cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အောင်လံ၊မကွေး၊ ပခုက္ကူ ဒေသများမှ အသစ်ဝင် မြေပဲဆန်များ ဝယ်လိုအားကောင်းနေ

. Market News
ဇူလိုင်လကုန်ပိုင်းထိ အညာ မြေပဲဆန်များ လက်ကျန်နည်း လာပြီး တဖြည်းဖြည်း ဈေးမြင့် တက်လာရာ တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းကျော်အထိ ဈေးမြင့်တက်လာခဲ့သည်။
  • မန္တလေးဈေးကွက်သို့ အသစ် ဝင်ရောက်လာသည့် အောင်လံ၊ မကွေး၊ ပခုက္ကူဒေသများမှ အသစ်ဝင် မြေပဲဆန်များ အဝင်ရှိ သလောက် ဝယ်လိုအားကောင်း နေကြောင်း ပဲနှမ်းကုန်သည်များ ထံမှ သိရသည်။

    ဇူလိုင်လကုန်ပိုင်းထိ အညာ မြေပဲဆန်များ လက်ကျန်နည်း လာပြီး တဖြည်းဖြည်း ဈေးမြင့် တက်လာရာ တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းကျော်အထိ ဈေးမြင့်တက်လာခဲ့သည်။

    ထိုသို့ မန္တလေးဈေးကွက် တွင် လက်ကျန်နည်းလာတာ ကြောင့် အသစ်ဝင် မြေပဲဆန်များ အဝင်ရှိသလောက် ဝယ်လိုအား ကောင်း ဈေးမြင့်တက်နေရာ အသစ်ဝင်မြေပဲလုံးဆန်တစ်ပိဿာ လျှင် ငွေကျပ် ၁၂၀၀၀ အထိ ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း မန္တလေးပဲကုန်သည် တစ်ဦးက ပြောသည်။

    `` ဈေးကွက်အတွင်းမှာ စား အုန်းဆီဈေးနှင့် မြေပဲဆီဈေးမှာ ကွာခြားမှု သိပ်မရှိတော့ဘဲ စားအုန်းဆီ ဝယ်ယူရန် ခက်ခဲ တာကြောင့် မြေပဲဆီဈေးက တဖြည်းဖြည်း မြင့်တက်လာပြီး ဝယ်လိုအားကောင်းနေတာပါ။ ဆီစက်ပိုင်တွေအတွက် ဆီကြိတ် ဝါးဖို့ ကုန်ကြမ်း လိုအပ်ချက်က ပိုများနေတော့ အသစ်ဝင် မြေပဲ ဆန်တွေက ဝင်သလောက်အကုန် ရောင်းနေရပါတယ်။ အရင်က မြေပဲဆန်ကို နိုင်ငံခြားတင်ပို့မှု ရှိမှသာ ဈေးကောင်းရတတ်ပေ မယ့် ယခုအခါ မြေပဲဆန် ထွက် ရှိတဲ့ဒေသက မြေပဲဆန်တွေ အကုန်လိုက်ဝယ်နေကြတဲ့ သဘော ပါ။ လာမယ့် ဆောင်းသီးနှံမှာ လည်း တောင်သူတွေ ဈေးကောင်း ရနေဦးမှာပါ´´ ဟု ၎င်းက ပြော သည်။

    မကွေးတိုင်းဒေသကြီး အောင် လံ၊ တောင်တွင်းကြီး၊ သရက် ဒေသများက အချို့မြေပဲစိုက်ခင်း များ ပျက်စီးမှုရှိခဲ့သော်လည်း ထွက်ရှိလာသည့် မြေပဲလုံးဆန် များကို ပြည်တွင်းဆီစက်လုပ်ငန်း နှင့် ပြည်ပနိုင်ငံများသို့ အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး တစ်ဧကလျှင် မြေပဲတင်း ၄၀မှ ၅၀ထိ ထွက်ရှိပြီး မိုးမြေပဲ အစို တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀ မှ ၃၀၀၀ကျပ် ပေါက်ဈေးရှိနေ ပြီး မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ ထိ ဈေးကောင်း ရရှိနေခြင်းဖြစ်သည်။

    ဩဂုတ် ၂၀ ရက် မန္တလေး ကုန်စည်ဒိုင်တွင် မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀၀ ၊ မြေပဲဆီ တစ် ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၂၀၀၀၀၊ ပဲဖတ် တစ် ပိဿာလျှင် ငွေကျပ် ၆၈၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

    Source: မကွေးဂျာနယ်

    ---------

    ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။


  • article
likes5comments0
views1521