cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်ထဲက ပြည်သူ ၃၀၀ ကျော်လောက်မှာ အရေပြားရောဂါဖြစ်ပွား၊ ရောဂါကူးစက်မှုအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိ

. All News
မိဘဂရုစိုက်မှု အားနည်းတဲ့ ကလေးတွေဆို ပိုဆိုးတာပေါ့။
  • အရေပြားရောဂါ ဖြစ်ပွားနေသူတွေထဲမှာ ကလေးငယ် တွေပိုများပြီး လူကြီးတွေလည်း ရောဂါဖြစ်ပွားမှုရှိနေကြောင်း ၊အရေပြားရောဂါက ခန္ဓာကိုယ်ရဲ့နေရာအစုံမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။

    “ဖြစ်တဲ့ပုံစံကပထမ အရေပြားတွေ ယားယံတာ ဖြစ်တယ်။ ယား တာကို ကုပ်ခြစ်လိုက်တော့ သွေးစို့လာတယ်။ အဲဒီမှာသွေးနဲ့ ပါလာတဲ့ အရည် တွေက တခြားနေရာတွေ ကို ထိတွေ့တော့ အနာတွေက ပိုပွားလာတယ် ။ မိဘဂရုစိုက်မှု အားနည်းတဲ့ ကလေးတွေဆို ပိုဆိုးတာပေါ့။ ခန္ဓာကိုယ်မှာ ပိုအဖြစ်များတဲ့နေရာတွေက ခြေထောက် နဲ့ နေရောင်ခြည်ထိတွေ့မှုနည်းတဲ့ နေရာတွေ ပါ။” လို့သူကထပ်မံပြောပါတယ်။

    ဇွန်လအစောပိုင်းကတည်းက အရေပြားရောဂါဖြစ်ပွားနေတာ ဖြစ်ပြီး ဆေးဝါးမလုံလောက်မှုတွေကြောင့် ရောဂါကူးစက်သူပိုများလာကာ ၃၀၀ ကျော်အထိရှိလာတာ ဖြစ်တယ်လို့သိရပါတယ်။

    ဒါကြောင့် အရေပြားရောဂါ ဝေဒနာခံစားနေရတဲ့ ပြည်သူတွေအတွက် လိမ်းဆေးတွေ အဓိကလိုအပ်နေတယ်လို့သိရပါတယ်။

    ဆောင်းပါးအပြည့်အစုံလေ့လာရန် - https://myanhealth.org/news/10711/

    Crd to myanhealth

    ---

    သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes4comments0
views795