cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

♥ မိုးစပါးတွင် ဓာတ်မြေဩဇာ ထည့်သွင်းခြင်းသည် ဆောင်းသီးနှံအတွက် မြေခံဖြစ်နိူင်သလား

. Plant Nutrition
တွေ့နေ၊ ကြားနေ ရသော ကိစ္စတစ်ခုဖြစ်ပြီး မေးမြန်းမှု အများဆုံး အကြောင်းအရာ ဖြစ်သည့် ဆောင်းသီးနှံအတွက် မြေခံကြိုထည့်တာ ဆိုတဲ့ ကိစ္စပါ။
  • ဒီကိစ္စက ဘယ်လိုပညာရှင်တွေ ပုဂ္ဂိုလ် တွေကများ မြောက်ပေးလိုက်တာလဲ မသိပါဘူး။

    လက်ရှိ အချိန်မှာ တွေ့မြင်၊ ကြား၊ သိ၊ နေရတာကတော့ စိုက်ရေးပျိုးရေး အကြောင်း သိပ်မသိသေးသော တက်ကြွနေသည့် စိုက်ပျိုးသူများ၊ သူများယောင်လို့ လိုက်ယောင်နေသည့် မသိနားမလည်သော စိုက်ပျိုးသူများ၊ မြေဩဇာ ရောင်းချသူ အချို့ဆီက ဆိုလျင် မှန်ပါလိမ့်မယ်။

    မြေဩဇာ ရောင်းချသူတို့သည်

    သူတို့ရောင်းအား ရရှိရေး၊ ဘဝရပ်တည်ရေးအတွက် လုပ်နေရတဲ့ အလုပ်တစ်ခုဖြစ်၍ နားလည်ပေး၍ ရသော်လည်း မသိနားမလည်သော စိုက်ပျိုးသူများကို အတွေးမှား အယူဆမှားများ မထည့်စေခြင်ပါဘူး၊ မရောက်စေခြင်ဘူး။

    ♥ မိုးစပါး စိုက်ချိန် ရဲ့ နောက်ဆုံးမြေဩဇာ ထည့်ချိန်မှာ ဆောင်းသီးနှံအတွက် မြေခံလည်းဖြစ်တယ်၊ မိုးစပါးအတွက်လည်း ကောင်းတယ်၊ ဆိုပြီး စျေးကြီးသော ကွန်ပေါင်းမြေဩဇာ များ ၀ယ်ယူ သုံးစွဲစေခြင်းပါ။

    သိရှိနေသူ အတွက်ကတော့ မလုပ်သင့်သော၊ မဖြစ်သင့်သော ကိစ္စရပ်တစ်ခုဖြစ်လို့ မြင်နေရတော့ ရေးမိလာပါတော့တယ်။

    စိုက်ပျိုးသစ်ပင်များ၊ သီးနှံများတွင် သင့်တော်သော မြေခံဓာတ်မြေဩဇာ ထည့်၍ စိုက်ပျိုးခြင်းသည် အရင်းအနှီး ထည့်နိူင်လျင်၊ လုပ်နိူင်လျင် ကောင်းမွန်သော လုပ်ရပ်ဖြစ်၍ လုပ်ကိုင်ဆောင်ရွက်သင့်သည့် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

    ♥ မိမိထံ မေးမြန်းထားသော စိုက်ပျိုးသူများအတွက် ဘယ်အချိန် မြေခံမြေဩဇာ ထည့်သင့်လဲ

    ဆိုတဲ့ မေးခွန်းကို ဖြေရလျင်တော့

    ♥ ♥ ♥

    မြေပြုပြင်ချိန်မှာ စိုက်ခင်းအတွက် သင့်တော်သည့် မြေဩဇာအား ထည့်သင့်ပါတယ်လို့ ဖြေပါရစေ။

    စိုက်ခင်းအတွက် သင့်တော်သော မြေဩဇာ ဆိုရာ၌ မိမိစိုက်ခင်း၏

    ❀ မြေအမျိုးအစား

    ❀ မြေဆီလွှာတွင် လက်ရှိ အဟာရဓာတ်ပါဝင်နေမှု

    ❀ လိုအပ်မည့် အဟာရ

    ❀ မြေဩဇာတွင် ပါဝင်သည့် အဟာရဓာတ်

    ❀ စိုက်ပျိုးမည့် သီးနှံ

    တို့အား အမှီပြုပြီး လေ့လာသုံးသပ်၍ ထည့်သွင်းရမည် ဖြစ်ပါတယ်။

    ♥ ဒါဆိုလျင်

    မြေဩဇာ ရောင်းချသူက နောက်စိုက်မည့် သီးနှံအတွက်ရော လက်ရှိစိုက်နေသော စပါးအတွက်ပါ ကောင်းပါတယ် ဆိုတဲ့၊ နောက်အချိုးများတဲ့ ကွန်ပေါင်းနှင့်

