cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

YAGI အမည်ရ မုန်တိုင်းအရှိန်ကြောင့်

. Weather News
၂၀၂၄ စက်တင်ဘာလ ၂ရက်နေ့မှ ၃ရက်နေ့အထိ ဖီလစ်ပိုင်နိုင်ငံရဲ့အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသတွေကို ဝင်ရောက်တိုက်ခတ်ပြီး ၄ရက်နေ့မှာတော့ တောင်တရုတ်ပင်လယ်ပြင်အတွင်းကို ချဥ်းနင်းဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ အဖျက်စွမ်းပြင်းတဲ့ မုန်တိုင်းအဆင့်အထိရောက်ရှိလာနိုင်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွေကို ဦးတည်ခြိမ်းခြောက်သွားမည်ဖြစ်ပါတယ်။
  • 02/09/2024

    ၂၄နာရီအတွင်း

    ရန်ကုန်တိုင်း ဧရာဝတီတိုင်း

    ပဲခူးတိုင်းအနောက်ပိုင်း နေပြည်တော် မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း

    ဒေသတွေမှာမိုးရွာနိုင်းပြီး

    မကွေးတိုင်း နှင့် တနင်္သာရီတိုင်းဒေသကြီးတွေမှာ နေရာကွက်မိုးကြီးနိုင်ပါတယ်

    ISSUED TIME

    02/09/2024 00:49am(MMT)

    တနင်္သာရီတိုင်းဒေသကြီး

    ၂၄နာရီမှ ၄၈နာရီအတွင်း

    ကော့သောင်းခရိုင် မြိတ်ခရိုင်ဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်

    ISSUED TIME

    02/09/2024 2:05am(MMT)

    Tropical Storm YAGI

    ဖီလစ်ပိုင်နိုင်ငံရဲ့ အရှေ့ဖက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေသော 92w လေဖိအားနည်းလေဝဲသည် မုန်တိုင်းအဆင့်ဖြစ်သွားခဲ့ပါပြီ။ YAGI လို့အမည်ရပါတယ်။ ၂၀၂၄ စက်တင်ဘာလ ၂ရက်နေ့မှ ၃ရက်နေ့အထိ ဖီလစ်ပိုင်နိုင်ငံရဲ့အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသတွေကိုဝင်ရောက်တိုက်ခတ်ပြီး

    ၄ရက်နေ့မှာတော့ တောင်တရုတ်ပင်လယ်ပြင်အတွင်းကို ချဥ်းနင်းဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ အဖျက်စွမ်းပြင်းတဲ့ မုန်တိုင်းအဆင့်အထိရောက်ရှိလာနိုင်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွေကို ဦးတည်ခြိမ်းခြောက်သွားမည်ဖြစ်ပါတယ်။

    မြန်မာနိုင်ငံ မုန်တိုင်းအန္တရာယ်မရှိသော်လည်းပဲ အဆိုပါဖြစ်စဥ်ကြောင့် UAC Cloudy တွေသည် မြန်မာနိုင်ငံအပေါ်ကို သေချာပေါက်ရောက်ရှိလာမှာဖြစ်ပြီး ၈ရက်နေ့မှ ၁၀ရက်နေ့အထိ မိုးတွေရွာနိုင်တာဖြစ်လို့ ပိုမိုတိကျသေချာစေရန်အတွက် weather data အချက်အလက်မှာကို ဝယ်ယူစိစစ်တွက်ပြီး ဒေသအလိုက် အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါ ရာသီဥတုကိုတည်မှိလုပ်ကိုင်နေကြသူများအားလုံး မိုးကြောင့်ဖြစ်နိုင်တဲ့ပျက်စီးမှုမဖြစ်အောင်ကြိုတင်ဆောင်ရွက်ထားကြဖို့အကြံပြုလိုက်ပါတယ်

    ISSUED TIME

    02/09/2024 4:21am(MMT)

    Su Su San မင်းကွတ်သီး

    𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩

    𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧

    &

    𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

    ----

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes14comments3
views2304