cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ချက်

. Market News
မန္တလေးဈေးကွက်ရှိ ပဲပုတ် (ရှမ်း)နဲ့ ပဲပုတ် (ဗမာ)ဈေးနှုန်းများကို လေ့လာသော် ၂၀၂၄ ခုနှစ်၊ ဩဂုတ် လ ၂၂ ရက်နေ့တွင် ပဲပုတ်(ရှမ်း)ဈေးနှုန်းမှာ ၃၈၅,၀၀ဝိ/-ကျပ်မှ ၄၀၀,၀၀ဝိ/-ကျပ်၊ ပဲပုတ် (ဗမာ) ဈေးနှုန်းမှာ ၃၅၀,၀၀ဝိ/-ကျပ်မှ ၃၅၅,၀၀ဝိ/-ကျပ်၊ အသီးသီး ပေါက်ဈေးရှိပါတယ်။
  • ယခင်လ (ဇူလိုင်လ)နှင့် ယခုလ (ဩဂုတ်လ)နှိုင်းယှဉ်ခြင်း 

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လဈေးနှုန်းအား ယခင် ဇူလိုင်လ ဈေးနှုန်းများဖြင့် နှိုင်းယှဉ်သော် မန္တလေး ဈေးကွက်တွင် ပဲပုတ်(ရှမ်း) ပျှမ်းမျှဈေးနှုန်း (ကျပ်/၅၃.၂ ပိဿာ)မှာ ၁၀၇,၀၃ဝိ/-ကျပ်၊ ပဲပုတ် (ဗမာ) ပျမ်းမျှ ဈေးနှုန်း (ကျပ်/၅၃.၂ ပိဿာ)မှာ ၇၇,၀၄ဝိ/-ကျပ်ဖြင့် အသီးသီးမြင့်တက်နေတာကို တွေ့ရပါတယ်။  

    ဇူလိုင်လတွင် ပဲပုတ် (ရှမ်း)ပျမ်းမျှဈေးနှုန်း (ကျပ်/၅၃.၂ ပိဿာ)မှာ ၂၄၀,၀၉၅ိ/-ကျပ်၊ ပဲပုတ် (ဗမာ) ပျှမ်းမျှဈေးနှုန်း (ကျပ်/၅၃.၂ ပိဿာ)မှာ ၂၂၅,၃၃၅ိ/-ကျပ်ရှိခဲ့ပြီး ဩဂုတ်လတွင် ပဲပုတ် (ရှမ်း)ပျမ်းမျှ ဈေးနှုန်း (ကျပ်/၅၃.၂ ပိဿာ)မှာ ၃၄၇,၁၂၅ိ/-ကျပ်၊ ပဲပုတ် (ဗမာ) ပျမ်းမျှ ဈေးနှုန်း (ကျပ်/၅၃.၂ ပိဿာ)မှာ ၃၀၂,၃၇၅ိ/-ကျပ်ဈေးရှိပါတယ်။ 

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ ဩဂုတ်လ စတုတ္ထပတ်အထိ ပဲပုတ် (ရှမ်း)နဲ့ ပဲပုတ် (ဗမာ) ပျမ်းမျှ ဈေးနှုန်းများကို လေ့လာသော် ပဲပုတ်(ရှမ်း)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၆၈,၂၆၉ ကျပ်၊ မတ်လတွင် ၁၇၈,၆၅၀ ကျပ်၊ ဧပြီလတွင် ၁၅၆,၈၀၀ ကျပ်၊ မေလတွင် ၁၆၈,၀၀၅ ကျပ်၊ ဇွန်လတွင် ၂၀၃,၉၆၀ ကျပ်၊ ဇူလိုင်လတွင် ၂၄၀,၀၉၅ ကျပ်နဲ့ ဩဂုတ်လတွင် ၃၄၇,၁၂၅ ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ 

    ပဲပုတ်(ဗမာ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁၇၃,၀၅၆ ကျပ်၊ မတ်လတွင် ၁၇၇,၃၂၀ ကျပ်၊ ဧပြီလတွင် ၁၆၆,၅၆၃ ကျပ်၊ မေလတွင် ၁၈၂,၅၆၅ ကျပ်၊ ဇွန်လတွင် ၁၉၈,၁၈၃ ကျပ်၊ ဇူလိုင်လတွင် ၂၂၅,၃၃၅ ကျပ်နဲ့ ဩဂုတ်လတွင် ၃၀၂,၃၇၅ ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ 

    သုံးသပ် ခန့်မှန်းချက် 

    ဈေးနှုန်းသုံးသပ်ရသော် ပဲပုတ် (ရှမ်း)နဲ့ ပဲပုတ် (ဗမာ) ပျမ်းမးမျှ ဈေးနှုန်းများမှာ တဖြည်းဖြည်း မြင့်တက်လာကာ ယခုမိုးလယ်တွင် အမြင့်ဆုံးသို့ တက်နေသည်ကို တွေ့ရပါတယ်။ လက်ကျန်နည်းနေခြင်း၊ စိုက်ပျိုးရာသီ ဖြစ်ခြင်းတို့ကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်ပါတယ်။ 

    ခန့်မှန်းသုံးသပ်ရသော် ဈေးဆက်လက် မြင့်တက်နေမည်ဖြစ်ပါကြောင်း ပြောကြားလိုပါတယ်။  

    ထွက်တိုး

    ---


  • article
  • article
likes3comments0
views1710