cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အသီးအခွံဖြင့် ပြုလုပ်နိုင်တဲ့ ခြင်၊ ယင် ပြေးဆေး

. Health Articles
သံပုရာရနံ့ ကြိုက်တဲ့သူတွေအတွက် မိမိကိုယ်တိုင် အလွယ်ပြုလုပ်နိုင်တဲ့ ဖျန်းဆေး (သို့) စပရေး ပြုလုပ်နည်းဖော်ပြပေးလိုက်ပါတယ်နော်။
  • သံပုရာရနံ့ ကြိုက်တဲ့သူတွေအတွက် မိမိကိုယ်တိုင် အလွယ်ပြုလုပ်နိုင်တဲ့ ဖျန်းဆေး (သို့) စပရေး ပြုလုပ်နည်းဖော်ပြပေးလိုက်ပါတယ်နော်။ 

    ဒီဖျန်းဆေးဟာဆိုရင်ဖြင့် လေထုလတ်ဆတ်စေသလို (AIR FRESHER လို တစ်မျိုး) ခြင်၊ ယင် မလာနိုင်‌အောင်တားတဲ့ ဖျန်းဆေး အနေဖြင့်လည်း အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဘယ်လိုလုပ်လို့ရမလဲ ဆိုတာ ပြောပြပေးမယ်နော်။ 

    အဆင့် (၁) 

    လိမ္မော်ခွံ၊ သံပုရာခွံ များကို သန့်ရှင်းအောင် ရေနွေးနွေး (ကြက်သိန်းနွေး) အနေထားရှိတဲ့ ရေထဲမှာ ဆပ်ပြာ အနည်းငယ်ထည့်ပြီး ဆေးကြောပေးပါ။ ပြီးနောက် ရေ ခြောက်သွေ့သွားအောင် တစ်ရှုး (သို့) အဝတ်နဲ့ သုတ်ပေးပါ။  

    အဆင့် (၂) 

    ဖန်ပုလင်းအလွတ် တစ်လုံးထဲကို ထည့်ပေးပါ။  

    သတိပြုရန် ။ လိမ္မော်ခွံ၊ သံပုရာခွံ အနည်းအများ‌ပေါ်မူတည်ပြီး ဖန်ပုလင်း အကြီး/ အသေးကို သေချာရွေးချယ်ပေးပါ။ ဘာကြောင့်လဲဆိုတော့ လေဟာနယ်ဖြစ်ပေါ်နိုင်သလို အခွံတွေ အ‌ပေါ်မှာတက်လာပြီး မှို စွဲနိုင်တာ ကြောင့် ဖြစ်ပါတယ်။ 

     အဆင့် (၃)  

    ရှာလကာရည်ကို အခွံတွေ မြှုပ်သည်အထိ ထည့်ပေးပါ။  

     အဆင့် (၄) 

    အဖုံးကို လုံအောင်ပိတ်ပါ။ ‌အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ ၂ ပတ်ခန့် ထားပေးပါ။ ပုလင်းကို မှို တက်၊ မတက် မကြာခဏ စစ်ဆေးပါ။ 

    အဆင့် (၅)  

    အချိန် ၂ ပတ် ပြည့်ပါက အရည်ကို စစ်ယူပါ။  

     အဆင့် (၆)  

    အခွံရည် ၁ ဆ နှင့် ရေသန့် ၁ ဆ ရောပေးပါ။ 

    အဆင့် (၇)  

    စပရေး ခေါင်းပါတဲ့ ပုလင်း (သို့ ) ဘူးထဲ ထည့်ပါ။ ပြီးနောက် မိမိအပ်သလို အသုံးပြုနိုင်ပါပြီ။  

    ကိုးကား: WiKiHow 

    ------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes14comments0
views1477