cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကန် ရေအရည်သွေး တိုင်းတာခြင်းနဲ့ဆိုင်တဲ့ pH၊ GH နဲ့ KH တို့အကြောင်း

. Fish Articles
ငါးကန်တစ်ကန်ရဲ့ ရေချဉ်ဖန် နှုန်းဟာ တစ်နေတာအတွင်းမှာကို မတူညီနိုင်ပါဘူး။ ဒါကြောင့် တစ်နေ့တာအတွင်း ရေချဉ်ဖန်နှုန်း ရုတ်တရက် မပြောင်းလဲဖို့ ထိန်းသိမ်းရန်လိုပါတယ်။
  • pH 

    pH ဆိုတာကတော့ ကန်ရေရဲ့ ရေချဉ်ဖန်နှုန်းဖြစ်ပါတယ်။ ရေချဉ်ဖန်နှုန်း ၇ အောက် ရောက်ရှိပါက ရေချဉ်နေတယ်လို့ ပြောလို့ရပြီး ယင်းထက်မြင့်နေရင်တော့ ရေငန်နေတယ်လို့ ဆိုရမှာပါ။ ရေချိုငါး အများစုကတော့ ရေချဉ်ဖန်နှုန်း ၆.၅ မှ ၈ အတွင်းမှာ ရှင်သန်ရတာပိုကြိုက်ပါတယ်။ ငါးကန်တစ်ကန်ရဲ့ ရေချဉ်ဖန် နှုန်းဟာ တစ်နေတာအတွင်းမှာကို မတူညီနိုင်ပါဘူး။ ဒါကြောင့် တစ်နေ့တာအတွင်း ရေချဉ်ဖန်နှုန်း ရုတ်တရက် မပြောင်းလဲဖို့ ထိန်းသိမ်းရန်လိုပါတယ်။  

    KH 

    KH ဆိုတာ ကန်ရေရဲ့ ရေချဉ်ဖန်နှုန်း ရုတ်တရက်မပြောင်းလဲအောင် ဆောင်ရွက်ပေးတဲ့ ကာဗွန်နိတ်နဲ့ ဘိုင်ကာဗွန်နိတ်ဓါတ်ပေါင်း ပျော်ဝင်မှုကို တိုင်းတာပေးခြင်းဖြစ်ပါတယ်။ KHနဲ့pH ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ KH နိမ့်ရင် ရေချဉ်ဖန်နှုန်းအတက်အကျဖြစ်တာမြန်ပါတယ်။ ဒါပေမယ့် ဒါကို ပြုပြင်ရ လွယ်ပါတယ်။ သို့သော် KH မြင့်လာရင်တော့ ရေချဉ်ဖန်နှုန်းကို ပြောင်းဖို့ခက်ခဲသွားပါလိမ့်မယ်။ အမှိုက်ပုံး တစ်ခုလိုပေါ့ဗျာ။ ကန်ထဲမှာ KH အရမ်းများ လာရင်တော့ ကန်ထဲမှာ အမှိုက်တွေများပြီး စုပုံလာပါလိမ့်မယ်။ 

    ရေချို ငါးပုဇွန်မွေးမြူရေး လုပ်ငန်းတွေမှာဆိုရင်တော့ အကောင်းဆုံး KH ပမာဏဟာ အနိမ့်ဆုံး 4 dKH ကနေ 8 dKH အထိ ဖြစ်ပါတယ်။  

     GH 

    GH ဆိုတာကတော့ ကန်ရေထဲမှာ ကယ်စီယမ်နဲ့ မဂ္ဂနစီယမ်ဓါတ် ပျော်ဝင်နှုန်းကို တိုင်းတာခြင်း ဖြစ်ပါ တယ်။ ငါးတွေရဲ့ ကြွက်သားကျန်းမာဖို့၊ အရိုးဖွံ့ဖြိုးဖို့၊ ပုဇွန်အရေခွံလဲခြင်းကို အထောက်အကူပြုဖို့၊ အခွံတွေ မာကျောဖို့ဆိုရင် ရေထဲမှာ ဆားနဲ့ သတ္ထုဓါတ်တွေပျော်ဝင်နှုန်းဟာ အလွန်ကို အရေးကြီးပါတယ်။ ဒါကြောင့် ရေချိုငါးပုဇွန်မွေးမြူရေးမှာ GH ပမာဏဟာ အနိမ့်ဆုံး ၄ မှ အမြင့်ဆုံး ၈ အထိဖြစ်ပါတယ်။  

