ ရက်နေ့တွင် ရာနှုန်းပြည့်ဖြစ်ပြီး သြဂုတ်လ ၄၊ ၅၊ ၆ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၄ အထက်တွင် ရှိနိုင်ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့တွင် မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပြီး ကျန်သောရက်များတွင် မိုးရွာရန် (၆၁-၈၈)ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်။


    ၁၇။ ဒေးဒရဲမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။


    ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်။ သြဂုတ်လ ၂၊ ၃၊ ၄၊ ၅၊ ၆ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၉၁ နှင့် အထက်တွင် ရှိနိုင်ပြီး ကျန်ရက်များတွင် (၈၀)ရာခိုင်နှုန်း နှင့် အောက်တွင်ရှိနိုင်ပါတယ်ခင်ဗျာ။


    ၁၉။ ကန်ကြီးထောင့်မြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ မှ (၁၁) နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။


    ၂ဝ။ ငပုတောမြို့နယ်


    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ မှ (၁၁) နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ သြဂုတ်လ ၂ ရက်နေ့တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး သြဂုတ်လ ၄၊ ၅၊ ၆၊ ၇ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၄ နှင့် အထက် တွင်ရှိနိုင်ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့တွင် မိုးရွာရန် ၄၀ ရာခိုင်းနှုန်းသာရှိပြီး ကျန်ရက်တွေမှာတော့မိုးရွာရန် (၆၃-၈၀) ရာခိုင်နှုန်း အတွင်း တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။


    တောင်သူများသို့ အကြံပြုချက်


    ရေကြီးရေလျှံမှုတွေကြောင့် စိတ်ညစ်နေရတဲ့တောင်သူဦးကြီးများခင်ဗျာ

    အရင်အပါတ်တွေက တော့ ထွက်တိုးကနေပြီး ရေနစ်မြုပ်စပါးပြန်လည်ပြုပြင်နည်းများကို တင်ဆက်ပေးခဲ့ပါတယ်။ အခုအခါ တစ်ချို့ဒေသတွေမှာ စပါးခင်းများရေပေါ်ပြီးချိန်နောက်ဆက်တွဲအနေဖြင့် ဆစ်ပိုးနဲ့ ရွက်လိပ်ရွက်ကပ်ပိုးများ ကျရောက်ဖျက်ဆီးမှုကို ကြုံတွေ့နေရပါတယ်။

    စပါးခင်းတွေရေပေါ်ချိန်မှာ အဓိက ဖျက်ဆီးလာနိုင်တဲ့ ဆစ်ပိုး(အူလျှောက်ပိုး)နဲ့ ရွက်လိပ်ရွက်ကပ်ပိုးများ အချိန်မှီ ကြိုတင်ကာကွယ်ထားနိုင်ရန်ဖော်ပြပေးလိုက်ရပါတယ်။


    ကြိုတင်ကာကွယ်နှိမ်နင်းနည်းများ

    - အရွယ်ရောက် ဖလံကောင်တွေ ဥတွေထပ်မဥနိုင်အောင် တမာဆေးရည်ကို ဖျန်းပေးထားပါ။

    - ဥမြုံတွေ့ပါက ကောက်ယူဖယ်ရှားမြေမြုပ်ပါ။

    - ပိုးကောင်စားတဲ့ ငှက်တွေ နားနိုင်မယ့် ဝါးတိုင်နဲ့ သစ်ကိုင်းခက်တွေကို ငှက်နားတိုင် အဖြစ် ထားပေးပါ။

    - စပါးဝတ်မှုံ တည်ချိန်မှ စပီး ဝါးတိုင်တွေကို ဖယ်ရှားပေးပါ။

    ဓါတုဆေးအဆိပ်များ အသုံးပြုဖို့အတွက် ပိုးကျကျချင်းသိပြီး ဆေးဖျန်းနိုင်အောင် ကွင်းဆင်းစစ်ဆေးပေးပါ။ ပိုးစတွေ့တာနဲ့-

    (၁) ကာတက်ဒ်ဟိုက်ဒရိုကလိုရိုဒ်

    (၂)ကာဘိုဆာလ်ဖန်

    ပါတဲ့ဆေးတစ်မျိုးမျိုးကို ဆေးထုပ်ပါအညွှန်းအတိုင်းဖျန်းပေးပါ။

    သို့မဟုတ်

    (၃)Cartap (ကာတက်) 4% + Thimethoxam(သိုင်ရာမီသိုဇမ်)04%+ Abamectin(အဘာမက်တင်) 0.2% ဆေးအဆိပ်များပါဝင်တဲ့ ပိုးသတ်ဆေးအခဲ ကြိုတင်ကြဲပက်ပေးပါ။


    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်


    ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရေကြီးရေလျှံတာတွေ ဖြစ်နေတဲ့အတွက် ငါး/ပုဇွန်တောင်သူဦးကြီးများ အနေနဲ့ အောက်ပါအချက်လေးတွေ ဆောင်ရွက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ-


    မိမိငါးကန်ဘောင်ကို သဲအိတ်များဖြင့် ကာရံပြီး ဘောင်မြင့်တင်ထားရန်၊


    အနိမ့်ပိုင်း ရေဝင်နိုင်သောနေရာများတွင် သင့်တော်သော ပိုက်များကာရံထားရန်၊


    အစာကို သတ်မှတ်နှုန်းတားထက်လျော့ကျွေးရန်၊


    ရေလွှမ်းထားသောကန်များ ရေပြန်ကျချိန်တွင် ကန်သန့်ရှင်းရေးဆောင်ရွက်ရန်၊


    ရေပြန်ကျချိန်တွင် ငါးရိုင်းဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်ရန်၊


    Weather Source: CIAT

    photo crd

    --------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes1comments0
views3009