cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ်တောင်ပိုင်းအတွက် အပတ်စဥ် မိုးလေဝသနှင့်စိုက်ပျိုးရေးအကြံပြုချက်

. Weather News
ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်နဲ့ ဟဲဟိုးဒေသမှ တောင်သူဦးကြီးများခင်ဗျာ... ခရမ်းချဉ်စိုက်ခင်းများမှာ အခုလို မိုးရွာလိုက် နေပူလိုက်ဖြစ်တဲ့ရာသီမှာ
အော်တာနေးရီးယားရွက်ပြောက်နဲ့ လောင်မဲ(နှောင်းပင်နာကျ)ရောဂါ ပူးတွဲကျရောက်တတ်ပါတယ်။
  • နောင်လာမယ့် ၂၀ ရက်နေ့မှ ၂၄ ရက်ထိ မိုးရွာသွန်းမှု ဆက်လက်တည်ရှိနေမှာမို့

    ရေကြီးရေလျှံမှုတွေကိုလည်း သတိပြုပေးပါ။

    ထွက်တိုးမှ ဦးကြီးတို့ရဲ့စိုက်ခင်းများအတွက် မိုးလေဝသနဲ့စိုက်ပျိုးရေး အကြံပြုချက်များကို တင်ဆက်ပေးလိုက်ပါရစေခင်ဗျာ။

    ခရမ်းချဉ်

    ခရမ်းချဉ်စိုက်ခင်းများမှာ အခုလို မိုးရွာလိုက် နေပူလိုက်ဖြစ်တဲ့ရာသီမှာ

    အော်တာနေးရီးယားရွက်ပြောက်နဲ့ လောင်မဲ(နှောင်းပင်နာကျ)ရောဂါ ပူးတွဲကျရောက်တတ်ပါတယ်။ ဒီရောဂါများ မဖြစ်သေးတဲ့ အခင်းတွေလည်း အခုချိန်ကတည်းက ကြိုတင်ပက်ဖျန်းကာကွယ်ပါ။

    ဖြစ်စပြုနေတဲ့အခင်းများလည်း မဖြစ်မနေ စတင်ပက်ဖျန်းပေးပါ။

    အသုံးပြုရမယ့်မှိုသတ်ဆေးများကတော့-

    အော်တာနေးရီးယားရွက်ပြောက်အတွက် ကလိုရိုသာလိုနေး(မန်ကိုဇက်)+ထရိုင်ရာဇိုးအုပ်စုဝင်ဆေးများ(ပရိုပီကိုနာဇိုး၊ဒိုင်ဖီနိုကိုနာဇိုး) သို့မဟုတ် အဇိုဇီစရိုဘင်။

    လောင်မဲ(နှောင်းပင်နာကျ)အတွက် မန်ကိုဇက်+ဆိုင်မောက်ဇနေး၊ မန်ကိုဇက်+ပရိုပါမိုကပ်၊ မန်ကိုဇက်+ဒိုင်မီသိုမော့၊ ဖီမောက်ဇာဒုန်း+အောက်ဇာသိုင်ရာပီပရိုလင် ဆေးများဖြစ်ပါတယ်။

    မိုးရွာနေတာမို့ မိုးခေတ္တရပ်ချိန်မှာ စွဲကပ်ပျံ့နှံ့ဆေးများနှင့် အထက်ဖော်ပြပါ မှိုသတ်ဆေးများကို တွဲဖက် အသုံးပြုပါ။

    မှိုသတ်ဆေးများကို ငါးရက်ခြားနဲ့ ၂ ကြိမ် ဆက်တိုက်ဖျန်းပေးပါ။

    အာလူး

    အာလူးစိုက်ခင်းများမှာတော့ ဒီလိုမိုးရာသီကာလမှာ ဦးကြီးတို့အတွက် နာမည်ကျော် လောင်မဲကျဖို့က သေချာသလောက်ပါပဲ။

