cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)   

. Weather News
မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်တို့အတွက််
  • ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ (၂ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းမြို့နယ်များတွင် ဩဂုတ်လ (၂ဝ)ရက်နေ့နှင့် စေတုတ္တရာမြို့နယ်တွင် ဩဂုတ်လ (၁၇) ရက်နေ့၊ (၁၈)ရက်နေ့များတွင် မိုးရွာမည်ဖြစ်ပါကြောင်း ခန့်မှန်းဖော်ပြလိုက်ပါတယ်ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၈၄ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းရှိပါတယ်။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃.၉ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှအပူချိန် ၂၂.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ပွင့်ဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ (၂ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ဩဂုတ်လ (၂ဝ)ရက်နေ့၌ မိုးရွာမည်ဖြစ်ပါကြောင်း ခန့်မှန်းသုံးသပ်ပေးလိုက်ပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းရှိပါတယ်။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃.၉ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    မင်းဘူးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ (၂ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ဩဂုတ်လ (၂၀)နေ့ရက်တွင် မိုးရွာမည်ဖြစ်ပါကြောင်း ခန့်မှန်းသုံးသပ်ပေး လိုပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းရှိပါတယ်။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၃.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စလင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ (၂ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စလင်းမြို့နယ်တွင် ဩဂုတ်လ (၂၀)နေ့ရက်တွင် မိုးရွာမည်ဖြစ်ပါကြောင်း ခန့်မှန်းသုံးသပ်ပေးလိုပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၉၀ ရာခိုင်နှုန်းရှိပါတယ်။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၄.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၄.၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ (၂ဝ) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ဩဂုတ်လ (၁၇)ရက်နေ့နဲ့ (၁၈)ရက်နေ့များတွင် မိုးရွာနိုင်ပါကြောင်း ခန့်မှန်းသုံးသပ်ပေး လိုပါတယ် ခင်ဗျာ။ မိုးရွာရန် ရာခိုင်နှုန်းမှာ ၈၄ ရာခိုင်နှုန်းရှိပါတယ်။

    အမြင့်ဆုံး ပျှမ်းမျှအပူချိန် ၃၂.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန် ၂၂.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေး အကြံပြုချက်   

    ထွက်တိုးရဲ့ မကွေးတိုင်း အတွင်းထဲက  ပဲတီ/မတ်ပဲ မိုးလယ်စိုက် တောင်သူဦးကြီးများခင်ဗျာ...

    ပြီးခဲ့တဲ့တစ်ပါတ်ကတော့ မိုးလယ်စိုက်မယ့် ပဲတီ/မတ်ပဲ အတွက် စိုက်ပျိုးနည်းအကြံပြုချက်ကို မျှဝေပေးခဲ့ပါတယ်။

    အခုဒီတစ်ပါတ်မှာတော့-

    မိုးလယ်စိုက် ပဲတီ/မတ်ပဲ အပင်ပေါက်လေးများအတွက် ဆောင်ရန်၊ ရှောင်ရန်အကြံပြုချက်လေးများကို ထွက်တိုးမိသားစု မှ မျှဝေပေးလိုပါတယ်ခင်ဗျာ။

    ပေါင်း

    -ပေါင်းကို အပင်ပေါက်ပြီး ၇-၃၀ ရက်သားအတွင်း နှိမ်နင်းပေးပါ(ပေါင်းမနှိမ်ပါ က အစာလုစားခံရလို့ ပဲတီ/မတ်ပဲအပင်ပေါက်လေးများ အာဟာရချို့တဲ့ လှီနိုင်ပါတယ်၊ပဲအထွက်လည်း ထက်ဝက်လျော့ပါမယ်) ။

    -လက်ပေါင်း သို့မဟုတ် ပေါက်တူးပေါင်းလိုက်ခြင်း များဆောင်ရွက်ပါ။

    -လုပ်သားရှားပါးမှုပြဿနာရှိပါ က ပဲတီ/မတ်ပဲ ရွေးချယ်ပေါင်းသတ်ဆေး အသုံးပြုပါ။

    -ကွစ်ဇာလိုဖော့စ်+ဖော်မီဆာဖန်  ဆေးအဆိပ်များ ဆေးဗူးအညွှန်းပါအတိုင်း သုံးစွဲပါ။

    -မိုးကြီးနိုင်လို့ ရေထုတ်မြောင်းကောင်းစွာပြင်ဆင်ပါ။

    -အပင်ပေါက်လေးများကို မှိုရောဂါ ကာကွယ်ဆေးများဖြစ်တဲ့ မန်ကိုဇက် ၊ ကော့ပါး၊ မက်တယ်လဇီ၊ကလိုရိုသာလိုနေး ဆေးများကြိုတင်ပက်ဖျန်းကာကွယ်ပါ။

    -ပိုးမွှားကျရောက်မှုကိုလည်း ၂ရက်တစ်ကြိမ် ကွင်းဆင်းစစ်ဆေးပေးနေပါ။

    -အာဟာရစုံ မြေချမြေဩဇာ သို့မဟုတ် ရွက်ဖျန်းအားဆေးများကို ပိုးရောဂါကင်းနေချိန်မှာ ဖျန်းပက်ပေးပါ။

    -ဆည်ရေသောက်ဧရိယာများမှာ ရေတင်မိုးမိ မဖြစ်အောင် ထွက်တိုးမှ မိုးလေဝသတင်းအချက်အလက်များ နေ့စဉ်မပြတ်ရယူပြီး ရေသွင်းခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ပါ။    

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်   

    ငါးကန်များ ရေကြီးနစ်မြှပ် ကြုံတွေ့နေရကြောင်း ကြားသိရတဲ့အတွက် ယခုတစ်ပတ်မှာ မဖြစ်မနေ လုပ်ဆောင်ရန် အချက်ကလေးကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါကတော့ ငါးကန် ပတ်ပတ်လည်တွင် တာဘောင် မြှင့်ခြင်း၊ ပိုက်ကာခြင်းများ မဖြစ်မနေလုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။ နောက်တစ်ခုက အနိမ့်ပိုင်း ကန်များရှိ ငါးများကို အမြင့်ပိုင်းရှိ ကန်များသို့ ပြောင်းရွေ့ထားစေလိုပါတယ်။ ရေအပူချိန် ရုတ်တရက် ပြောင်းလဲနိုင်သဖြင့် ပျော်ဝင်အောက်ဆီရရှိနိုင်ရန် ရေလှည့်ပေးစေလိုပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    Weather Source: CIAT  

    ------------------  

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက    

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download  

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483   

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။  


  • article
likes5comments0
views2512