    ပါတ်လည်အချိုး(15R,16R,20R စသည်ဖြင့်) များကို ၀ယ်ယူ သုံးစွဲသင့်ပါသလား ဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ။

    ♥ စပါး အနှံထွက်ချိန်၊ ပန်းပွင့်ချိန် တို့မှာ အသုံးပြုသော ကွန်ပေါင်းမြေဩဇာ သည်

    ဆောင်းသီးနှံ အတွက် ဘယ်မျှလောက် အကျိုးရှိနိူင်မည်လဲ။

    ♥ ♥ ♥

    စဉ်းစားကြည့်ရအောင်

    ♥ မိုးစပါး၌ နောက်ဆုံးထည့်သွင်းသော မြေဩဇာမှာ ဆောင်းသီးနှံ စိုက်ပျိုးချိန်မှာ အာနိသင် ဘယ်လောက် ကျန်နိူင်ပါမည်လဲ။

    မိမိစပါးစိုက်ခင်းမှာ ဘယ်အချိန်မှာ မြေဩဇာ ထည့်သွင်းပါမည်လဲ။

    ~ လည်ဆစ်တည်ချိန် (Neck node- differentiation stage) လား၊

    ~ အနှံမထွက်မီ မျိုးပွားအင်္ဂါများ ဖြစ်ပေါ်တိုးတက်သည့်ကာလ (Reduction Division Stage) လား၊

    ~ အနှံလုံးဝထွက်ချိန်(Full Heading Time) လား။

    ဆိုတဲ့ လား ပေါင်းများစွာရဲ့ အဖြေကို မူတည်ပြီး တွက်ချက်ကြည့်လျင် ဆောင်းသီးနှံအတွက် ဓာတ်မြေဩဇာရဲ့ အာနိသင် ကျန်နိူင် ပါအုံးမလား။

    ♥ တစ်ခုချင်း တွက်ကြည့်ရအောင်

    ရိတ်သိမ်းပြီးချိန်၊ ဆောင်းသီးနှံ စိုက်သည့်အချိန်အထိ ဆိုလျင် ရက်ဘယ်လောက်ရှိမည်လဲ။(စပါးရိတ်သိမ်းပြီးချိန်နှင့် ဆောင်းသီးနှံထွန်ယက်ချိန်အား ၇ ရက် ခြားထားပါမည်)

    ❀ ၁။ လည်စစ်တည်ချိန်က စပြီးမြေဩဇာ ထည့်လျင် ၇၀- ၇၅ ရက်။

    ❀၂။ အနှံမထွက်မီ မျိုးပွားအင်္ဂါများ ဖြစ်ပေါ် တိုးတက်သည့်ကာလ (Reduction Division Stage)ထည့်လျင် ၅၂ - ၅၇ ရက်။

    ❀ ၃။ အနှံလုံးဝထွက်ချိန်(Full Heading Time) ကစပြီး မြေဩဇာ ထည့်လျင် ၃၇- ၄၂ ရက်။

    အသီးသီး ကြာမြင့်မည် ဖြစ်ရာ ဆောင်းသီးနှံအတွက် ကျန်ရှိပါအုံးမည်လား။

    ဒါဆိုလျင်

    ♥ မိမိတို့ ထည့်သွင်းထားသည့် ကွန်ပေါင်းမြေဩဇာ သည် အဘယ်မျှ အရည်အသွေး ကောင်း၍ ကာလ မည်မျှ ကြာရှည်စွာ အာန်ိသင် ရှိနိူင်ပါအုံးမည်လဲ(ပထမသီးနှံ စပါးက စားသုံး ထားပါသေးတယ်)

    စဉ်းစားရန် လိုအပ်ပါလိမ့်မည်။

    ပုံမှန်အားဖြင့် ကွန်ပေါင်းမြေဩဇာ ၏ မြေတွင်း၌ အာနိသင်ရှိနေနိူင်သည့် ကာလမှာ (၂၀)ရက်ခန့်သာ ရှိနေနိူင်သော်လည်း မြေဩဇာ ရောင်းချသူများက သူတို့မြေဩဇာက ဘယ်နိူင်ငံကထုတ်လို့၊ ဘာပါလို့ ဆိုပြီး တစ်လ(၃၀ ရက်) ခံပါတယ်ဆိုပြီး ပြောနေကြတော့ မိမိ အနေဖြင့် တစ်လ ထား၍ တွက်ပါမည်။

