cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကော်ဖီ စျေးကွက် အရောင်းအဝယ် မရှိဖြစ်နေ

. Market News
ပြည်တွင်း၌ ကော်ဖီစျေးကွက် အရောင်းအဝယ်မရှိ ဖြစ်နေကြောင်း ကော်ဖီ လုပ်ငန်းရှင်များ နှင့်တောင်သူများ ထံမှ သိရသည်။
  • လက်ရှိ ရှမ်း နှင့် ပြင်ဦးလွင် အပါအဝင် ပြည်တွင်း ဖြစ်ပွားနေသည့် အခြေအနေများကြောင့် လမ်းပိုင်း ဆက်သွယ်ရေးအပြင် အခြား အခက်ခဲများရှိနေ၍ ဝယ်လက်မရှိ သလောက်ရှားနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

    “ ပြည်တွင်း စျေးကွက်မှာက အခုတလော အရောင်းအဝယ်တွေ မရှိကြတော့ဘူး၊ ဝယ်တဲ့သူရှိရင် တောင် ရောင်းတဲ့သူမရှိဘူး၊ အဲ့လိုဘဲ ရောင်းတဲ့သူရှိတောင် ဝယ်တဲ့သူလိုချင်တဲ့ အရည်အသွေးမျိုး မပေးနိုင်တဲ့ အခြေအနေတွေရှိနေတယ်၊ ကြိုက်ရောင်းကြိုက်ဝယ် တော့ရှိကြပါတယ်။ ” ဟု ရှမ်းပြည်နယ်မှ ကော်ဖီစိုက်တောင်သူ တစ်ဦးက ပြောသည်။

    ပြည်တွင်း စျေးကွက်၌ Arabica ကော်ဖီ 1kg လျှင် ၁၆၀၀၀ မှ ၁၉၀၀၀ အထိ ရှိပြီး export တန်းအနေဖြင့် အရည်အသွေးပေါ် မှု တည်ပြီး 1kg လျှင် ၂၀၀၀၀ ကျော် အထိရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် နှစ်များဖြင့် ယှဉ်ပါက ၅၀ရာခိုင်နှုန်းခန့် အရောင်းအဝယ် အေးလျက်ရှိကြောင်းလည်း ကော်ဖီစိုက်တောင်သူများက ဆိုသည်။

    လက်ရှိ အခြေအနေများကြောင့် အချို့ ဒေသများတွင် အရောင်းအဝယ် မရှိသလောက် နည်းပါးကာ သိုလှောင် ထားသည့် ကော်ဖီများကို ရသည့်စျေးဖြင့် ရောင်းချနေရပြီး ပုံမှန်ထပ် လျော့ချ ရောင်းနေရမှုများလည်း ရှိနေကြောင်းသတင်းရရှိသည်။

    ထို့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများ ၊ငွေကြေးဈေးကွက် အခြေအနေများကြောင့် ပြည်ပသို့ အနည်းငယ်သာ တင်ပို့ နိုင်ကြောင်း သိရပြီး အချို့လုပ်ငန်းရှင်များမှာ တင်ပို့ မှုရပ်နားထားရကြောင်းလည်း သိရသည်။

    “ ပြည်ပတင်ပို့မှုက ရှိတော့ရှိတယ်။ အများကြီးတော့ မသွားနိုင်ကြတော့ဘူး။ အရင်တုန်းက စာချုပ်ရှိပြီးသား သူတွေကတော့ တင်ပို့မူတော့ ရှိကြပါတယ် ။” ဟု ကော်ဖီ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    နိုင်ငံခြားသို့ တင်ပို့ ရာတွင် ကွန်တိန်နာ ရရှိမှုနှင့် သင်္ဘောရရှိမှု အခက်အခဲများရှိ နေပြီးကုန်ကျစရိတ်များ အရင်ကထက် မြင့်တက်လာခြင်းကြောင့် တင်ပို့ရန် ခက်ခဲလာခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိ မြန်မာ့ ကော်ဖီအား မေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံများကို အဓိက တင်ပို့ရောင်းချလျက်ရှိပြီး ဂျပန်၊ တောင်ကိုရီးယားနှင့် ကနေဒါ၊ ထိုင်း စသည့် အိမ်နီးချင်း နိုင်ငံများအား တင်ပို့ရောင်းချလျက် ရှိ ကြောင်းလည်း သိရသည်။

    မြန်မာ့ကော်ဖီကို ရွာငံ၊ ဟိုပုံး၊ နောင်ချို ၊ ပြင်ဦးလွင်၊ မိုးကုတ်မြို့၊ ကရင်ပြည်နယ် တို့တွင် အဓိက စိုက်ပျိုးလျက်ရှိပြီး တစ်နှစ်လျှင် ပြည်တွင်း၌ ကော်ဖီစေ့တန်ချိန် ၄ထောင်မှ ၆ထောင် အထိ ထွက်ရှိ ကြောင်းသိရသည်။

    ယခုနှစ်တွင် ပြည်တွင်း၌ ကော်ဖီ အထွက်နှုန်း ပုံမှန်ထက် ကျဆင်းနေကြောင်း ကော်ဖီစိုက်တောင်သူများထံမှ သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    -------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes2comments0
views1637