cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သီးနှံစိုက်ပျိုးရေးနှင့် မီးခိုးမှိုင်းတိုက်မှု လုပ်ငန်း ဆက်စပ်မှု

. Pests Management
အသီးမှည့်စေသည်ကို သရက်ပင်၊ ငှက်ပျောပင်၊ နာနတ်ပင်၊ မရန်းပင်၊ သီဟိုဠ်သရက်ပင်များတွင် တွေ့ကြရသည်။ သခွားစိုက်ခင်းတွင်အီသလင်းဓာတ်ရလျှင် အမပွင့်များ ပွင့်စေသည်။
  • သီးနှံစိုက်ပျိုးရေး လုပ်ငန်းတွင် မီးခိုးမှိုင်းတိုက်မှု လုပ်ငန်းသည် ဥယျာဉ်ခြံ သီးနှံပင်များတွင် အပွင့်၊ အသီးများထွက်ရန် ကူညီထောက်ပံ့ပေးသည်။ အထူးသဖြင့် သရက်ပင် ပန်းပွင့်ခါနီးအချိန်တွင် ပြုလုပ်ပေးမှုများပြားသည်။ သီဟိုဠ်သရက်ပင်၊ မရန်းပင်များတွင်လည်း လုပ်

    ကိုင်ကြပါသည်။ အမြဲတမ်းပြုလုပ်ပေးရမည့် လုပ်ငန်း မဟုတ်ပါ။

    လိုအပ်ချိန်တွင် လိုအပ်သလောက် လုပ်ပေးကြရသည်။ သရက်ပင်ပန်းပွင့်ခါနီး တစ်လခန့်အလိုအချိန်သည် မည်သည့် အချိန်ဖြစ်မည်နည်းဆိုသည်ကိုလည်း သိသင့်သည်။ သရက်ပင်၏ အရွက်များ ရင့်ပြီးကြွပ်ဆတ်မာကြောချိန် အရွက်ကို လက်နှင့်ခြေကြည့်က သိနိုင်သည်။ မကြာခင် အဖူး၊ အပွင့်များလာတော့မည်ဟု သိနိုင်သည်။သရက်ပင်ပန်းပွင့်မှုသည် ရှုပ်ထွေးသည်။

    ရာသီဥတု၊ နေရောင်ခြည်ရမှု၊ အပင်အတွင်းပိုင်းထဲ လေဝင်လေထွက်ကောင်းမှုကလည်းသက်ဆိုင်သကဲ့သို့ အပင်တစ်ပင်တည်းမှာပင် ပန်းပွင့်မှုမညီကြ၊ ပန်းဖူးဖြစ်မှု မတူကြ၊ အသီးကြီးမှုမမှန်ကြ၊ နေရောင်ရသောအပိုင်း စောစောပွင့်ကြသည်။နည်းပညာအရ ယမ်းစိမ်း (ပိုတက်စီယမ်နိုက်ထရိတ်) သုံးပေးလျှင် ပွင့်သီးမှု အားပေးသည်။ အီကွေတာနှင့်နီးသော ဒေသဖြစ်လျှင် ပန်းပွင့်မှုစောသည်။ ဤအချက်များ အပြင် ယခုနည်းမှာ သရက်ပင်အောက်ခြေက ကြွေကျသော သရက်ရွက်ခြောက်များစုပုံပြီး (သရက်ပင်ကလည်း အရွက်အကြွေများပါသည်) သရက်ရွက်အစိုများ၊ မြက်စို၊ အပင် အခက်အရွက်အစိုများနှင့် ရော၍ မီးမွှေးလိုက်လျှင် မီးခိုးအူလာသည်။ မီးခိုးမှိုင်း တိုက်ခြင်းသည် အီသလင်းဓာတ်လွှတ်ပေးခြင်းဖြစ်သည်။ အီသလင်းဓာတ်သည် အပွင့်များစေသည်။ အရွက်ကြွေစေသည်။

    အသီးမှည့်စေသည်ကို သရက်ပင်၊ ငှက်ပျောပင်၊ နာနတ်ပင်၊ မရန်းပင်၊ သီဟိုဠ်သရက်ပင်များတွင် တွေ့ကြရသည်။ သခွားစိုက်ခင်းတွင်အီသလင်းဓာတ်ရလျှင် အမပွင့်များ ပွင့်စေသည်။ သရက်စိုက်ပျိုးသူ အများစုသည် သရက်ပင်အောက်က မီးခိုးမှိုင်းတိုက်ပေးလျှင် ပို၍ပွင့်ကြ၊

    သီးကြသည်ကို သိကြသည်။ ဆီးပင်လည်း ဆောင်းတွင်းကာလ အပင်အောက်၌ မီးလှုံရင်းနှင့် ဤအဖြစ်မျိုးကြုံကြရသည်။ ထင်းမီးပေးစရာမလို။ ကြွေကျသော အပင်အရွက်ဖြင့် မီးရှို့နိုင်သည်။ သုတေသနလုပ်ငန်းများ လုပ်ကြရာတွင် ဦးတည်ရည်ရွယ်သည်ကတစ်ခု၊ သို့သော် လုပ်

