cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စက်တင်ဘာ ၂ ရက်နေ့မှ ၈ရက်နေ့အထိ မိုးလေဝသခန့်မှန်းချက်နှင့် သီးနှံအကြံပြုချက်

. Weather News
အခုတစ်ပါတ်မှာတော့ စုပ်စားပိုးများကို ဂရုစိုက်ပေးဖို့အကြံပြုလိုပါတယ်။ လှေး၊ပျ၊ယင်ဖြူ စုပ်စားပိုးများစစ်ဆေးပေးပါ။
  • ဟဲဟိုးနှင့်ညောင်ရွှေမြို့နယ်မှ စိုက်ပျိုးထုတ်လုပ်သူများအတွက်

    တနင်္လာနေ့-မိုးရွာရန်ရာခိုင်နှုန်း ၅၅

    အင်္ဂါနေ့ - ၆၅ ရာခိုင်နှုန်း

    ဗုဒ္ဓဟူးနေ့-၇၈ ရာခိုင်နှုန်း

    ကြာသပတေး-၇၈ ရာခိုင်နှုန်း

    သောကြာ-၉၀ ရာခိုင်နှုန်း

    စနေနေ့-၆၅ ရာခိုင်နှုန်း

    တနင်္ဂနွေ-၄၂ရာခိုင်နှုန်း

    အာလူး

    အာလူးနှောင်းပင်နာကျ(လောင်မဲ) ရောဂါ ကျရောက်လျက်ရှိပါတယ်။လောင်မဲရောဂါဟာ ရာသီဥတုစွတ်စိုခြင်း၊ ဆက်တိုက်မိုးရွာခြင်း ဖြစ်ပေါ်ပါက ရောဂါကူးစက်မှု မြန်ဆန်တတ်ပါတယ်။ယင်းအခြေအနေတွင် မှိုသတ်ဆေးကို ဂရုတစိုက်ဖြန်းပေးရပါမယ်။ ကြိုတင်ကာကွယ်ဖို့ မန်ကိုမဂ်၊မက်တယ်လဇီ မှိုသတ်ဆေးများသုံးပါ။ ကုသဖို့ ဆိုင်မောက်ဇနေး၊ဒိုင်မီသိုမော့၊ပရိုပါမိုကပ် မှိုသတ်ဆေး အဆိပ်များ အလှည့်ကျပက်ဖျန်းပါ။

    ခရမ်းချဉ်

    အခုတစ်ပါတ်မှာတော့ စုပ်စားပိုးများကို ဂရုစိုက်ပေးဖို့အကြံပြုလိုပါတယ်။ လှေး၊ပျ၊ယင်ဖြူ စုပ်စားပိုးများစစ်ဆေးပေးပါ။ ဖုန်းမှန်ပေါ်ခါချကြည့်ပြီး စစ်ဆေးပေးနိုင်ပါတယ်။တွေ့ရှိပါက သိုင်ရာမီသိုဇမ်၊အဆီတာမီပရစ်၊ဖစ်ပရိုးနေး၊ပိုင်မီထရိုဇင်း ပိုးသတ်ဆေးအဆိပ်များ အလှည့်ကျပက်ဖျန်းပေးနေပါ။ ရွက်ထွင်းလည်း ကျတတ်တာကြောင့် ဆိုင်ရိုမက်ဇင်း ဆေးအဆိပ်ပက်ဖျန်းပေးပါ။

    ပြောင်း

    အဖူးမပုပ်အောင် ဂရုစိုက်စေချင်ပါတယ်။ ကွင်းအမြဲဆင်းစစ်ဆေးပေးပါ။ အဇိုဇီစထရိုဘင်+ဒိုင်ဖီနိုကိုနာဇိုး မှိုသတ်ဆေးအဆိပ်များ ကြိုတင်ပက်ဖျန်းကာကွယ်ထားပါ။

    စပါး

    စပါးခင်းကြည့်မကောင်းဘူးဆို ပထမဦးစွာ ပုလဲကျွေးခြင်းရပ်ထားပါအုံးခင်ဗျာ။ အရွက်ဖျားတွေ ဝါနေခြောက်နေလား၊အရွက်များလိပ်ပြီး ပိုးကောင်းတွေ့ရတာမျိုးရှိလားစစ်ဆေးပေးပါ။ အမြစ်မှာ ဖုနေလား ၊သံချေးရောင်ဖြစ်နေသလား၊ပင်စည်မှာ ပုပ်ပြီး အနာကွက်များတွေ့နေရလား စသည်ဖြင့်စစ်ဆေးပေးပါ။ အရွက်တွေမှာ နှမ်းစေ့လို အစက်အပြောက်လေးများ၊ လွန်သွားပုံ အစက်အပြောက်တွေ့နေရလား စစ်ဆေးရင်း ၊တွေ့ရှိတဲ့ လက္ခဏာကို ထွက်တိုးကို ဆက်သွယ်ပြီး ပိုးလား၊မှိုလား၊ဘက်တီးရီးယားခွဲခြမ်းစိတ်ဖြာရင်း စပါးခင်းများကို ကာကွယ်ကြပါစို့ခင်ဗျာ။

    --------

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes3comments0
views2128