cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကြက်သွန်နီတောင်သူများ စိုက်စရိတ်မရပဲ အရှုံးပေါ်နေ 🤦‍♂️🤦‍♂️

. All News
ကြက်သွန်စျေးကွက်မှာ လမ်းကြောင်း ပြန်ပွင့်ပါက အလုံးအရင်းဖြင့် စျေးတက်သွားနိုင်သလို အခုအခြေအနေမျိုးသာ ဆက်ဖြစ်နေမည်ဆိုပါက ကြက်သွန်တောင်သူများအနေဖြင့် ကြက်သွန်များ လွင့် ပစ်ရမည် အခြေအနေတွင်ရှိကြောင်း သုံးသပ်ကြသည်။
  • လက်ရှိ ကြက်သွန်နီ တစ်ပိဿာလျှင် တောစျေး ၁၅၀၀ ကျပ်သာရှိပြီး တောင်သူများ စိုက်စရိတ်မရပဲ အရှုံးပေါ်နေကြောင်းလည်း သိရသည်။

    “ ကြက်သွန်တွေက အရောင်းအဝယ်ကိုမဖြစ်တာ။ နိုင်ငံ့အခြေအနေကြောင့်အပါအဝင် သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိတယ်။ ဘယ်ကိုမှ လွယ်လွယ်ကူကူသွားမရတာ၊ အဲ့တာက အဓိက ပြဿနာပဲ။ စျေးက အကျစျေးနဲ့ ငြိမ်တာကြာပြီ။ ကြက်သွန်စျေးမတက်တဲ့ အကြောင်းအရင်းက တချိူ့နယ်ကျတော့ သွားရလာရ လုံခြုံမှုမရှိတော့ ရတဲ့စျေးနဲ့ရောင်းကြရတယ် “ ဟု မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ တစ်ဦးက ပြောသည်။

    မိုးတွင်းကာလ နှစ်စဉ် အနည်းငယ် ကျလေ့ရှိသော်လည်း ယခုနှစ်က ရာသီဥတု ပျက်စီးခြင်းကြောင့် အထွက်နှုန်း ကျနေသည့်အတွက် ကုန် အနေအထားအရ ဒီနှစ် အဝင်နည်းကြောင်း သိရသည်။

    လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံ့အခက်အခဲနှင့် သွင်းအားစုများ စျေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေး အပါအဝင် အခြားအခက်ခဲများစွာရှိနေသည့်အတွက် စျေးကွက် အေးနေသည့် အနေအထားတွင်ရှိကြောင်း သိရသည်။

    လက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြက်သွန်နီ ဆိပ်ဖြူ တစ်ပိဿာလျှင် အလုံးအသေးအကြီးပေါ် မူတည်ကာ ၁၅၀၀ မှ ၂၂၀၀ ကျပ် ရှိပြီး မြင်းခြံ တစ်ပိဿာလျှင် ၁၇၀၀ကျပ်မှ ၂၃၅၀ ကျပ် ဝန်းကျင်သာ ပေါက်စျေးရှိတော့ ကြောင်း သိရသည်။

    “ ကြက်သွန်ဝယ်ရောင်းသမားတွေ ဒီတိုင်းဆို မလွယ်ပါ။ ဖုန်းလိုင်းမရတဲ့ ဒေသတွေ ဖောက်သည်တွေနဲ့ စကားပြောမရ ဖြစ်နေတယ်။ မိုးရာသီဆိုတော့ လမ်းခရီး လမ်းပျက်၊ လမ်းပိတ်တော့ အချိန်တွေကြာ လမ်းစရိတ် ၊ စားစရိတ် ကုန်ကျမှုများတယ်။ တွက်ခြေမကိုက်ဘူး ၊ တင်ပို့မိတာ မှားတာပဲ။ အခြေနေသာ ကြည့်ရောင်းကြ မှရမယ်။ မရောင်းရလဲ ပစ်ဖို့ပဲ အခြေအနေ ရှိတော့တယ်” ဟု ကြက်သွန် ကုန်သည် ကိုမျိုးဦးက ပြောသည်။

    ပြည်တွင်းအခြေအနေကြောင့် မူဆယ်၊ တမူး နှင့် မြဝတီစသော နယ်စပ်များမှတင်ပို့သည့် ကုန်သည်များသည် လုပ်ငန်းရှင်အချို့ ရပ်နားခဲ့ရသည့် အခြေအနေများလည်း ရှိခဲ့ကြောင်းသိရသည်။

    ကြက်သွန်စျေးကွက်မှာ လမ်းကြောင်း ပြန်ပွင့်ပါက အလုံးအရင်းဖြင့် စျေးတက်သွားနိုင်သလို အခုအခြေအနေမျိုးသာ ဆက်ဖြစ်နေမည် ဆိုပါက ကြက်သွန်တောင်သူများ အနေဖြင့် ကြက်သွန်များ လွင့် ပစ်ရမည် အခြေအနေတွင်ရှိကြောင်း သုံးသပ်ကြသည်။

    ၁၁လပိုင်း နှင့် ၁၂လ ပိုင်း တွင် ကြက်သွန်နီအသစ်များ အနည်းငယ်ပေါ်မည် ဖြစ်ပြီး ၄လပိုင်း တွင် ကြက်သွန်များ အလုံးအရင်းဖြင့် ပေါ်လေ့ရှိ ကြောင်း သိရသည်။

    ပြီးခဲ့သည့်နှစ် ယခုချိန်တွင် ကြက်သွန်နီ တောစျေးတစ်ပိဿာလျှင် ၂၅၀၀ အထက်တွင် ရရှိခဲ့ကြောင်း တောင်သူ များကဆိုသည်။

    ဖိုးချဲ(AMIA)

    -----

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes3comments0
views1371