    မိုးတွေကလည်း ရွာနေတာမို့ ဆေးမဖျန်းဖြစ်လိုက်ရဘူးဆိုတာတော့ မဖြစ်ပါစေနဲ့နော်။

    ကော်ရည်နဲ့ ဖျန်းမဲ့မှိုသတ်ဆေးများကိုရောပြီး ဖျန်းပေးပါ။

    မိုးရပ်တဲ့ အတောအတွင်း ဖျန်းပေးနိုင်အောင် ဆောင်ရွက်စေချင်ပါတယ်။

    ဘာဆေးတွေဖျန်းရမှာလဲဆိုတော့-

    ၁။ ကလိုရိုသာလိုနေး+ဆိုင်မောက်ဇနေး၊ မန်ကိုဇက်+ဒိုင်မီသိုမော့၊ မန်ကိုဇက်+ပရိုပါမိုကပ်၊ ဖီမောက်ဇာဒုန်း+အောက်ဇာသိုင်ရာပီပရိုလင် ဆေးများဖြစ်ပါတယ်။ ဦးကြီးတို့ကြိုက်နှစ်သတ်ရာ ဆေးအတွဲ ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

    ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး ဆေးတစ်ကြိမ်ဖျန်းရုံနဲ့ အဆင်မပြေတာမျိုးဖြစ်နေရင်လည်း စိတ်ဓာတ်မကျလိုက်ပါနဲ့ဦးနော်၊ ၄-၅ ရက်ခြား နဲ့ ထပ်ဖျန်းပေးစေချင်ပါတယ်ခင်ဗျာ။

    ပြောင်း

    ပြောင်းစိုက်ခင်းတွေမှာတော့ ပြောင်းပင်စည်ပုပ်နဲ့ ရွက်ခြောက်ရောဂါတွေ ဖြစ်တတ်ပါတယ်။ မိုးတွေက ရွာနေပြီဆိုတော့လေ။ ဒါ့ကြောင့် မှိုသတ်ဆေးတစ်ကြိမ်၊ နှစ်ကြိမ်ခန့်တော့ ဝင်ပေးစေချင်ပါတယ်။ ဒါမှသာ အဖူးလှမှာပါ။

    ဘာမှိုဆေး ဖျန်းရမလဲဆိုရင် ၊ ထရိုင်ရာဇိုး အုပ်စုဝင် ဆေးတစ်မျိုးမျိုး သို့မဟုတ် အဇိုဇီစထရိုဘင်ဆေးအဆိပ် ဖျန်းပေးပါ၊ ကော်ရည်ထည့်ဖို့တော့ မမေ့ပါနဲ့နော်။ မိုးတွေရွာနေလို့ မဖျန်းလိုက်ရဘူးဆို အဖူးတွေမလှပဲနေပါလိမ့်မယ်။ မိုးကြားကပဲ ဖျန်းဖြစ်အောင် ဖျန်းဖို့ မိုးတိတ်ချိန်လေးခဏမှာ ပြောင်းပင်လေးတွေကြား ဝင်ရောက်ဖျန်းပေးပါအုံးခင်ဗျာ။

    နောက်ပြီးတာ့ ပေါင်းတွေရော နိုင်ကြရဲ့လားခင်ဗျာ။ ပေါင်းတွေက အစာလုစားကြတာမို့....ပါရာကွက်ကို ပင်ကြားတန်းကြားမှာ ဖျန်းပေးဖို့ (ဦးကြီးများသိပြီးသားဖြစ်နေရင်လည်း ) မမေ့အောင် သတိပေးပါရစေနော်။

    စပါး

    စပါးတွေကတော့ ဖုံးလုံးစပြုချိန်မှာ အခုလိုမိုးရွာသွန်းမှုနဲ့ကြုံရရင် စပါးအနှံထွက်ချိန် စပါးမှိုသီးရောဂါ စွဲကပ်တတ်ပါတယ်ဗျ။ ဒါကြောင့်စပါးခင်းကိုလည်း ဆေးဖျန်းစေချင်ပါတယ်။

    ဖျန်းရမယ့် မှိုသတ်ဆေးအဆိပ်များကတော့ ကလိုရိုသာလိုနေး၊မန်ကိုဇက်၊ပရိုပီကိုနာဇိုး+ဒိုင်ဖီနိုကိုနာဇိုး စသဖြင့် ဖျန်းပက်ကာကွယ်ပေးနိုင်ပါတယ်။

    ----

    မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
likes
4
comments
0
views
2167