cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စမုန်စပါး

. Cultivation Methods
စမုန်စပါး
  • article
  • မျိုးရင်း ။ Umbelliferae (နံနံမျိုးရင်း)
    ရုက္ခဗေဒအမည်။ ။ Foeniculum vulgare Gaertn
    အခေါ်အဝေါ်။ ။ မြန်မာအမည် စမုန်စပါး
    အင်္ဂလိပ် အမည်။ ။Fennel


    ပုံသဏ္ဌာန်
    အပင်ငယ်မျိုးဖြစ်၍ အမြင့် ၃ ပေခန့် ထိမြင့်သည်။ ပင်လုံးသေး၍ အခေါင်းပါးသည်။ ရိုးတံမှ အကိုင်းအခက်ကလေးများထွက်၏။ အရွက်သည် နူးညံ့ပြီး သေးမွှားသော အမျှင်ကလေးများ ဖြစ်ကြ၏။ မွှေးကြိုင်သော အနံ့ ရှိသည်။ အပွင့်သည် သေးငယ်၍ အဝါရောင် ရှိသည်။ ထီးပုံသဏ္ဌာန် ပန်းခိုင် တွင်ပွင့်၏။ အသီး သည် အနှံကလေးများသဖွယ် အသီးလေးများစုပြုံ သီးကြ သည်။ ဥသဏ္ဌာန်ရှိ၏။ အစေ့သည် စိမ်း၍ ကြာသော်ဝါသွား၏။ အစေ့သည် မွှေးကြိုင်သော အနံ့ ရှိသည်။


    ပေါက်ရောက်ရာဒေသ
    (က) တောင်ပေါ်ဒေသ အမြင့်ပေ ၆၀၀၀ ထိပေါက်ရောက်နိုင်သည်။
    (ခ) အပူပိုင်းဒေသ တွင်သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။ အအေးပိုင်းဒေသတွင် နှစ်ရှည်ခံပင်ဖြစ်သည်။


    စိုက်ပျိုးပုံ


    (က) ပျိုးထောင်စိုက်ပျိုးခြင်း
    စမုန်စပါးပင်များကို တစ်ပင်နှင့်တစ်ပင် ၁ ပေကွာ လေးကွက်ကျားစိုက်ပျိုးရသည်။ စိုက်ပျိုးမှုလွယ်ကူရန် ထွန်သွားကို ၁ပေခြား၍ လေးကွက်ကျားကြောင်းဆွဲ ပြီး ၎င်း တို့ဆုံသော နေရာများတွင်မျိုးစေ့ ၄စေ့ခန့် ထည့်လျက် ကြမ်းတုံးဖြင့် မြေညှိပေးရသည်။


    (ခ) ထိန်းသိမ်းပြုစုခြင်း
    စိုက်ပျိုးထားသော စမုန်စပါး ပင်များအား ပေါင်းပင် များ မဖုံးလွှမ်းနိုင်စေရန် အချိန်မီကြားပေါင်းထွန်လိုက်ခြင်း၊ ပင်ခြေတွင် ပေါင်းရှင်းပေးခြင်း၊ မြေဆွပေးခြင်းများပြုလုပ်ပေးရပါသည်။


    (ဂ) ရိတ်သိမ်းဆွတ်ခူးခြင်း
    တပို့တွဲလ အတွင်းရိတ်သိမ်း၍ ပင်ခြေမှ တံစဉ်ဖြင့် ရိတ်ယူပြီး တလင်းတွင် စုပုံ၍ အခြောက်လှန်းရသည်။


    ပြုပြင်ထုတ်လုပ်ခြင်း
    အသီးခြွေရာတွင်နွားဖြင့် ခြွေပါက မျိုးစေ့များကွဲကြေနိုင်သဖြင့် စုပုံကာ တုတ်ဖြင့် ရိုက်ပြီးခြေလှန်းပြီးလေလုံသော သံပုံးများ၌ ထည့်သွင်း သိုလှောင် ထားရသည်။


    အသုံးပြုသည့် အစိတ်အပိုင်း
    အစေ့၊အရွက်


    အာနိသင်
    မြန်မာဆေးကျမ်းများအလိုအရ စမုန်စပါးသည်ပူ၏ အစာကို ကြေညက်စေ၏။ လေ၊သလိပ်၊သွေးကိုဖြောင့်စေ၏၊ ညီမျှစေ၏။ နှလုံးကို အကျိုးပြု၏၊ ဝမ်းမီးနုံ့ခြင်းကို ပျောက်ကင်းစေတတ်၏။ လေအားကြီးသောအနာ၊ အတွင်းပူနာ၊ ရေငတ်နာတို့ကို နိုင်၏။


    အသုံးပြုပုံ
    အစေ့
    (၁) စမုန်စပါးကို အဆီထုတ်၍ အနောက်နိုင်ငံ ဆေးဝါးများတွင် လေဆေးအဖြစ် အသုံးပြု၏။
    (၂) စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ်၊ လေကို ပယ်၍ ချောင်းဆိုးခြင်း၊ အန်ခြင်းတို့ကို ပျောက်ကင်းစေနိုင်၏။
    (၃) အဖျားကြီး၊ အပူကြီးသော် စမုန်စပါးကို ညဦး က စိမ်၍ နံနက်တိုက်ပေးခြင်းဖြင့် အပူရှိန်လျော့၍ အဖျားကျသွားမည်။
    (၄) ကလေးများ အစာမကြေရောဂါအတွက် စမုန်စပါးကို ရေနွေးဖျော၍ တိုက်သော် အစာမကြေ ဝမ်းဗိုက်ရောင်ရောဂါ ပျောက်ကင်၏။
    (၅)ဥသျှစ်သီးကင်းနှင့် စမုန်စပါးကို ရောထောင်း၍ သောက်လျှင် အစာမကြေ ဝမ်းရောဂါပျောက်ကင်း၏။
    (၆) စမုန်စပါးနှင့် သကြားကို ဆတူရော၍ ညအိပ်ရာဝင်သောက်သော် မျက်စိ ကြည်လင်သည်။
    အရွက် ၁ ၊ အရွက် ကို အရည်ညှစ်သောက်လျှင် ဆီးချုပ်၊ ဆီးအောင့်ပျောက်၍ ဆီးကောင်းစေသည်။


    ကျမ်းကိုး။ ။ မြန်မာ့ ဆေးဝါးပင်များ


likes11comments1
views1826