    ရင်းကိုင်ရင်းနှင့် တွေ့ရှိသွားသည်က တစ်မျိုး ဖြစ်နေတတ်သည်။ ဤသည်ကို ဆရာတစ်ဦးက ”ခလုတ်တိုက်သုတေသန”ဟု ခေါ်သည်။ ယခု

    လည်း အမှိုက်ရှင်းလင်း၊ စုပုံမီးရှို့ရာမှ ပိုပွင့်၊ ပိုသီးသည်ကို သိလာကြသည်။ သိ၍ ပြုလုပ်ကြသည်မဟုတ်။ သို့သော် လုပ်နည်းမှန်နေသည်။

    စိုက်ပျိုးရေးတွင် အပင်များ ပွင့်သီးစေရန် ဆောင်ရွက်ရသည့် နည်းလမ်းများထဲတွင် မီးခိုးမှိုင်းတိုက်ခြင်း နည်းတစ်နည်းပါရှိနေသည်။ မီးခိုးအူ

    မှိုင်းတိုက်မှုကို နံနက်စောစောပြုလုပ်လျှင် ထိရောက်သည်။ နံနက်စောလေ မီးခိုးများ သရက်ပင်ထဲ ကြာကြာခိုအောင်းလေဖြစ်သည်။ နေမြင့်

    လျှင် လေတိုက်လာ၍ မီးခိုးများ အပြင်ရောက်သွားကြသည်။ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့တွင်လည်း သရက်ပင်များအောက်က မီးခိုးမှိုင်း

    တိုက်ပေးပြီး ပန်းပွင့်အောင် ပြုလုပ်ကြသည်။ အပင်များ အနားယူချိန်သည် အသီးခူးပြီးချိန်ဖြစ်ကြသည်။ ဤအချိန်၌ မီးခိုးမှိုင်းပေးချိန်ကြာ၍

    အရွက်နုထွက်ချိန်မှာ မီးခိုးမှိုင်းတိုက်ချိန် တိုသည်။ တစ်နေရာတည်းက မီးပုံရှို့ခြင်းမဟုတ်ဘဲ အပင်အောက် လေးဖက်လေးတန်မှ လှည့်ပတ်

    မီးခိုးထွက်အောင်မီးပုံရှို့ရသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေဖြင့် သစ်ရွက်ခြောက်များ ရှင်းလင်းပြီး၍ အမှိုက်ထဲတွင် နေထိုင်တတ်သော

    ပျပိုးနှင့် သီးထိုးယင်ပေါက်ပွားမှု နည်းသည်။ အပင်ရောဂါကျအရွက်များ မီးရှို့ပြီးဖြစ်၍ ရောဂါကျမှုလည်း နည်းပါးသည်။ မုန်လာ၊ မုန်ညင်း

    စိုက်ခင်းများတွင် အများဆုံးကျရောက်သော စိန်ကွက်ဖလံဖျက်ပိုးမှာ မိုးခိုးမှိုင်းတိုက်ပေးခြင်းဖြင့် စိုက်ခင်းထဲက ပိုးများ လျော့နည်းသေဆုံးမှု

    ရှိသည်။ ပိုးပျော့၊ ပိုးခန္ဓာငယ်သော ဖျက်ပိုးများကို မီးခိုးဖြင့် နှိမ်နင်းနိုင်သည်။ မီးဖိုမှ ပြာဓာတ်ရ၍ အပင်အတွက်လည်း ကောင်းသည်။ နှင်းခါး

    ကျသော ရှမ်းပြည်နယ်ကဲ့သို့ ဒေသများတွင်မီးခိုးမှိုင်းတိုက်မီးဖို၍ ကာကွယ်ကြသည်။

    သဘာဝတွင် မီးခိုးထဲ၌ အပင်ရင့်မှည့်ဟော်မုန်း (အီသလင်း) ပါရှိနေသည်။ ဤဖြစ်စဉ်မှာ လွယ်ကူ၍ ရိုးရှင်းသောနည်းလမ်းတစ်ရပ် ဖြစ်သည်။

    သံချေးမှို၊ ကျပ်ခိုးမှိုများလည်း မီးခိုးမှိုင်းကြောင့် ပျက်စီးနိုင်သည်။ မီးခိုးထဲတွင်ပါရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် အပင်အတွက်

    အရေးကြီးပစ္စည်းဖြစ်သည်။ အစာချက်မှုထောက်ကူမှုပေးသည်။ သို့သော် အလွန်အကျွံတော့ မပြုလုပ်သင့်ပါ။ မွန်ပြည်နယ်တွင် ဥယျာဉ်ခြံများ

    သည် မြေကြီးကို မီးဖုတ်၍ မြေကျက်လုပ်ကြသည်။ မြေလည်း ပိုးရောဂါသန့်၍ အပင်လည်း မီးခိုးရနိုင်သည်ကိုတွေ့ရသည်။

    ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
  • article
  • article
  • article
likes7comments0
views3842