    ကန်တွေမှာ GH နည်းလာရင်တော့ ကန်ထဲမှာရှိတဲ့ ငါးတွေဟာ အစာစားနှုန်းကျလာမယ်၊ ကြီးထွား နှုန်းနှေးလာမယ်။ အရောင်ဖျော့လာပါမယ်။ ပုဇွန်တွေမှာဆိုရင် အရေခွံလဲတာ အခက်ခဲဖြစ်လာမယ်။ အခွံမာ အကောင်တွေဆိုရင် အခွံတွေပါးလာမယ်။ ဒါကြောင့် GH နဲ့ ပတ်သက်လို့ အထူးအသိပေးလို့တာက ကန်ရေ ထဲမှာ GH အရမ်းနိမ့်လို့မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ကြီးထွားနှုန်းကို ထိခိုက်စေပြီး အရမ်းဆိုးလာရင် သေတဲ့ အထိဖြစ်တက်ပါကြောင်း ရေးသားလိုက်ရပါတယ် ခင်ဗျာ။ 

     pH၊ KH၊ GH တစ်ခုနဲ့ တစ်ခုဆက်စပ်ခြင်း 

    pH၊ KH၊ GH တွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပါတယ်။ ဥပမာ ကျွန်တော်တို့က ကန်ထဲကို ထုံးထည့်လိုက်တယ်ဆိုပါစို့။ ထုံးမှာ ကယ်စီယမ်ရယ်၊ ကာဗွန်ိနတ်ရယ်ပါနေတယ်။ ဒါကြောင့် နှစ်ခုလုံးပါတဲ့ အတွက် KH နဲ့ GH ကို တပြိုင်နက် မြင့်စေတယ်။ တကယ်လို့ ကျွန်တော်တို့က GH ဘဲမြင့်ချင်တယ်။ KH ကို မမြင့်စေလိုတဲ့ အခါမျိုးတွေ ကြုံလာရင် ဘယ်လိုလုပ်မလဲ။ အဲလိုအခါမျိုးမှာ ကယ်စီယမ်တစ်မျိုးတည်းကို မြင့်စေတဲ့ ဆားအရောအနှောတစ်မျိုးကို သီးသန့်ရှာဖွေထည့်ပေးရပါမယ်ဆိုတဲ့အကြောင်း အသိပေးလို ပါတယ် ခင်ဗျာ။  

    pH၊ KH၊ GH တွေကို လိုသလို ဘယ်လိုပြောင်းမလဲ? 

    pH၊ KH၊ GH မြင့်နေလို့ နိမ့်ချင်ရင် လွယ်ပါတယ်။ လွယ်ကူရိုးရင်းတာကတော့ ရေလှယ်ပေးလို့ရ တယ်။ အခြားနည်းတွေသုံးလို့လည်းရပါတယ်။ ဥပမာ ကန်ရေစစ်နဲ့စစ်ထားတဲ့ ရေသန့်ထည့်လို့လည်းရ ပါတယ်။ တကယ်လို့ နိမ့်ရာကနေ မြင့်ချင်ရင်တော့ သန္တာကျောက်ခဲ သေးသေးလေးတွကို အိတ်ထဲထည့်ပြီး အဲ့အိတ်ကို ရေထဲထည့်ပေးနိုင်ပါတယ်။ ရေ ၁၀ ဂါလံမှာ သန္တာကျောက် ၁ ပေါင်ထည့်လို့ရပါကြောင်း ဖော်ပြ ပေးလိုက်ရပါတယ် ခင်ဗျာ။  

    Source: https://www.aquariumcoop.com/blogs/aquarium/ph-gh-kh 

    Photo: ငါးမြန်မာစီမံကိန်း


  • article
likes10comments0
views2463