cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ စျေးကွက်သုံးသပ်ချက် (၁၉.၈.၂၀၂၄ မှ ၂၃.၈.၂၀၂၄)

. Market Analysis
ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးမြင့်တက်နေပေမယ့် လက်ရှိ ငွေကြေးဈေး တည်ငြိမ်မှု မရှိတာ ဈေးကွက်အတွင်း အရောင်းအဝယ် အေးတာတွေကြောင့် အတက်နှေးသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။
  • ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကလည်း မြန်မာငွေကြေးဈေးနဲ့ တွက်ရင် ဈေးမြင့်တက်နေပေမယ့် FOB ပေါက်ဈေးနှုန်းက တော့ ဆက်တိုက်ကျဆင်းပါတယ်။ ဈေးကွက် အရောင်းအဝယ် အေးနေတဲ့အတွက်ကြောင့် အတက်အ ကျကတော့ သိပ်မရှိပေမယ့် နယ်ဈေးကွက်တွေမှာတော့ တစ်ပတ်တာလုံး အကျဈေးနဲ့ ရှိနေတာ ဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံတွင်းမှာလည်း ပဲဈေးတွေက ဆက်တိုက် ကျဆင်းနေခဲ့ပြီး လက်ရှိ ချန်နိုင်းဈေးကွက်မှာ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၉၈၀၀ သာ ရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၄၅၀ ရူပီး ဈေးကျဆင်းသွားပါတယ်။ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၁၂၀ မှ ၁၁၃၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ဒေါ်လာ ၃၀ ဈေးကျဆင်းသွားခဲ့ပါတယ်။

     ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့အပတ် သောကြာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၇၂၅၀၀၀ ကျပ်၊ တနင်္လာနေ့မှာလည်း တစ်တန်ကို ၄၇၇၂၀၀၀၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၇၅၂၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၄၆၃၇၀၀၀၊ ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၇၀၀၀၀၀၊ သောကြာနေ့မှာတော့ ၄၇၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ် ယှဉ်ရင် တစ်တန်ကို ၂၅၀၀၀ ကျပ်ဈေးတက်ပါတယ်။

     ကုလားပဲ

     ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးမြင့်တက်နေပေမယ့် လက်ရှိ ငွေကြေးဈေး တည်ငြိမ်မှု မရှိတာ ဈေးကွက်အတွင်း အရောင်းအဝယ် အေးတာတွေကြောင့် အတက်နှေးသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

    ရန်ကုန်ဈေးကွက်မှာ ကုလားပဲခြမ်းက တစ်ပိဿာကို ၆၆၇၅ မှ ၇၂၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးမြင့်တက်ပါတယ်။

     မန္တလေးဈေးကွက်မှာတော့ ကုလားပဲ 929 က တစ်အိတ်ကို ၂၈၈၀၀၀ မှ ၂၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၇၈၀၀၀ မှ ၂၈၀၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်၊ ကုလားပဲလုံး v2 က တစ်အိတ်ကို ၃၁၅၀၀၀ ရှိနေပြီး တစ်အိတ်ကို ငွေကျပ် ၁၅၀၀၀ ကျပ် အသီးသီး ဈေးမြင့်တက်လာပါတယ်။ နယ်ဈေးကွက်တွေမှာတော့ ကုလားပဲက တစ်အိတ်ကို ၂၀၀၀ ကနေ ၃၀၀၀ ကြားသာ အတက်ရှိပေမယ့် အများစုကတော့ ဈေးငြိမ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။

     ဘိုကိတ်၊ ပဲလွန်း၊ ပဲကြီး

     ဘိုကိတ်၊ ပဲလွန်းဈေးတွေကတော့ ဆက်တိုက် ဈေးမြင့်တက်နေပေမယ့် ပဲကြီးကတော့ လက်ရှိမှာတော့ ဈေးအေး အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း အဝင်ရှိနေပြီး အဝင်ရှိသလောက် အဝယ်ရှိတယ်လို့ သိရပါတယ်။ ဘိုကိတ် နဲ့ ပဲလွန်းတို့ကလည်း အရောင်းအဝယ် ရှိပေမယ့် ငွေကြေးဈေးကြောင့် မြင့်တက်တာလို့လည်း သိရပါတယ်။

     ရန်ကုန်ဈေးကွက်မှာတော့ ဘိုကိတ် တစ်ပိဿာကို ၅၃၃၀ မှ ၅၈၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်ပါတယ်။ ပဲလွန်းဖြူ (ပဲခူး နဲ့ မြစ်ဝ ) ကတော့ တစ်ပိဿာကို ၄၃၃၀ မှ ၄၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးတက်လာပါတယ်။ ပဲလွန်းနီကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၈၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၅ ကျပ်ဈေးတက်ပါတယ်။ ပဲကြီးကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး တစ်ပိဿာကို ၄၆၉၅ မှ ၅၆၆၅ ပေါက်ဈေးရှိနေပါတယ်။

     မန္တလေးဈေးကွက်မှာတော့ ပဲကြီး(က၊လ၊သ)က တစ်အိတ်ကို ၂၀၀၀၀၀ မှ ၃၀၀၀၀၀ ကြားပေါက်ဈေးရှိပြီး ငွေကျပ် ၁၀၀၀၀ သာ ဈေးမြင့်တက်ပါတယ်။ ပဲလွန်းပြာကတော့ တစ်အိတ်ကို ၃၀၀၀၀၀ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀၀ ကျပ်ဈေးတက်ပါတယ်။ ပဲလွန်းဖြူကတော့ တစ်အိတ်ကို ၃၀၅၀၀၀ မှ ၃၁၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်ပါတယ်။

     ကြက်သွန်နီ

     ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်သွက်လာပြီး ဈေးက အနည်းငယ်ပြန်ကျဆင်းပါတယ်။ နေ့စဉ် ကြက်သွန်အဝင်ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနေတာ ဖြစ်တဲ့အတွက် တစ်ပတ်လုံး အတိုင်း အတာ နဲ့ နှိုင်းယှဉ်လိုက်ရင်တော့ ကြက်သွန်နီက လက်ရှိမှာ အကျဈေးနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ ခရီးဝေးတွေ ပို့ဆောင်ခွင့် မရတဲ့အတွက် အရောင်းအဝယ်အေး/ ဈေးအေး အခြေအနေ ဖြစ်နေတယ်လို့သိရပါတယ်။ ဈေးကွက်အတွင်းမှာတော့ နေ့စဉ် ပိဿာချိန် တစ်သိန်း နဲ့ အထက် ရှိပြီး သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှုတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

     ဘုရင့်နောင်ဈေးကွက်မှာကြက်သွန်နီ (ဆိပ်ဖြူ၊မုံရွာ၊မြင်းခြံ၊တောင်သာ တို့က)က တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၄၀၀ မှ အမြင့်ဆုံးဈေး ၂၃၀၀ ကြား ရှိပြီး တစ်ပိဿာကို ၁၀၀ ကနေ ၁၅၀ကြား ဈေးကျဆင်းပါတယ်။

    AMIA

    ---


  • article
likes3comments0
views2426