    ဒါပေမဲ့

    အထက်မှာ တွက်ထားတဲ့ အတိုင်းဆိုလျင် မိုးစပါးနှင့် ဆောင်းသီးနှံ ထယ်ရေးဝင်ချိန်အထိ အနည်းဆုံး ၃၇ ရက်၊ အလယ် ၅၂ ရက် အများဆုံး ၇၀ ရက်(လယ်သမား အများစုက အနှံလုံးဝ ထွက်ချိန် မြေဩဇာ သိပ်မသုံးကြပါဘူး) ဖြစ်နေတော့ ဆောင်းသီးနှံအတွက် မြေဩဇာ အာနိသင် အဘယ်မျှ ကျန်ရှိနိူင်ပါတော့မည်နည်း။

    ဒါဆိုလျင်

    ♥ ♥ ♥

    စိုက်ပျိုးသူများ စဉ်းစား ချင့်ချိန်နိူင်ပြီလို့ ယူဆပါတယ်။

    ♥ ဆောင်းသီးနှံစိုက်ရန် မြေပြုပြင်ချိန်တွင်

    ပုလဲမြေဩဇာ(၂၈)ပေါင်၊ တီစူပါ(၅၆)ပေါင်၊ ပိုတက် (၅၆)ပေါင် နှုန်း ထည့်သွင်း သုံးစွဲခြင်းပြု ခြင်း(သို့မဟုတ်)

    N: P: K အခြိုး 5း12း8,10း10း5,15း7း8,12း7း5,

    စတဲ့ ကွန်ပေါင်းမြေဩဇာ တစ်မျိုးမျိုး တစ်အိတ်ခန့် ထည့်သွင်း သုံးစွဲ သင့်ပါတယ်။

    ဒါမှမဟုတ် ဒီထက်ပိုကောင်း၊ ပိုစျေးကြီးပြီး သီးနှံအတွက်လိုအပ်သည့် အချိုးမြင့်သော ကွန်ပေါင်းမြေဩဇာ များကို သုံးစွဲလိုက သုံးစွဲနိူင်ပါတယ်။

    ♥ စိုက်ပျိုးသူများအနေဖြင့်

    မိုးစပါးစိုက်ပျိုးချိန် နောက်ပိုင်းတွင် ဆောင်းသီးနှံအတွက် ရည်စူးပြီး မြေဩဇာ ထည့်သွင်းခြင်းထက် ဆောင်းသီးနှံ မြေပြုပင်ချိန်ရောက်မှ အထက်တွင် ဖော်ပြခဲ့သော မြေဩဇာများအား သတ်မှတ်နှုန်းထားအတိုင်း ထည့်သွင်းခြင်း သို့မဟုတ် သုံးပုံနှစ်ပုံ၊ ထက်ဝက်၊ သုံးပုံတစ်ပုံ စသည်ဖြင့် ထည့်သွင်း၍ အသုံးပြုခြင်းက ဆောင်းသီးနှံအတွက် ပို၍ အကျိုးရှိမည် ထိရောက်မှု ရှိသည်ဟု ရှုမြင်မိပါတယ်။

    ဒါကတော့ မိမိရဲ့ ရှုမြင်သုံးသပ်မှုဖြစ်ခြင်းကြောင့် သဘောထားကွဲလွဲမှု များစွာ ရှိနေနိူင်ပါတယ်။

    ♥ မြေဩဇာ ရောင်းချသူများအတွက် ယခုစာစုသည် ဆားဖြစ်နိူင်သော်လည်း

    မသိနားမလည်သော စိုက်ပျိုးသူများ အတွက်မူ အကျိုးရှိမည်ဟု ယုံကြည်မိပါတယ်။

    ချမ်းမြေ့ပါစေ

    ဦးသက်လွင်(ထန်းညီနောင်ပျိုးဥယျာဉ်)

    မင်းလှမြို့

    ပဲခူးတိုင်းဒေသကြီး။

    ♥ ၂၄.၇.၂၀၂၁ နေ့တွင် ရေးသားခဲ့ပါသည်။

    ✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes12comments4
views1789