ငါးရှဉ့်မွေးမြူရေး
မြန်မာနိုင်ငံတွင် ငါးရှဉ့်မျိုးစိတ်များစွာရှိသည့်အနက် အများသိသော မျိုးစိတ်မှာ နှစ်မျိုး ရှိပါသည်။ ဒေသအခေါ် ငါးရှဉ့်အနီ (Monopterus,albus) နှင့် ငါးရှဉ်အမဲ (Monopterus,cuchia) ဟုခေါ်ကြပါသည်။ မြန်မာနိုင်ငံတွင် ငါးရှဉ့်မွေးမြူရေးလုပ်ငန်းကို စီပွားဖြစ် ဆောင်ရွက်သူနည်းပါးပါသည်။ ဗီယက်နမ်နိုင်ငံတွင် ငါးရှဉ့်မွေးမြူရေးလုပ်ငန်းကို တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းမှ စီးပွားဖြစ်လုပ်ငန်းအထိ ရှိနေကြပါသည်။ ဗီယက်နမ်တွင် မွေးမြူသော ငါးရှဉ့်မျိုးစိတ်များမှာ မြန်မာပြည်တွင် တွေ့ရှိရသော ငါးရှဉ့်မျိုးစိတ်များ ဖြစ်ပါသည်။
ငါးရှဉ့်တို့၏ သဘာဝမှာ ခန္ဓာကိုယ်ချောမွတ်ပြီး အကျိအချွဲများဖြင့် ဖုံးအုပ်ထားပါသည်။ လုံးဝန်းပြီး ရှည်လျားသောပုံရှိပါသည်။ အကြေးခွံမဲ့သတ္တဝါဖြစ်ပါသည်။ မြန်မာပြည်သူများ မြင်ဘူးတွေ့ ဘူးကြပါသည်။ ငါးရှဉ့်သည် လိင်စုံပါသော သတ္တဝါမျိုးစိတ်ဖြစ်ပါသည်။ တွင်းဖောက်သွားလာနိုင်သော ဓလေ့ ရှိပါသည်။ အမှောင်ကို ကြိုက်နှစ်သက်ပြီး အသားစားသတ္တဝါဖြစ်ပါသည်။ ငါးရှဉ့်သည် ကိုက်ဖြတ် စားသောက်ခြင်းမျိုး မဆောင်ရွက်ပါ၊ အစာကို စုပ်ယူစားသောက်သော ဓလေ့ရှိပါသည်။ အသားဓာတ်ပါသော အစာကို ကြိုက်နှစ်သက်ပြီး အစာသည် နူးညံ့သောအခြေအမျိုးကို ပိုမိုကြိုက်နှစ်သက်ပါသည်။ ငါးရှဉ့်တွင် ကယ်လိုရီဓါတ် ၃၃၀/ဂရမ် ပါဝင်ပြီး၊ အသားဓာတ် ၁၄ရာခိုင်နှုန်း ပါဝင်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် (၁) မှ (၁၀)တွင် ငါးရှဉ့်ရောင်းဝယ်ခြင်း ပါဝင်ပါသည်။ ယခုချိန်ထိ ဈေးကောင်းရနေသော ငါးမျိူးစိတ်ဖြစ်ပါ သည်။
ငါးရှဉ့်များသည် မိတ်လိုက် မျိုးပွားလေ့ရှိပါသည်။ မိတ်လိုက် အမြင့်ဆုံးရာသီမှာ မေလ မှ ဇွန်လအထိ ဖြစ်ပါသည်။ စက်တင်ဘာလနှင့် ဒီဇင်ဘာလများတွင်လည်း မိတ်လိုက်တတ်ပါသည်။ ကျန်းမာသန်စွမ်းသော တစ်နှစ်သားအရွယ်ငါးရှဉ့်သည် (အလျား ၁၇စင်တီမီတာ)နှင့် သုံးနှစ်သားကျော်ပါက (အလျား ၂၈-၄၈စင်တီမီ) အထိရှိလာပါသည်။ ငါးရှဉ့် အမသည် အလျား ၂၈ စင်တီမီတာတွင် မျိုးပွားနိုင်ပြီး၊ အထီးသည် အလျား၄၆စင် တီမီတာတွင် မိတ်လိုက်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။ ငါးရှဉ့်များသည် အမလိင်အင်္ဂါကိုဦးစွာ ရရှိပြီး ၊ ကြာရှည်ပါက အထီးအဖြစ်ပြောင်းလဲသွားတတ်သည်။ ငါးရှဉ့်များသည် ဟော်မုန်းဓါတ်ပြောင်းလဲမှုကြောင့် အမ မှအထီး အဖြစ်ပြောင်းလဲတတ်ပြီး ထိုအချိန်တွင် အချင်းချင်းပြန်လည် စားသောက်တတ်ကြသည်။
ငါးရှဉ့် တနိုင်တပိုင်မွေးမြူရေးအကြောင်းကိုဆက်လက်တင်ပြပေးပါမည်။
ဦးဆန်းအောင်
ထွက်တိုး