cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စက်သုံးဆီ ပြတ်လပ်မှုမဖြစ်စေရေး ထိန်းရောင်းခိုင်းထား

. All News
ရေကြီးရေလျှံမှုနဲ့ လမ်းခရီးအခြေအနေတွေကြောင့် စက်သုံးဆီယာယီပြတ်လပ်မှု မဖြစ်ပေါ်စေဖို့ စနစ်တကျစိစစ်ထိန်းသိမ်း ရောင်းချစေလျက်ရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပြောကြားထားပါတယ်။
  • - ပြည်ပမှ စက်သုံးဆီများ ပုံမှန်တင်သွင်းနေ

    ရေကြီးရေလျှံမှုနဲ့ လမ်းခရီးအခြေအနေတွေကြောင့် စက်သုံးဆီယာယီပြတ်လပ်မှု မဖြစ်ပေါ်စေဖို့ စနစ်တကျစိစစ်ထိန်းသိမ်း ရောင်းချစေလျက်ရှိကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပြောကြားထားပါတယ်။

    ဇူလိုင်လလယ်ခန့်မှစပြီး မိုးအဆက်မပြတ် ရွာသွန်းပြီး ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သီလဝါဆိပ်ကမ်းဒေသက Terminal တွေရဲ့ ပုံမှန်လုပ်ငန်း ဆောင်ရွက်မှုတွေ နှောင့်နှေးကြန့်ကြာခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် သယ်ယူပို့ဆောင်ရမှာလည်း လမ်းခရီးအခြေအနေတွေအရ အချို့ဒေသတွေဆီ ဆီတင်ယာဉ်ရောက်ရှိဖို့ အချိန်အနည်းငယ် ကြန့်ကြာခြင်းတို့ကြောင့် အရောင်းဆိုင်အချို့မှာ ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီအမယ်အချို့ ယာယီပြတ်လပ်မှုမဖြစ်ပေါ်စေရေး ထိန်းရောင်းခိုင်းထားပြီး လိုအပ်ပါက Urgent အစီအစဉ်နဲ့ ဖြည့်တင်းပေးခြင်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

    ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေဖို့နဲ့ ပြတ်လပ်မှုမရှိစေရေးအတွက် သီလဝါဆိပ်ကမ်းဒေသက သိုလှောင်ကန်စခန်းတွေမှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာ သုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ပြောပါတယ်။

    ဒါ့အပြင် ပြည်ပကနေ စက်သုံးဆီတင်သင်္ဘောတွေ စဉ်ဆက်မပြတ် ဝင်ရောက်ဖို့ စီမံကြီးကြပ်ဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒါ့ကြောင့် မကြာမီ စက်သုံးဆီပြတ်လပ်မယ်ဆိုတဲ့ ပြောစကားတွေကြောင့် စိုးရိမ်ကြောင့်ကြမှုနဲ့ လိုအပ်တာထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့ မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

    သုံးစွဲဖို့ လိုအပ်တဲ့ ပမာဏကိုသာ ဝယ်ယူသုံးစွဲကြဖို့၊ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်းမျိုး မပြုလုပ်ကြစေရေး စနစ်တကျစိစစ်ကြပ်မတ်လျက်ရှိပြီး လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်မှုမရှိနိုင်ကြောင်း ကော်မတီက ထုတ်ပြောထားပါတယ်။

     BETV Business မှ ကူးယူဖော်ပြပါသည်။

    (ရန်ကုန်၊ သြဂုတ် ၁ရက် သတင်း)

    .....

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes5comments0
views2026