ဧရာဝတီတိုင်းအတွက် မိုးလေဝသခန့်မှန်းချက်နှင့် ငါးမွေးမြူရေးအကြံပြုချက်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ ၂၃ ရက် မှ ၂၉ ရက် အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိနိုင်ပါတယ်။ ခန့်မှန်းချက်များအရ မြို့နယ်အများစုမှာ မိုးလက်ဆက်ရွာနိုင်ခြေရှိပါတယ်။ ဒီလိုရာသီဥတုမှာ ဖြုတ်ကြောဖြူအန္တရာယ် ကျရောက်ဖျက်ဆီးမှုကို ကြုံတွေ့နိုင်တဲ့အတွက် သတိပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
၁။ ဟင်္သာတမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါသည်။ သြဂုတ်လ ၂၇ ရက်နေ့ တွေမှာ မိုးရွာရန် ၉၈ ရာခိုင်နှုန်းမှာရှိနိုင်ပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ မိုးရွာရန် ၆၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၇၁ မှ ၇၅ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။
၂။ ညောင်တုန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၁.၈°C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၈°C ရှိနိုင်ပါတယ်။
၃။ မအူပင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၉) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၈၉ မှာ ရှိနိုင်ပြီး သြဂုတ်လ ၂၈ ရက်မှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကျန်ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ ၆၅ မှ ၇၁ ရာခိုင်နှုန်းအတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျ။
၄။ မြောင်းမြမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၁)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ သြဂုတ်လ ၂၇ ရက်နေ့တွင် မိုးရွာရန်ရာနှုန်း (၉၈) ရှိနိုင်ပြီး သြဂုတ်လ ၂၉ ရက်နေ့များမှာ မိုးရွာရန် ရာနှုန်း ၄၁ သာရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် ၆၁ မှ ၈၀ ရာခိုင်နှုန်း အတွင်းမှာပဲရှိနိုင်ပါတယ်ခင်ဗျာ။
၅။ ဓနုဖြူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၄) ရက် မှ (၂၉) ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၁)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ပျမ်းမျှအပူချိန်တွေကတော့ ၂၉ ရက်နေ့မှာ အမြင့်ဆုံး အပူချိန် ၃၁.၈ °C နှင့် အနိမ့်ဆုံးအပူချိန် ၂၄.၈°C ရှိနိုင်ပါတယ် ခင်ဗျာ။
၆။ ပန်းတနော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅) ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ သြဂုတ်လ ၂၇ မိုးရွာရန် ရာနှုန်း ရာနှုန်းပြည့် တွင်ရှိနိုင်ပြီး သြဂုတ်လ ၂၄၊ ၂၆ ရက်နေ့မှာ ရွာရန်ရာနှုန်း ၆၅-၆၈ အတွင်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၇၁ မှ ၇၈) ရာနှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၇။ ကျိုက်လတ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ကျိုက်လက်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၁)ရာခိုင်နှုန်းမှ (၉၁) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂၇ ရက်နေ့မှာ မိုးရွာရန်ရာနှုန်း ၉၁ တွင် ရှိနိုင်ပြီး သြဂုတ်လ ၂၄၊ ၂၆ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၆၅ မှ ၆၇ ရှိနိုင်ပါတယ်။ ကျန်ရက်များတွင် မိုးရွာရန် (၇၁ မှ ၈၀) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။
၈။ ဝါးခယ်မမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂၇ ရက်တွင် မိုးရွာရန်ရာနှုန်းရာနှုန်းပြည့် ရှိနိုင်ပြီး အမြင့်ဆုံးပျှမ်းမျှအပူချိန် ၃၁.၉ °C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၅.၁ °C ရှိနိုင်ပါတယ်ခင်ဗျာ။
၉။ ကျုံပျော်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂၈၊ ၂၉ နေ့တွင် မိုးရွာရန် ရာနှုန်း ၄၀သာ ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၇၁ မှ ၈၅ ရာနှုန်း အတွင်း မှာ ရှိနိုင်ပါတယ်။
၁ဝ။ ဇလွန်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၁။ လပွတ္တာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၄)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂၇ ရက်နေ့မှာ မိုးရွာရွန်ရာနှုန်း ရာနှုန်းပြည့် ဖြစ်ပါတယ်။
၁၂။ ပုသိမ်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၁)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၉°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၃။ ဖျာပုံမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၁) ရာခိုင်နှုန်းအထိရှိပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့မှာ ရွာရွန်ရာနှုန်း ၉၁ ရှိနိုင်ပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၂.၂°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၄။ အင်္ဂပူမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၇၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။
၁၅။ ကြံခင်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၉၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂၇ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၇ မှာရှိနိုင်ပြီး သြဂုတ်လ ၂၈၊ ၂၉ ရက်နေ့များတွင် မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၆၁ မှ ၇၅) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၆။ လေးမျက်နှာမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၈၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ သြဂုတ်လ ၂၇ ရက်နေ့တွင် ရာနှုန်း ၈၅ ဖြစ်ပြီး သြဂုတ်လ ၂၈၊ ၂၉ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၄၀ သာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ၆၈-၇၅ ရာခိုင်နှုန်း အတွင်း တွင်ရှိနိုင်ပါတယ်။
၁၇။ ဒေးဒရဲမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၁) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
၁၈။ မော်လမြိုင်ကျွန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်းပြည့် ရှိနိုင်ပြီး ကျန်ရက်များတွင် (၆၈)ရာခိုင်နှုန်း နှင့် အောက်တွင်ရှိနိုင်ပါတယ်ခင်ဗျာ။
၁၉။ ကန်ကြီးထောင့်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။
၂ဝ။ ငပုတောမြို့နယ်
၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၂၃) ရက် မှ (၂၉) ရက်နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၁)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ သြဂုတ်လ ၂၇ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၉၈ ရှိနိုင်ပြီး သြဂုတ်လ ၂၉ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၄၁ ရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်ရက်တွေမှာတော့မိုးရွာရန် ၆၁ မှ ၈၀ ရာခိုင်နှုန်း အတွင်း တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
မိုးရွာနိုင်ခြေရှိတဲ့အတွက် ငါးကန် တောင်သူကြီးများအနေနဲ့ အောက်ပါတွေကို ဆောင်ရွက်ဖို့ တိုက်တွန်း လိုပါတယ်ခင်ဗျာ-
ပျော်ဝင်အောက်ဆီဂျင်ကောင်းကောင်းရရှိစေရန် ရေလှယ်ပေးရန်၊
လိုအပ်ပါက အနီးနားရှိ မြစ်ချောင်းများမှ ရေကို စုပ်ယူထည့်ပေးရန်၊
ရေဝင်တဲ့ ကန်တွေမှာ ငါးရိုင်းသတ်ဆေးထည့်ပေးရန်၊
အရံ မျိုးငါးကန်များထားရှိရန်၊
ရေကြည်နှုန်းတိုင်းပေးရန်နဲ့ ရေဩဇာတိုင်းတာပေးရန်၊
Weather Source: CIAT
----