“နှမ်း”တွင် ကျရောက်တတ်သောရောဂါများနှင့်ကာကွယ်နှိမ်နည်းနည်းများ
- (၁) နှမ်းရိုးမည်း/ အမြစ်ပုပ်/ မီးသွေးပုပ်ရောဂါ (Black stem/Root rot/ Charcoal rot) - ရောဂါဖြစ်စေသောသက်ရှိ - Rhizoctonia bataticola - ရောဂါလက္ခဏာ - အပင်၏အောက်ရွက်များဝါလာသည်ကိုစတင်တွေ့ရှိရမည်။ နောက်ပိုင်းတွင် အရွက် များ ငိုက်ကျ၍ အရွက်ကြွေခြင်းများလည်းဖြစ်နိုင်သည်။ ပင်စည်၏ပင်ခြေပိုင်းတွင်အညို/ အမည်း ရောင် အနာကွက်ဖြစ်သည်။ ရောဂါပြင်းထန်လျှင် အနာကွက် တစ်သျှူး သားများ ညိုမဲ ပြီး အနာချိုင့်ဖြစ်လာသည်။ ၎င်းအမည်းရောင်ရောဂါကွက်များသည် ပင်စည်အပေါ်ပိုင်းအထိပါ ကူးစက် လာသည်။ ရောဂါရပင်စည်၏အခေါက်များဖွာလန်လာသည်။ ရောဂါရတစ်သျှူးများ ပေါ်တွင် အမည်းရောင် အဖုလေးများ ဖြစ်ပေါ်သည်။ နှမ်းပင်ခြေရင်းပိုင်းလုံးဝမည်းနက်ပြီး ပင်ပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာ ညှိုးစပြု လာသည်။ ရောဂါရနှမ်းရိုးကို ထက်ခြမ်း ခွဲကြည့်ပါက မှိုမျှင် စုများ နှင့် အမည်းရောင် မှိုစပိုး (စကလိုးရှား) လေးများအား တွေ့နိုင်သည်။ - ကျရောက်တတ်သောအချိန် - နေ့အပူချိန်မြင့်မားပြီး၊ ခြောက်သွေ့သောရာသီဥတု ရှည်ကြာပြီး မိုးသည်းထန်စွာ ရွာသွန်း - ပါက ရောဂါ ကျရောက်နိုင်ပါသည်။ - အသုံးပြုနိုင်သော မှိုသတ်ဆေးများ - ရောဂါစတင်တွေ့ရှိပါကအောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့်ပက်ဖျန်းအသုံးပြုပါ။ အပင်နှင့် - အပင် ခြေရင်းသို့ရွဲ့ရွဲ့ဖျန်းပါ။ - Thiophanate-methyl ( သိုင်အိုဖါနိတ်မီသိုင်း) - Tebuconazole (တက်ဗျူကိုနာဇိုး) - Propiconazole (ပရိုပီကိုနာဇိုး) - Validamycin (ဗယ်လီဒါမိုင်စင်) - Captan (ကက်ပ်တန်) - Hymexazol (ဟိုင်မက်ဇာဗိုလ်) - (၂) ဖိုက်သော်သရာပင်နာကျရောဂါ (Phytophthora blight) - ရောဂါဖြစ်စေသောသက်ရှိ - Phytophthora parasitica var. sesame - ရောဂါလက္ခဏာ - အရွက်နှင့် ပင်စည်ပေါ်တွင် ရေစိုနာ၊ အညိုရောင်ကွက်ပြောက်ကလေးများ စတင် ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် အရွယ်အစားကြီးမားလာကာ အညိုရင့်ရောင်၊ အနက်ရောင် အကွက် များဖြစ်လာပြီးသည်။ အပင်များဝါခြင်း၊ အပင်ခြောက်ပြီး သေခြင်းများ တွေ့ရသည်။ အသီးများတွင်လည်းရောဂါကျရောက်မှုရှိသည်။ စိုစွတ်သောရာသီဥတုတွင် ရောဂါကျနေ သောအသီးပေါ်တွင် အဖြူရောင်မှိုမျှင်စုကိုတွေ့ရသည်။ ပြင်းထန်စွာတိုက်ခိုက်ခံ ရပါက အစေ့ များသည်တွန့်ရှုံ့နေသည်။ ပင်စည်ပေါ်တွင်ရောဂါကျရောက်ပါက အရွက်များညှိုးနေပြီး၊ပင်စည် လည်းမည်း၍ခြောက် နေသည်ကိုတွေ့ နိုင်သည်။ - ကျရောက်တတ်သောအချိန် - မိုးဆက်တိုက်ရွာသွန်းမှုများပြီးမြေတွင်းအစိုဓါတ်မြင့်မားခြင်း၊ အပူချိန်နိမ့်ခြင်းနှင့် - စိုထိုင်းစမြင့်များ သောအခြေအနေတွင် ရောဂါကျရောက်နိုင်ပါသည်။ - အသုံးပြုနိုင်သောမှိုသတ်ဆေးများ - ရောဂါကွက်စတင်တွေ့ရှိပါက အောက်ပါမှိုသတ်ဆေးများအသုံးပြု ပက်ဖျန်းပါ။ - Azoxystrobin (အဇိုဆီစထရိုဘင်) - Cymoxanil (ဆိုင်မောက်စနေးလ်) - Metalaxyl (မီတယ်လဆီ) - Dimethomorph (ဒိုင်မီသိုမော့ပ်) - Mancozeb (မန်ကိုဇက်) - (၃) အော်တာနေးရီးယားရွက်ခြောက်ရောဂါ (Alternaria blight) ရောဂါဖြစ်စေသောသက်ရှိ - Alternaria sesami - ရောဂါလက္ခဏာ - အရွက်ပေါ်တွင် သေးငယ်သော၊ ဗဟိုတူစက်ဝိုင်းရစ်များပါသည့် လုံးဝိုင်းပုံ (သို့) ပုံသဏ္ဍာန် မမှန်သော အညိုရင့်ရောင်ရေစိုနာဒါဏ်ရာ ကွက်များဖြစ်ပေါ်သည်။ ရာသီဥတု အခြေအနေပေး၍ ရောဂါ ပြင်းထန်ပါက ရောဂါကွက်သည် ကြီးမားလာသည်။ အပင်၏ အစိတ်အပိုင်းအားလုံး၊ အရွယ် အားလုံးတွင်ကျရောက်တတ်သည်။ အရွက်ကြွေခြင်း၊ပြင်းထန်ပါက အပင်သေခြင်းများ ဖြစ် တတ်သည်။ - ကျရောက်တတ်သောအချိန် - လေထုစိုထိုင်းစ မြင့်မား၍ အပူချိန်နိမ့်သောအခြေအနေတွင် ရောဂါကျရောက်နိုင်ပါသည်။ - အသုံးပြုနိုင်သောမှိုသတ်ဆေးများ - ရောဂါစတင်ကျရောက်ပါက အောက်ဖေါ်ပြပါ မှိုသတ်ဆေး တစ်မျိုးမျိုး အသုံးပြုပက်ဖျန်းပါ။ - Mancozeb (မန်ကိုဇက်) - Iprodione (အိုင်ပရိုဒီရုန်း) - Trifloxystrobin (ထရိုင်ဖလောက်ဆီစထရိုဘင်) - Chlorothalonil (ကလိုရိုသာလိုနေး) - Thiophanate methyl (သိုင်အိုဖါနိတ်မီသိုင်း) - (၄) ဖားဥမှိုရောဂါ (Powdery mildew) - ရောဂါဖြစ်စေသောသက်ရှိ - Erysiphe cichoracearum - ရောဂါလက္ခဏာ - အရွက်ပေါ်တွင်အဖြူရောင်အကွက်များစတင်ဖြစ်ပေါ်သည်။ - နောက်ပိုင်းတွင်အရွက်မျက်နှာ ပြင်တစ်ခုလုံးပေါ်၌ ပေါင်ဒါမှုန့်များ ပက်ဖြူးထားသကဲ့သို့ဖြူဖွေးနေသည်။ ရောဂါပြင်းထန်ပါက အရွက်တစ်ခုလုံးခြောက်၍ တွန့်သွားသည်။ အရွက်၊ ပင်စည်၊ ပန်းပွင့်နှင့် အသီးများအားလုံးပေါ်တွင် ကျရောက်သည်။ - ကျရောက်တတ်သောအချိန် - ခြောက်သွေ့စိုစွတ်သောရာသီဥတုတွင် ညအပူချိန်နိမ့်သော အခြေအနေတွင် ရောဂါကျရောက်နိုင်ပါသည်။ - အသုံးပြုနိုင်သောမှိုသတ်ဆေးများ - ရောဂါစတင်တွေ့ရှိပါက Sulfur (ဆာလ်ဖါ)၊ Hexaconazole (ဟက်ဇာကိုနာဇိုး)၊ Methyl (ကရီဆိုဇင်မ်-မီသိုင်း)၊ Chlorothalonil. (ကလိုရိုသာလိုနေးလ်)၊ Tebuconazole (တက်ဗျူကိုနာဇိုး)၊ Difenoconazole (ဒီဖီနိုကိုနာဇိုး)၊ Myclobutanil(မိုက်ကလိုဗျူသာနေးလ်) စသောမှိုသတ်ဆေး များဖြင့် ထိရောက်စွာ ကာကွယ် နှိမ်နင်း နိုင်ပါ သည်။ - (၅) နှမ်းဖိုရောဂါ (Sesamum Phyllody) - ရောဂါဖြစ်စေသောသက်ရှိ - Phloem-Limiting Phytoplasmas - ရောဂါလက္ခဏာ - အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာထွက်ခြင်း၊အပွင့်အင်္ဂါအစိတ်အပိုင်းများအစိမ်းရောင်ဖြစ်ခြင်းတို့ဖြစ်ပေါ်သည်။ - ကျရောက်တတ်သောအချိန် - နှမ်းပင်ငယ်စဉ်တွင် ရောဂါကူးစက်ပျံ့နှံ့စေသောဖြုတ်ပိုး (Leafhopper) ကြောင့် ရောဂါကူးစက်စေ သဖြင့် အပင်ငယ်စဉ်တွင် ပင်လုံးပြန့်ပိုး သတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းပါ။ - Source: PPD 
 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
