"ဗီဒီယိုကြည့်ပြီး ဖုန်းဘေကံစမ်းမယ် (၃,၄)” မှ ကံထူးသူများ 🤗🤗
ငါးမွေးတောင်ဦးကြီးများအတွက် ငါးမွေးမြူရာတွင် အဓိကလိုအပ်သော ရေရရှိမှုနှင့် ရေသံသရာလည်ခြင်းဖြစ်စဥ် ကို နားလည်သဘောပေါက်လွယ်ကူစေရန် အတွက် ၁ မိနစ် ဗီဒီယိုလေးကို ထွက်တိုးနှင့် မိတ်ဖက် အဖွဲ့များဖြစ်သော ဝေါဖစ် (ရှ်) (WorldFish)နှင့်အပြည်ပြည်ဆိုင်ရာ ရေစီမံခန့်ခွဲရေးဌာန (IWMI) တို့မှ ဖန်တီးပြုလုပ်ထားပါတယ်။
(၃) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ငါးကန်ရေ၏ အက်ဆစ်အခြေအနေ (သို့) အယ်ကာလီ (ထုံးဓါတ်) အခြေအနေကိုတိုင်းတာခြင်းဖြစ်သည်။ ကန် ရေတွင် အက်စစ် (သို့) ထုံးဓါတ်လွန်ကဲလျင် ငါးများဒဏ်သင့်ပြီး သေသည်အထိဖြစ်နိုင်သည်။ pH တန်ဘိုးမှာ အပူချိန် ၂၅ံ စင်တီဂရိတ် တွင် “၀ မှ ၁၄” ဖြစ်ပါသည် ။ pH ၇ သည် သဘာဝမျှခြေ ဖြစ် ပါ သည်။ pH ၇ အောက်နည်းလျင် အက် စစ် သ ဘာဝအခြေအနေဖြစ်ပြီး pH ၇ အထက် မြင့်မားလျင် အယ်ကာလီသဘာဝအခြေ အနေ ဖြစ်ပါသည်။
ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။
(၄) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ယေဘုယျအားဖြင့် ငါး များ ပုံမှန် သက်ရှင်ကြီးထွားရန် pH သည် ၆.၅ မှ ၉.၀ အတွင်းရှိနေရန် လိုအပ်ပါသည်။ ဤ သတ်မှတ်ချက်ဘောင်ကျော်လွန်ပါက ငါးများပုံမှန်ကြီးထွားရန် နှောင့်နှေးပါမည်။
ထို့ကြောင့် အဖြေမှန်မှာ (ခ) ၆.၅ မှ ၉.၀ ဖြစ်သည်။
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။