cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲ⁠တောင့်ရှည် (တိုင်ထောင်ပဲ) စိုက်ပျိုးနည်း

. Cultivation Methods
ပဲတောင့်ရှည်တွင် အပင် ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင် ရှည်မျိုး(နွယ်တက်) မျိုးဟူ၍ နှစ်မျိုး ခွဲခြားထား ပါသည်။ အပင် ရှည်မျိုးကိုတိုင်ထောင်၍ စိုက်ပျိုး ကြသည်။ အတောင့် အရောင် အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင် ဟူ၍ အမျိုးမျိုး ကွဲပြား စွာရှိပါသည်။ အစေ့ အရောင်မှာ မျိုးအလိုက် အနီရောင်ပြောင်၊ အနီရောင်နှင့် အပြာရောင် ရောနှောနေသော အရော ဟူ၍ အမျိုးမျိုးကွဲပြားစွာရှိပါသည်။
  • မြေပြုပြင်ခြင်း

    ထွန်ရေး အလွန်ကောင်း အောင်မြေကို ပြုပြင်ရန် မလိုချေ။ ထွန်ရေး အသင့်အတင့် ရလျှင် စိုက်နိုင်သည်။ ရေမဝပ် သောမြေကိုရွေးချယ်ရမည်။ မြေအမျိုးမျိုးတွင်စိုက်၍သော်လည်း အချိန်တိုအတွင်း စိုက်ပျိုးလိုက သဲဆန်မြေတွင် စိုက်ပျိုးကြသည်။ မြေကောင်းလျှင် အထွက် ပိုကောင်းသည်။ စိုက်ပျိုးရန် အကောင်းဆုံး မြေ ချဉ်ငံဓာတ်မှာ(၆-၇)အတွင်းဖြစ်သည်။

    မျိုးစေ့နှုန်း

    တစ်ဧက လျှင် အပင်ပုမျိုး ၆ ပြည် တစ်ဧကလျှင် တိုင်ထောင်မျိုး ၄ ပြည် စိုက်ပျိုးခြင်း မျိုးစေ့ချရာတွင် အစိုဓာတ်များလွန်းက ပုပ်တတ်သည်။ တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေ ခြားပြီး တစ်ပင်နှင့်တစ်ပင်(၉-၁၂)လက်မ ခွာ၍စိုက်သည်။ စိုက်ပျိုးပြီးအပင်များ ရှည်လာသောအခါ အနည်းဆုံး ခုနစ်ပေခန့်ရှည်သော ဝါးတိုင်၊ သို့မဟုတ် သစ်သားတိုင်များကို အပင်တိုင်း၏ အခြေတွင် ထောင်ပေးသည်။ အချို့က တိုင်များမြဲစေရန် တစ်တန်းထဲရှိ နီးကပ်သော အပင်များ၏တိုင်ကို ကြက်ခြေခေတ်ပေးပြီး တိုင်များဆုံရာ၌ စုချည်ပေးကြသည်။ ရေဝပ်ခြင်းကင်းစေရန်အတွက် စိုက်တန်း နှစ်တန်းကြားတွင် မြောင်းတစ်မြောင်းပြုလုပ်ပေးရမည်။

    အပင်ပုမျိုးကို တစ်တန်းနှင့်တစ်တန်း (၁ ဒသမ ၅ - ၂)ပေခြား၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေခွာစိုက်သည်။ ရာသီဥတု သင့်တင့်သော ဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။ရေရရှိက အချိန်မရွေးစိုက်နိုင်သည်။

    မြေသြဇာထည့်သွင့်ခြင်း

    တစ်ဧကအထွက် နွားချေး ၁၀ တန်၊ ယူရီးယားတစ်အိတ်၊ တီစူပါ တစ်အိတ်နှင့် ပိုတက်ရှ် ၁၂ ဒသမ ၅ ကီလိုဂရမ်ကို မစိုက်မီမြေခံတွင် ထည့်သွင်းပြီး ယူရီးယားတစ်အိတ်နှင့် ပိုတက်ရှ် ၁၂ ဒသမ ၅ ကီလိုဂရမ်ကို ပေါင်းလိုက်မြေဆွချိန်တွင် ထည့်ပါ။

    အပင်ပြုစုခြင်း

    ပူ၍ စွတ်စိုသော ရာသီတွင် ပေါင်းအထမြန် သောကြောင့် စတင်ဖြစ်ပေါ် လာသည်နှင့် နှိမ်နင်းပေး ရမည်။ အပင်ရှည်မျိုးသည် သက်တမ်းပိုရှည်သောကြောင့် ပေါင်းကိုကြိုတင်၍ မနှိမ်ထားက တိုင်ထောင်ပြီးလျှင် ပေါင်းလိုက်ရခက်သည်။ ပေါင်းနှိမ်စဉ် ပဲပင်၏အမြစ်များကို မထိခိုက်ရန် သတိပြုပါ။ ပဲပင်၏အမြစ်တွင် နိုက်ထရိုဂျင်ဖမ်းယူနိုင်သော ဘက်တီးရီးယားများ ခိုအောင်းနိုင်၍ အပင်အတွက် နိုက်ထရိုဂျင်ကို ရယူပေးနိုင်သည်။ ခြောက်သွေ့သော ရာသီဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့နေပါက ရေပေးသွင်းရန် လိုအပ်သည်။သီးလုံးဖောက်ပိုးနှင့် ပဲသံချေးရောဂါတို့ကို ထိသေပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် စားသေပိုးသတ်ဆေး၊ မှိုသတ်ဆေးတို့ဖြင့် ပက်ဖျန်းကာကွယ်နိုင်သည်။

    ခူးယူခြင်း

    ပဲသီးတောင့်များကို ပန်းပွင့်ပြီး (၇-၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ပဲသီးတောင့်များ ရင့်လာက အစေ့နေရာ ဖောင်းကြွ လာသဖြင့် စားသုံးသူများမနှစ်သက်ပါ။ အပင်ပုမျိုး တစ်ဧကလျှင် (၈၀၀-၉၀၀)ပိဿာ အပင်ရှည်မျိုးတစ်ဧက ပိဿာ ၂,၀၀၀ကျော်ထိ ထွက်ရှိနိုင်သည်။

    မျိုးစေ့ထုတ်ယူခြင်း

    မျိုးစေ့ထုတ်ယူလိုပါက အပင်ပေါ်တွင် အသီးများခြောက်သွေ့ချိန်ထိထားပြီးမှသာ ဆွတ်ခူးရသည်။ ကောင်းစွာ ခြောက်သွေ့လျှင် အစေ့ကိုချွေ၍နေလှမ်းပြီး ထုံးနှင့်ရောမွှေ၍ သိမ်းဆည်းနိုင်သည်။

    ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)


  • article
likes5comments0
views3068